Posted on Leave a comment

Consumer Reports က Galaxy S9 ကို အကောင်းဆုံး ဖုန်းအဖြစ် သတ်မှတ်

Samsung Galaxy S9 နဲ့ S9 Plus များမှာ ထူးခြားဆန်းသစ်တဲ့ကင်မရာများ ပါပြီး Galaxy S8 Series များထက် ပိုမို တိုးတက်လာပါတယ်။ အခုတော့ စားသုံးသူများအတွက် ကုန်ပစ္စည်းများရဲ့ အရည်အသွေးကို စောင့်ကြည့် စစ်ဆေးပေးနေတဲ့ Consumer Reports က Galaxy S9 ကို အကောင်းဆုံး ဖုန်းအဖြစ် သတ်မှတ်လိုက်ပါတယ်။

သူတို့က “ S9 Series များဟာ မာကျောကြံ့ခိုင်ပါတယ်။ အလုပ်လုပ်ရာမှာလည်း အလွန် မြန်ပါတယ်။ အသံအရည်အသွေးကလည်း ထိပ်တန်းပါပဲ။ ဖုန်းများစွာထဲမှာ သူတို့ကို အကောင်းဆုံး အဖြစ် ရွေးပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး စမတ်ဖုန်း အလုံး ၂၀ စာရင်းမှာ သူတို့ဟာ ပြိုင်ဖက်များထက် ခြောက်မှတ် အသာဖြင့် ဦးဆောင်နေပါတယ်။ “ လို့ သုံးသပ်ပါတယ်။

Consumer Reports က အမြင့်ကနေ  အကြိမ် ၁၀၀ ပစ်ချခဲ့ရာမှာ Galaxy S8 နဲ့ S8 Plus တို့ဟာ အကြိမ် ၅၀ အပြီးမှာ ဆိုးရွားစွာ ကွဲကြေသွားပြီး ဖုန်းဟာ သုံးလို့ မရတော့ပါဘူး။ S9 ကတော့ ခြစ်ရာလောက်သာ ထင်ပြီး S9 Plus ဟာ အကြိမ် ၅၀  အထိ ပျက်ဆီးမှု မရှိခဲ့ဘဲ အဲဒီနောက်ပိုင်းမှသာ ကွဲအက်သွားပါတယ်။

 

အားနည်းချက်ကတော့ ဘက်ထရီ သက်တမ်း ဖြစ်ပါတယ်။ စမ်းသပ်မှုမှာ S9 ဟာ ၂၂.၅ နာရီနဲ့ S8 ဟာ ၂၆ နာရီ အသုံးခံပါတယ်။ S9 Plus ကတော့ ၂၄ နာရီ ဖြစ်ပြီး S8 Plus ဟာ ၂၅.၅ နာရီ ဖြစ်ပါတယ်။ Consumer Reports က AR Emoji နဲ့ Super Slow-mo Video လို စွမ်းရည်များကိုလည်း အသားပေး ပြောထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.