သင့်ရဲ့ iPhone passcode ကို Hacker လွယ်လွယ်ယူလို့ မရအောင်လို့ သိထားရမဲ့ အချက် 8 ချက်

0
2416

Zawgyi version






















Unicode version

Apple ကတော့ default passcode ကို တိုတာကို သဘောကျပါတယ်တဲ့။ ဘာလို့လဲဆိုတော့ user တွေလဲ မှတ်မိလွယ်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ 4 or 6 digit number code တွေကတော့ သိပ်ပြီး strong မဖြစ်လှပါဘူး။ ဒါကြောင့်မလို့ passcode ထားတော့မယ်ဆိုရင် stronger ဖြစ်အောင် သေချာစဉ်းစားပြီးတော့ ထားတာ အကောင်းဆုံးပါပဲ။

အဲ့ဒါက ဘာလို့ အရေးကြီးတာလဲ။
4 or 6 digit numerical passcode တွေက weak ဖြစ်ပါတယ်။
Hacker တစ်ယောက်အတွက် 6 digit number code ကို hack ဖို့ဆိုရင် ပျမ်းမျှအားဖြင့် 11.1 hours ကြာမြင့်ပါတယ်။ 4 digit ကတော့ 6.5 minutes ပဲကြာမြင့်ပါတယ်။
တစ်ကယ်လို့ မင်းရဲ့ ဖုန်းသာ အခိုးခံရမယ်ဆိုရင်တော့ မင်းဖုန်းထဲမှာရှိတဲ့ information တွေအားလုံးကို hacker တွေက ယူသွားမှာ ဖြစ်ပါတယ်။

Tip 1 4 or 6 digit တွေကို တတ်နိုင်သလောက် မသုံးပါနဲ့
နေ့စဉ်သုံးနေတဲ့ alphanumeric passcode တွေက သိပ်တော့ အဆင်မပြေလှပါဘူး။ အဲ့အစား numeric passcode တွေသုံးရင်တော့ ပိုပြီး ကောင်းမှာ သေချာပါတယ်။ ဘယ်ဟာက ပိုမှတ်မိပြီးတော့ စာရိုက်ရတာ ပိုပြီးမြန်တယ်လို့ ထင်ပါသလဲ။ မင်းရဲ့ passcode ကို အရှည်ကြီး လုပ်မယ်ဆိုရင်တော့ hacker တွေက လွယ်လွယ်ကူကူနဲ့ ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် မင်းရဲ့ passcode က 4 or 6 digit ဖြစ်နေတယ်ဆိုရင်တော့ 8 or 10 digit ထိပြောင်းကြည့်ပါ။ 8 digit passcode တွေကို ဖျက်ရန် 46 ရက်ပဲကြာပေမဲ့ 10 digit passcode တွေကတော့ ရက်ပေါင်း 4,629 ရက် ကြာမြင့်နိုင်ပါတယ်တဲ့။ အဲ့ဒါကြောင့် passcode ကို ရှည်ရှည်ထားချင်တယ် ဆိုရင်တော့ “Passcode” settings ထဲ ဝင်ပြီး change လိုက်ရင် အဆင်ပြေနိုင်ပါတယ်။

