ဒီရက်ပိုင်းမှာခေတ်စားနေတဲ့ Huawei P20 ရဲ့ Hybrid Zoom ဆိုတာ ဘယ်လိုမျိုးလဲ

0
2071

Flagship စမတ်ဖုန်းလို့ပြောလိုက်တာနဲ့ သေသပ်ခြင်း၊ တမူထူးခြားခြင်း၊ ကင်မရာစွမ်းဆောင်ရည်ကောင်းမွန်ခြင်းတွေနဲ့ ပြည့်စုံတယ်ဆိုတာ မြင်မိကြမှာပါ။ ကင်မရာစွမ်းဆောင်ရည်လို့ ပြောလိုက်ရင် Google ရဲ့ HDR+ ၊ LG ရဲ့ wide-angle shooting option ၊ super slow motion video capture စတာတွေလည်း မြင်ယောင်မိမှာကျိန်းသေပါပဲ။ Huawei ကတော့ သင့်ရဲ့စိတ်အာရုံကို Hybrid Zoom နည်းပညာနဲ့ ဖမ်းစားဖို့မျှော်လင့်ထားပါတယ်။ ဒီနည်းပညာကို P20 နဲ့ P20 Pro flagship တွေမှာ အသုံးပြုထားတာပါ။

Huawei ရဲ့ Hybrid Zoom နည်းပညာကတော့ အသစ်အဆန်းလို့ မဆိုနိုင်ပါဘူး။ Mate 9 ၊ P10 နဲ့ Mate 10 Pro တို့မှာလည်း ပါဝင်ခဲ့ပြီးသားပါ။ ဒီနည်းပညာကို ၂၀၁၆ခုနှစ်ထုတ် Kirin 960 processor နဲ့ တွဲဖက်ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း P20 Pro ကတော့ telephoto len ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ငါးဆလောက်တိုးတက်အောင် လုပ်ဆောင်ထားတဲ့ ပထမဆုံးသော Huawei စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

Optical vs Digital vs Hybrid Zoom

ကင်မရာတွေမှာမြင်ရလေ့ရှိတဲ့ classic zoom ကတော့ အမျိုးအစားနှစ်မျိုးရှိပါတယ်။ optical နဲ့ digital ဖြစ်ပါတယ်။ Optical ကတော့ mechanical glass lense တွေကို focal length ချိန်ဖို့အတွက် ရွှေ့ပေးပါတယ်။ ဒါကြောင့် မြင်ချင်တဲ့အရာကို ချဲ့ပေးနိုင်ပါတယ်။ ဒီနည်းလမ်းမှာတော့ image sensor ဟာ maximum resolution အထိဆွဲပြီးတော့ ရိုက်ကူးတာဖြစ်ပါတယ်။ ဒါပေမယ့် focal length မတူညီတဲ့ကင်မရာတွေကို zoom လုပ်တဲ့အချိန်မှာ ပြောင်းလဲပေးလိုက်ခြင်းအားဖြင့် သာမန် optical zoom တွေထက် ကန့်သတ်မှုတွေ ပိုများသွားပါတယ်။

Digital zoom ကတော့ ကင်မရာတွေထဲမှာ တပ်ဆင်ထားတဲ့ len တွေကို ရွှေ့ပြောင်းခြင်းမျိုး မဟုတ်ပါဘူး။ digital zoom ကို အသုံးပြုတဲ့အခါမှာတော့ image sensor ဟာ zoom level ဘယ်လိုပဲထားထား ဒီလိုပုံမျိုးကိုပဲ မြင်နိုင်ပါတယ်။ zoom လုပ်တဲ့ပုံကတော့ ပုံကိုဖြတ်တောက်လိုက်ပြီး စကေးချဲ့လိုက်တာဖြစ်ပါတယ်။ ဒါဟာ resolution လျော့သွားပြီးတော့ pixel အပေါ်မူတည်နေတဲ့ပုံတွေထွက်ပေါ်လာပါတယ်။ တချို့ဆော့ဖ်ဝဲလ်တွေကို အသုံးပြုပြီးတော့ ကြည့်ရတာပျော့ပျောင်းအောင် လုပ်ဆောင်ပေးထားပါတယ်။ ဒါပေမယ့်လည်း အသေးစိတ်ကတော့ သိပ်မမြင်ရတော့ပါဘူး။

