Razer နဲ့ Xiaomi ကို ပြိုင်ဆိုင်မယ့် ZTE ရဲ့ ဂိမ်းစမတ်ဖုန်းအသစ်

0
3043

ZTE ရဲ့ Nubia လိုင်းကတော့ Red Magic gaming brand ကို ထွက်ရှိလိမ့်မယ်လို့ သတင်းထွက်နေခဲ့ပြီးသားပါ။ ဒီထုတ်ကုန်အသစ်လေးကတော့ Nubia ‘Red Devil’ Gaming ဖုန်းအဖြစ်နဲ့ ထွက်ရှိလာမှာပါ။ မှန်းထားတာကတော့ April 19 မှာ မြင်ရပါလိမ့်မယ်။ ဒီဖုန်းကတော့ Razer Phone ကို ယှဉ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မကြာသေးခင်က ကြေညာထားတဲ့ Xiaomi ရဲ့ Black Shark ကိုလည်း ပြိုင်ဆိုင်မှုတွေ လုပ်သွားနိုင်ပါတယ်။ ဒီနေ့ခေတ် ဈေးကွက်မှာရနိုင်တဲ့ console တွေလောက် ကောင်းကောင်းကစားနိုင်တဲ့ဖုန်းတွေကို ဈေးကွက်ကတောင်းဆိုမှုတွေ ရှိလာပါတယ်။ ဒါပေမယ့် ဂိမ်းဖုန်းတွေကတော့ အကန့်အသတ်ရှိနေဆဲဖြစ်ပါတယ်။ ဒီဖုန်းလေးမှာ ဘယ်လိုလုပ်ဆောင်ချက်တွေများ ထည့်သွင်းထားမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

Nubia ရဲ့ ပထမဆုံးဂိမ်းစမတ်ဖုန်းကတော့ Nubia Red Devil ဖြစ်ပါတယ်။ အဲဒီနာမည်လေးကိုကြားလိုက်တာနဲ့ အရမ်းမိုက်နေပါပြီ။ အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့်လည်း ခန့်မှန်းရသလောက်တော့ 8GB RAM နဲ့ Qualcomm မှ Snapdragon 845 processor ကို အသုံးပြုထားလောက်ပါတယ်။

အောက်မှာပြထားတဲ့ပုံလေးတွေကို ကြည့်လိုက်ပါဦး။ ပရီမီယမ်ဆန်တဲ့ဒီဇိုင်းတွေနဲ့ အနက်ရောင်ကိုယ်ထည်မှာ carbon nano-material ၊ three-dimensional wind tunnel section structure နဲ့ လေအေးခံစနစ်တွေကို ရှုစားကြည့်ပါဦး။

 

 

 

 

 

 

နောက်တစ်ခုက 18:9 aspect ratio display ၊ 120Hz refresh rate နဲ့ 128GB onboard storage (up to 256GB) တို့ ပါဝင်လာနိုင်ပါတယ်။ ဒီဖုန်းလေးကိုတော့ တရုတ်၊ အိန္ဒိယနဲ့ ဥရောပမှာ ဖြန့်ချိသွားနိုင်ပါတယ်။

Leave a Reply