Tip 2 Common Number တွေ မသုံးပါနဲ့
မင်းရဲ့ passcode ကို 1234567890 or 0000000000 လုပ်ထားမယ်ဆိုရင်တော့ hacker တွေအနေနဲ့က မင်းရဲ့ ဖုန်းထဲကို လွယ်လွယ်နဲ့ ဝင်ရောက်နိုင်ပါလိမ့်မယ်။ အဲ့ဒါကြောင့် passcode ကို နဲနဲ ခက်တဲ့ ဂဏန်းလေးတွေ ထားကြည့်ပါ။
Tip 3 စကားလုံးတွေကို မှတ်မိလွယ်တဲ့ ဂဏန်းတွေအဖြစ်ပြောင်းကြည့်ပါ
မင်းက passcode တွေကို သူများတွေလွယ်လွယ်ခန့်မှန်းလို့မရအောင်လို့ ဂဏန်းအရှည်ကြီးတွေထားချင်တယ်ဆိုရင်တော့ အဲ့ဂဏန်းတွေကို စာလုံးတွေအဖြစ်ပြန်ပြောင်းလိုက်ပါ။ အဲ့ဒါဆိုရင်တော့ မှတ်ရတာ ပိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။ keypad ပေါ်မှာ 0 နဲ့ 1 ကလွဲလို့ စကားလုံးတိုင်းမှာ သူနဲ့ သက်ဆိုင်တဲ့ number တွေရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် ABC = 2, DEF =3, GHI =4, JKL=5,…. ဆိုတာမျိုးဖြစ်ပါတယ်။ အဲ့ဒါကြောင့် FOLDTOYSTREET ကိုပြောင်းလိုက်မယ်ဆိုရင် 365386978338 ဆိုပြီး ရလာမှာ ဖြစ်ပါတယ်။ အဲ့လိုဆိုရင်တော ဂဏန်းအရှည်ကြီးကို မှတ်စရာမလိုတော့ပါဘူး။ စာလုံးတွေကိုပဲ မှတ်ရတော့မှာဖြစ်တော့ ပိုပြီး မှတ်ရလွယ်သွားမှာ ဖြစ်ပါတယ်။

Tip 4 Alphanumeric Passcode တွေကို အသုံးပြုပါ
Alphanumeric Passcode ဆိုတာက စာလုံးတွေရယ် ဂဏန်းတွေရယ်
special characters တွေကို ပြောတာဖြစ်ပါတယ်။ အဲ့ဒါတွေကို passcode အဖြစ် ထားတယ်ဆိုရင်တော့ hacker တွေက လွယ်လွယ်နဲ့ ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။

Tip 5 Dictionary စကားလုံးတွေကို အသုံးမပြုပါနဲ့
တစ်ချို့လူတော်တော်များများက အဲ့စကားလုံးတွေကို အသုံးပြုကြပါတယ်။
ဘာလို့အသုံးမပြုခိုင်းတာလဲဆိုတော့ hacker တွေဆီမှာ passcode တွေကို ဖြည်လို့ရတဲ့ အံ့သြစရာကောင်းလောက်တဲ့ program တွေရှိနေပါတယ်။ အဲ့ program တွေက hacker တွေကို ကူညီပေးနေပါတယ်။ ဒါကြောင့် မင်းဟာ “computer”, “library”,”password”,…… လိုမျိုး dictionary စကားလုံးတွေကို အသုံးမပြုတာဟာ အကောင်းဆုံးပါပဲ။

Tip 6 ရှိသမျှ Characters အားလုံးကို အသုံးပြုပါ
မင်းရဲ့ iPhone ကို ကာကွယ်ဖို့ဆိုရင်တော့ passcode မှာရှိသမျှ Characters အားလုံးကို အသုံးပြုသင့်ပါတယ်။ မင်းရဲ့ passcode ထဲမှာ Uppercase, lowercase, numbers, and special characters တွေအားလုံးနီးပါး ပါအောင်လုပ်ပါ။

Tip 7 Passphrase တစ်ခု ဖန်တီးပါ
မင်းဟာ random စားလုံးတွေနဲ့ non-memorizable characters တွေကို အသုံးပြုမဲ့အစား Passphrase တစ်ခုကို ဖန်တီးကြည့်ပါ။ Passphrase ဆိုတာက မတူညီတဲ့ word တွေကိုစုပြီး code တစ်ခုဖန်တီးထားတာဖြစ်ပါတယ်။ ဥပမာ – outer, pomegranate, and zenith ဆိုတဲ့ စကားလုံးတွေကို “outerpomegrantezenith” ဆိုပြီး ပြောင်းထားတာဖြစ်ပါတယ်။

Tip 8 သင့်ရဲ့ Passcode ကို မကြာခနပြောင်းပေးပါ
ဘာလို့ပြောင်းခိုင်းတာလဲဆိုရင်တော့ မင်းဖုန်းရဲ့ passcode ကိုသိတဲ့သူတွေထံကလဲ ဒုက္ခမပေးနိုင်အောင်လို့ ဖြစ်ပါတယ်။ passcode ကိုမကြာခန ပြောင်းပေးတာဟာ မင်းဖုန်းကို ကာကွယ်ပြီးသားလဲ ဖြစ်ပါတယ်။

Leave a Reply