ဒီ macro shot ကတော့ 3x digital vs 3x optical zoom (18mm to 55mm) ကိုယှဉ်ပြထားတာပါ။ ကင်မရာအတူတူကို settings နည်းနည်းပြောင်းပြီးတော့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
3x Digital: စာအုပ်အဖုံးပေါ်မှာ noise နဲ့ အသေးစိတ်တွေ လျော့နည်းသွားတာကို တွေ့မြင်ရမှာပါ။
3x Optical: အသေးစိတ်တွေကို ထိန်းသိမ်းထားရုံမက white balance ကိုပါ တိုးတက်လာစေတယ်။

 

 

 

 

 

 

 

Huawei ရဲ့ Hybrid Zoom ကတော့ ကင်မရာနှစ်လုံးအသုံးပြုထားတဲ့အတွက်ကြောင့် ပိုပြီးတော့ intelligent ရှိတယ်၊ စွမ်းဆောင်ရည်မြင့်ဆော့ဖ်ဝဲလ်ကိုအသုံးပြုပြီးတော့ ကင်မရာနှစ်လုံးရဲ့ မတူညီတဲ့ focal length တွေရဲ့ အချက်အလက်တွေကို ပေါင်းစည်းပေးပြီး zoom လုပ်လိုက်တဲ့အချိန်မှာ အသေးစိတ်တွေမလျော့အောင် စီမံထားပါတယ်။ optical zoom မဟုတ်တဲ့အတွက်ကြောင့် ရလဒ်ကောင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သာမန် digital zoom တွေထက်တော့ စွမ်းအားမြင့်မားပါတယ်။ optical zoom ဟာ single len မှာ အသုံးမပြုနိုင်တာမို့ အရမ်းအသုံးဝင်တဲ့ စိတ်ကူးပဲဖြစ်ပါတယ်။ Huawei P20 Pro ကတော့ 5x Hybrid Zoom ကန့်သတ်မှုကို ကျော်လွန်ပြီးတော့ ကောင်းမွန်တဲ့ရလဒ်တွေကို ပေးစွမ်းနိုင်ပါတယ်။

Hybrid Zoom တွေ ဘယ်လိုအလုပ်လုပ်သလဲ

ဒီအကြောင်းကိုမပြောခင်မှာ ကျွန်တော်တို့ super resolution ဆိုတဲ့ စွမ်းအားမြင့် image processing နည်းပညာအကြောင်း လေ့လာကြည့်ရအောင်။ ဒီနည်းပညာကတော့ ပုံရိပ်တွေကို အသေးစိတ်ကျနအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Huawei ရဲ့ Hybrid Zoom နည်းပညာဟာ super resolution ကို အသုံးပြုထားသလားဆိုတာကို ပြောမထားပါဘူး။ ဒါပေမယ့်လည်း သုံးထားတယ်လို့ မပြောရုံတမယ်ပါပဲ။ သူတို့ရဲ့ HiAI mobile neural network computing platform documentation မှာပါဝင်တဲ့ အသေးစိတ်အရ super resolution ပါဝင်နေတာကို တွေ့ရပါတယ်။ super resolution zoom ကို 2013 Ascend P2 မှာကတည်းက သုံးခဲ့ဖူးပါတယ်။ 8MP resolution limit သာရှိတဲ့ telephoto lens ထက် 10MP zoomed-in image ကို ရနိုင်မှာပါ။ ဒါကြောင့် super resolution နည်းပညာကိုသုံးထားတာဖြစ်နိုင်တယ်လို့ ပြောရခြင်းပါ။

