USမှာနေရာမရရင်တောင်မှ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူနေရာကို ယူသွားမယ့် Huawei

0
2330

Huawei P20 နဲ့ P20 Pro ဖုန်းတွေကို flash sale ရောင်းချမှု ပထမဆုံး၁၀စက္ကန့်အတွင်းမှာ ဒေါ်လာ၁၅သန်း ရခဲ့ပါတယ်။ Huawei ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ တရုတ်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီလိုဝင်ငွေတွေကို e-commerce platform ပေါ်ကနေ ရရှိခဲ့တာဖြစ်ပါတယ်။

huawei-p20-pro-hero-promo-3

Huaei ရဲ့ အစောပိုင်းရောင်းအားက ယူအက်စ်အစိုးရကို အနိုင်ရနိုင်လောက်ပါတယ်။ တချို့တွေက စပိုင်တွေနဲ့ပတ်သတ်မှာကြောက်လို့ မ၀ယ်ဖို့တွန်းအားပေးနေတာတွေလည်း ရှိပါတယ်။ Huawei ရဲ့ consumer business ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Richard Yu ကတော့ အခုလိုပြောပါတယ်။ သူတို့ဟာ ယူအက်စ်ကို လက်လျော့မှာမဟုတ်ပါဘူး။ သူတို့ဟာ ယူအက်စ်မှာ နေရာမရရင်တောင်မှ ဆမ်ဆောင်းကိုကျော်တက်ပြီးတော့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာကို ယူသွားမယ်လို့ ပြောထားပါတယ်။

huawei-p20-pro-hero-promo

ယူအက်စ်အစိုးရရဲ့ဖိအားတွေ၊ AT&T ၊ Verizon ၊ retailer Best Buy တွေက P20 နဲ့ P20 Pro တို့ကို မရောင်းပါဘူး။ ဒါကြောင့်လည်း ယူအက်စ်အလုပ်သမားတွေကို ဖြုတ်ချလိုက်ရပါတယ်။ ယူအက်စ်မှာသူ့ရဲ့ networking equipment တွေကိုလည်း ရောင်းခွင့်ပိတ်ခံထားရပါတယ်။

huawei-p20-pro-hero-promo-5

premium Huawei P20 Pro ကတော့ အနောက်ဘက်ပိုင်းမှာ ကင်မရာသုံးလုံးနဲ့ ထင်ရှားနေပါတယ်။ 3X optical zoom ၊ flashy iridescent color တို့က အခြားဖုန်းတွေမှာ မမြင်နိုင်တဲ့အရာတွေပါ။ တစ်ချိန်တည်းမှာပဲ Huawei P20 မှာ အနောက်ကင်မရာနှစ်လုံးနဲ့ “twilight” shade လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

huawei-p20-and-p20-pro-5190

Huawei P20 ကတော့ ဒေါ်လာ ၈၅၅ ဖြစ်ပါတယ်။ Huawei P20 Pro ကတော့ ဒေါ်လာ ၁၁၄၀ ဖြစ်ပါတယ်။

huawei-p20-and-p20-pro-5073

P20 ကို ဘယ်လောက်ရောင်းလိုက်ရသလဲဆိုတာတော့ မပြောထားသေးပါဘူး။ ဒါပေမယ့် အရင်တုန်းက စီအီးအိုပြောထားချက်အရ သန်း၂၀ရောင်းရဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာရဲ့ နံပါတ်သုံးအဆင့်မှာ ရှိနေပါတယ်။

Leave a Reply