Password တွေ၊ fingerprint တွေကို အစားထိုးမယ့် Windows Hello

0
2291

Password တွေက လက်တွေ့မှာ အသုံးမ၀င်တော့ဘူး။ အန္တရာယ်တောင် ရှိလာပြီလေ။ ဒါကြောင့်လည်း နည်းပညာ ကုမ္ပဏီတွေက two-factor authentication ၊ fingerprints ၊ faces နဲ့ security keys တွေကိုအသုံးပြုပြီးတော့ password တွေကို ကွယ်ပျောက်အောင် လုပ်နေကြတာပေါ့။ Fast Identity Online (FIDO) alliance နဲ့ပူးပေါင်းပြီးတော့ Microsoft က သူ့ရဲ့ Windows Hello security framework ကို အဆင့်မြှင့်တင်လိုက်ပါတယ်။ ratified FIDO2 security key ကိုလည်း အသုံးပြုထားပါတယ်။ ဒါကြောင့် နောင်အနာဂတ်ရဲ့ Windows ကွန်ပျူတာတွေမှာ removable USB key ပေါ်က fingerprint တစ်ချက်နဲ့ unlock လုပ်နိုင်တော့မယ်လို့ ဆိုလိုက်ခြင်းဖြစ်ပါတယ်။

hi-tech နဲ့ old-school security တို့ကိုပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ FIDO2 မှာ USB dongle ပုံစံ physical security key ကို အသုံးပြုထားပါတယ်။ ဒါကြောင့် အခြားသော့တွေနဲ့ တွဲထားလို့ရနိုင်တာပေါ့။ ဒါကြောင့် ပျောက်ဆုံးမှုတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

စိတ်ကူးလေးကတော့ ၀န်ထမ်းတွေအနေနဲ့ အလုပ်ခွင်ကိုရောက်တဲ့အချိန်မှာ အလုပ်ကွန်ပျူတာတွေကို သော့လေးနဲ့ဖွင့်လိုက်ဖို့ပါ။ ဒီလိုတည့်တန်းဖြစ်နေမယ်ဆိုရင်တော့ သော့ကိုင်ထားတဲ့သူတိုင်း ၀င်လို့ရနေတော့မှာပေါ့။ စစ်ဆေးတာမျိုးတွေမလုပ်တော့ဘူးလား။ သော့ကိုကာကွယ်ဖို့ လိုလာပါပြီ။ fingerprint နဲ့ ဒါမှမဟုတ် PIN လိုလာပြီပေါ့။ Windows 10 မှာ ရိုက်ထည့်ရတဲ့ PIN code လိုမျိုးပေါ့။

ဒါကလည်း တကယ်တော့ two-factor authentication system တစ်မျိုးပါပဲ။ ဒါပေမယ့် ဒီတစ်ခုကတော့ သင့်ရဲ့ဖုန်း၊ အီးမေးလ်စတာတွေကို မူတည်နေတာမဟုတ်ပါဘူး။ ဒီအရာလေးတွေက သူခိုးနဲ့ ဟက်ကာတွေကို မျက်စိကျစေနိုင်ပါတယ်။ USB key မရှိဘူးဆိုရင်တောင်မှ NFC smart card လိုမျိုးအသုံးပြုလို့ ရလာနိုင်လောက်ပါတယ်။ Windows Hello FIDO2 Security Key အကြောင်း လက်ရှိမှာ ကောင်းကောင်းမသိရသေးပါဘူး။ ဒါကြောင့် သုံးစွဲသူတွေထံ ရောက်လာဖို့က လိုဦးမယ်ထင်ပါတယ်။

Leave a Reply