super resolution မှာ sub-pixel localization ဆိုတဲ့အရာလေးကို အသုံးပြုထားပါတယ်။ sub-pixel localization ဆိုတာကတော့ ပုံရိပ်ရဲ့နေရာတိုင်းမှာရှိတဲ့ sub-pixel accuracy ကို ဖရိန်တိုင်းမှာ တိကျအောင် လုပ်ဆောင်ပေးပါတယ်။ ဖရိန်တိုင်းမှာ ရှုထောင့်လေးတွေ မတူညီတတ်ပါဘူး။ Huawei ရဲ့ ကင်မရာနှစ်လုံးတပ်ဆင်မှုက မတူညီတဲ့ရှုထောင့်တွေကို အသုံးပြုထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကင်မရာတစ်လုံးချင်းစီက ရနိုင်တဲ့အချက်အလက်တွေကို ပေါင်းစည်းပြီးတော့  ပုံရိပ်ရဲ့အရည်အသွေးကို ကောင်းမွန်အောင်လုပ်ဆောင်ပေးသွားမှာပါ။

ဒီနည်းပညာကတော့ ကွာဝေးတဲ့ ဂြိုလ်တွေနဲ့ အာကာသထဲကပစ္စည်းတွေကို ကြည့်တဲ့အခါမျိုးမှာ နက္ခတ်ပညာရှင်တွေအသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။

Oppo ကတော့ ဒီနည်းလမ်းမျိုးကို 50MP Super Zoom image နဲ့ 2014 ရဲ့ single-camera Find 7 မှာ ဖန်တီးခဲ့ပါတယ်။

ပုံရိပ်ရဲ့ pixel တစ်ခုချင်းစီမှာသိမ်းထားတဲ့ အချက်အလက်တွေဆိုတာကတော့ sensor လေးဆီကိုရောက်လာတဲ့ အလင်းပမာဏနဲ့ ထပ်တူလောက်သွားကျပါတယ်။ ကင်မရာတွေကို သူတို့ရဲ့ resolution နဲ့ ကန့်သတ်ထားပါတယ်။ ဒါကြောင့် pixel တိုင်းဟာ အသေးစိတ်တွေကို သာမန်လောက်သာ သိရှိနိုင်ပါတယ်။ တစ်ရောင်ချင်းကို မသိနိုင်ပါဘူး။ ဒါကြောင့် noise တွေနဲ့ေ၀၀ါးခြင်းတွေကို ဖြစ်စေနိုင်တာပေါ့။ မတူညီတဲ့နေရာလေးတွေကနေ ရိုက်ကူးမယ်ဆိုရင်တော့ တန်ဖိုးလေးတွေကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ algorithm နဲ့ database အမျိုးမျိုးကို အသုံးပြုထားမှာဖြစ်လို့ pixel နဲ့ ဖရိန်တွေကွာခြားနေခြင်းကြောင့် အရည်အသွေးနိမ့်တဲ့ပုံရိပ်တွေဆီကနေ ပိုကောင်းမွန်တဲ့ အသေးစိတ်တွေ ရအောင် လုပ်ဆောင်ထားနိုင်ပါတယ်။ ရလဒ်ကတော့ resolution ပိုကောင်းတဲ့ဓါတ်ပုံတွေကို တွေ့မြင်ရနိုင်ပါတယ်။

Super resolution ရဲ့အလုပ်လုပ်ပုံကို အသေးစိတ်ပြသပေးထားတာ ဖြစ်ပါတယ်။

Super resolution ဆိုတာ အရေးကြီးတဲ့လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ သူဟာ resolution နိမ့်တဲ့ပုံရိပ်တွေကနေ ပုံရိပ်ကောင်းကောင်းတွေရအောင် စွမ်းဆောင်ပေးပါတယ်။ အဲဒီပုံရိပ်တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ချိန်ညှိနိုင်ဖို့အတွက် algorithm တွေကိုလည်း အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။ algorithm တစ်ခုချင်းစီက ရလဒ်တစ်မျိုးစီကို ထုတ်ပေးနိုင်ပါတယ်။ resolution ကောင်းတဲ့ပု့ရိပ်တွေကို zoom လုပ်မယ်ဆိုရင်တော့ သာမန် digital zoom ထက် အသေးစိတ်ကို ပြသပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို noise လျှော့ချဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ၀ါးခြင်းမှကာကွယ်ဖို့၊  stabilization ၊ time-lapse-style ရိုက်ချက်တွေဖန်တီးခြင်းအတွက်လည်း အသုံးပြုနိုင်ပါတယ်။

ဒီနည်းပညာကလည်း ချို့ယွင်းချက်မဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အခြားသော filter တွေလိုပဲ “rings” ၊ “halos” မှာ အနားသတ်တွေက ခြယ်သထားသလိုမျိုးတွေတော့ ဖြစ်နိုင်ပါတယ်။ အရောင်တွေက တစ်ခုနဲ့တစ်ခု ရောနေတာမျိုးပေါ့။ algorithm အမျိုးမျိုးက scene အပေါ်မှာမူတည်နေပြီးတော့ လုပ်ဆောင်ချက်တွေ ကွဲပြားပါတယ်။ ဒါကြောင့် ပုံရိပ်ထဲက ပါဝင်ပစ္စည်းတွေအပေါ်မူတည်ပြီးတော့ ရလဒ်တွေက ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Huawei P20 Pro ကင်မရာမှာတော့ super-resolution ပုံရိပ်တွေက ဖြတ်တောက်ထားပြီးတော့ 10MP output အဖြစ်နဲ့ ချုံ့ထားပါတယ်။

Huawei P20 Pro ရဲ့ ကင်မရာကို ပြောရမယ်ဆိုရင် super-resolution ပုံတွေက crop လုပ်လိုက်ပြီးတော့ zoom ဖရိန်တွေအဖြစ်ကို ပြောင်းလဲလိုက်ပါတယ်။ 10MP output အဖြစ် ချုံ့လိုက်ပါတယ်။ ဘယ်လို algorithms တွေကိုအသုံးပြုပြီးလုပ်ဆောင်နေတယ်ဆိုတာကတော့ ကျွန်တော်တို့အတွက် မသေချာပါဘူး။

ကျွန်တော်တို့သိထားတာကတော့ 8MP 3x telephoto နဲ့ 40MP sensor တွေကို ပေါင်းစပ်ပြီး အသုံးပြုတယ်။

monochrome sensor ကို အသုံးပြုပြီးတော့ 2x Hybrid Zoom ရဲ့ ကန့်သတ်ချက်တွေကို ချဲ့ထွင်ပြီးတော့ ထပ်တိုးအချက်အလက်တွေနဲ့ ပေါင်းစပ်ထားတဲ့သဘောပါ။

နမူနာရိုက်ချက်များ

နမူနာရိုက်ချက်တွေအဖြစ်နဲ့ ကျွန်တော်တို့ဟာ 1x ၊ 3x optical, နဲ့ 5x Hybrid Zoom တို့ကို ရိုက်ကူးထားခဲ့ပါတယ်။ ယှဉ်ပြရမယ်ဆိုရင်တော့ 1x နဲ့ 3x ပုံရိပ်တွေက zoom ချဲ့ထားတာဖြစ်ပြီးတော့ 5x ရဖို့အတွက် 500% နဲ့ 166.67% နဲ့ ရိုက်ကူးရပါတယ်။ တစ်နည်းပြောရမယ်ဆိုရင်တော့ 5x zoom frame နဲ့ ကိုက်ညီအောင် crop လုပ်ထားခဲ့ပါတယ်။

စစချင်းတုန်းကတော့ Pro mode ကို အသုံးပြုပြိးတော့ exposure settings နဲ့ counterbalance တွေကို ယှဉ်ဖို့စိတ်ကူးခဲ့ပါတယ်။ စမ်းသပ်ကြည့်တဲ့အချိန်မှာ 3x telephoto lens က အချိန်တိုင်းမှာ အသုံးမပြုပါဘူး။ Hybrid Zoom ဟာ Pro mode မှာ ပါဝင်ရဲ့လားဆိုတာတောင် သံသယဖြစ်ချင်သွားပါတယ်။ 40MP နဲ့ 20MP monochrome sensors ကိုသာ သုံးထားတာလားပေါ့။ စိတ်ဝင်စားစရာပါပဲ။ Samsung ကလည်း 2x telephoto lensကို Galaxy Note 8 မှာ Pro mode ရိုက်ချိန်မှာ ပိတ်ထားပါတယ်။

default Photo mode နဲ့ ရိုက်ကူးကြည့်ခဲ့ပါတယ်။ ဒါပေမယ့် AI camera option က image colors နဲ့ exposure တွေကို ပိတ်ပစ်လိုက်ပါတယ်။ zoom ဖွင့်လိုက်တဲ့အချိန်မှာ ဖြစ်သွားသလိုမျိုးပေါ့။ ပထမနှစ်ပုံကတော့ zoomed-in 40MP ပုံလည်း ထည့်သွင်းပေးထားပါတယ်။ ကျွန်တော်တို့ မှန်းထားတဲ့အတိုင်းပါပဲ။ 40MP mode နဲ့ ရိုက်လိုက်ခြင်းက resolution ပိုတောင့်ပါတယ်။ ရလဒ်တွေက optical နဲ့ Hybrid Zoom ဘယ်လိုကွာခြားသလဲဆိုတာကို ပြသပေးနေပါတယ်။ ဒီလုပ်ဆောင်ချက်ကို အဝေးကပစ္စည်းတွေနဲ့လည်း စမ်းသပ်ကြည့်ခဲ့ပါသေးတယ်။

ပုံလေးတွေကို အသေးစိတ်ကြည့်ပေးဖို့ မျှော်လင့်ပါတယ်။

1x uncropped
5x uncropped
10MP 5x digital crop
40MP 5x digital crop
10MP 3x optical to 5x digital crop
10MP 5x Hybrid Zoom

 

 

 

 

 

 

 

 

 

 

 

 

 

ပထမဆုံးမှာ ညာဘက်က စာသားလေးတွေနဲ့ ဘယ်ဘက်ကဗွီနိုင်းမှာရှိတဲ့ အကြောင်းလေးတွေကို focus ထားပါတယ်။ 1x ကို 5x digital crop လုပ်လိုက်ခြင်းအားဖြင့် စာသားအသေးစိတ်ကို ပျက်စီးသွားစေပါတယ်။ 40MP sensor ကိုပြောင်းလိုက်တဲ့အချိန်မှာတာ့ အတော်လေးတိုးတက်လာပါတယ်။ ဒါကြောင့် digitally zoom က pixel count နဲ့ မဆိုင်ဘူးဆိုတာကို ပြသပေးနိုင်ပါတယ်။ ဒါပေမယ့် 3x optical နဲ့ 5x Hybrid Zoom mode ကြားက ခြားနားချက်ကတော့ ပြောဖို့ခက်ပါတယ်။ Hybrid Zoom ကတော့ အသေးစိတ်တွေ ပြသပေးနိုင်ပြီး noise တွေ နည်းပါးစေပါတယ်။ ဒါပေမယ့် ဆိုးကျိုးကတော့ အနားသတ်တွေ ရောကုန်ပါတယ်။ အရောင်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ ခြားနားပါတယ်။ ဒါဟာ algorithm ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် zoom ချဲ့လိုက်တာတောင်မှ ဒီအခြေအနေဆိုတော့ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

1x uncropped
5x uncropped
10MP 5x digital crop
40MP 5x digital crop
10MP 3x optical to 5x digital crop
10MP 5x Hybrid Zoom

 

 

 

 

 

 

 

 

 

 

 

 

 

ဒုတိယပိုင်းမှာတော့ 5x digital crop ရဲ့ ဖြစ်စဉ်တွေကို ပြသထားပါတယ်။ 3x optical option ကတော့ ပန်းနဲ့သစ်ရွက်တွေရဲ့ အသေးစိတ်တွေကို ဖြတ်တောက်လိုက်ပါတယ်။ 5x option နဲ့ သိပ်မခြားနားပါဘူး။ အကြီးမားဆုံးခြားနားချက်ကတော့ Hybrid Zoom ထက် noise နည်းပြီးတော့ အနားသတ်ကောင်းတယ်။ 1x ၊ 3x နဲ့ 5x zoom တွေအကြားက ကာလာနဲ့ exposure ခြားနားမှုက သိသာပါတယ်။ camera’s auto settings ၊ camera apertures  မတူညီခြင်းနဲ့ ဖရိန်မတူညီခြင်းတွေ၊ software algorithm မတူညီမှုတွေက စကားပြောနေပါတယ်။

1x uncropped
3x uncropped
5x uncropped
10MP 5x digital crop
10MP 3x optical to 5x digital crop
10MP 5x Hybrid Zoom

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးပုံတွေကတော့ P20 Pro ရဲ့ Hybrid Zoom feature ကို ပြသထားတာဖြစ်ပါတယ်။ အလင်းများများ၊ အစွန်းခပ်ကြမ်းကြမ်း၊ complex texture အချို့ကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒီတစ်ခေါက်ခြားနားမှုကတော့ သတိထားမိနိုင်ပါတယ်။ 3x optical zoom option က သိသာတဲ့ Noise တွေ၊ 5x မှာ ပြတ်တောက်မှုတွေ၊ hybrid algorithm ကတော့ ဒီအချက်တွေကို လုံးဝဖယ်ရှားပစ်လိုက်ပါတ်ယ်။ 100 percent crop ထဲမှာမှ ရှင်းလင်းတဲ့တင်ပြချက်တွေကို တွေ့မြင်နိုင်ပါတယ်။ 1x ကနေ 5x uncropped ပုံရိပ်တွေက landscape shot ရိုက်ချိန်မှာ 5x ကဘယ်လိုရှိနိုင်မလဲဆိုတာကို ပြသပေးနေပါတယ်။ Hybrid Zoom ကတော့ အတော်လေးကောင်းမွန်တာကို တွေ့မြင်ရမှာပါ။

1x uncropped
3x uncropped
5x uncropped
10MP 5x digital crop
10MP 3x optical to 5x digital crop
10MP 5x Hybrid Zoom

 

 

 

 

 

 

 

 

 

 

 

 

 

long-range outdoor တွေမှာလည်း ရလဒ်အတူတူလောက်ပါပဲ။ အသေးစိတ်ကတော့ digital zoom သုံးမယ်ဆိုရင် လျော့သွားပါတယ်။ 5x frame အထိကိုက်ညီအောင်လုပ်လိုက်တဲ့အချိန်မှာ 3x optical ကနေ ကျမသွားအောင် ထိန်းထားပါတယ်။ 3x optical နဲ့ 5x hybrid ကို ယှဉ်လိုက်မယ်ဆိုရင် hybrid က ချောမွေ့တာကို တွေ့ရလိမ့်မယ်။ အသေးစိတ်ပိုကျတယ်။ ကာလာပိုင်းဆိုင်ရာလေးမှာတော့ နည်းနည်းလေး သိသာနိုင်ပါတယ်။ ရုပ်တုနဲ့ အမိုးရဲ့အရိပ်လေးတွေကို တစ်ချက်ကြည့်လိုက်ပါ။

Hybrid Zoom ရလဒ်ရဲ့ တိုးတက်မှုကို သင့်အနေနဲ့ပြောပြနိုင်ကောင်းပါတယ်။ သင်ရိုက်လိုက်တဲ့အရည်အသွေးက 5x shot ပေါ်မှာပဲ သက်ရောက်မှုရှိနေမှာပါ။ တစ်ခုလုံးအတွက်ဆိုရင်တော့ digital zoom ထက် အတော်လေးတိုးတက်လာတယ်။ 3x telephoto lens သုံးချိန်မှာလည်း digital zoom ထက် သာလွန်နေတုန်းပါပဲ။ software implementation  ပိုင်းကြောင့် ပုံရိပ်ရဲ့content တွေက ရလဒ်တွေကို လွှမ်းမိုးနေပါတယ်။ ဒါကြောင့် ရလဒ်ကောင်းကောင်းရစေချင်ရင်တော့ ပတ်ဝန်းကျင်ရွေးတတ်ရပါလိမ့်မယ်။ နောက်ဆုံးတစ်ချက်ကတော့ အခြားဖုန်းတွေနဲ့ မတူတာတစ်ခုကတော့ P20 Pro မှာ ကင်မရာရဲ့ zoom လုပ်ဆောင်ချက်ကို တကယ်အသုံးပြုနိုင်ခြင်းပါပဲ။

Photo vs Pro mode

အပေါ်မှာ ပြောထားခဲ့သလိုပဲ။ 3x telephoto lens က Pro mode နဲ့ ရိုက်ကူးနေချိန်မှာ 5x Hybrid Zoom ကို ထောက်ပံ့ပေးခြင်းမရှိပါဘူး။ ၀မ်းမနည်းပါနဲ့။ ဒီပုံကဒီပုံပါပဲ။ Pro mode မှာ Zoom လုပ်လိုက်ခြင်းက regular Photo mode လောက် မရှင်းလင်းစေပါဘူး။ ဒါကြောင့်မို့ ပုံရိပ်တွေက regular P20 နဲ့ ဆင်တူပြီးတော့ telephoto lens မရှိတဲ့ အခြားစမတ်ဖုန်းတွေနဲ့ ဆင်တူသွားစေပါတယ်။ ဒါပေမယ့် အရေးပါတာကတော့ ဒီပုံတွေဟာ သာမန် digital zoom ထက်တော့ သိသိသာသာ သာလွန်နေပါတယ်။ Hybrid Zoom အသုံးပြုထားတယ်ဆိုတာကို ပြသနိုင်လောက်အောင် ကောင်းမွန်ပါတယ်။

10MP 5x digital crop
10MP 5x Hybrid Zoom (Pro Mode)
10MP 5x Hybrid Zoom (Photo Mode)

 

 

 

 

 

 

 

 

 

Pro mode နဲ့ ရိုက်လိုက်တဲ့အခါမှာ regular digital zoom ထက် အရည်အသွေးတွေ ကွာခြားနေတာကို သိသိသာသာမြင်တွေ့လိုက်ရပါတယ်။ ဒါပေမယ့်လည်း 3x telephoto lens မပါဘဲ optical zoom details ပေးစွမ်းနိုင်ဖို့အတွက်လုပ်ဆောင်ထားလို့ ပုံရိပ်ဟာ Photo mode နဲ့ ရိုက်ကူးထားတာထက်ကို ဆိုးရွားနေပါတယ်။ Pro mode ကိုအသုံးပြုနေချိန်မှာ 3x Hybrid Zoom option ဟာ digital zoom ထက်ပိုကောင်းပါတယ်။  Photo mode ကိုအသုံးပြုနေချိန်မှာ 3x telephoto lens နဲ့တွဲဖက်လိုက်ခြင်းက ရလဒ်ပိုကောင်းပါတယ်။ ကာလာများများလည်း ထွက်လာစေပါတယ်။

10MP 3x digital crop
10MP 3x Hybrid Zoom (Pro Mode)
10MP 3x optical zoom (Photo mode)

 

 

 

 

 

 

 

 

 

zoom option ကောင်းကောင်းဖြစ်ဖို့အတွက် Pro mode ကို ပြင်ဆင်ထားခြင်းမရှိရတာလဲ။ အကြောင်းရင်းကတော့ ကျွန်တော်တို့ ရိုက်တဲ့အချိန်မှာ အသုံးပြုလိုက်တဲ့ exposure နဲ့ ကာလာအမျိုးမျိုးကြောင့်လို့ ထင်မိပါတယ်။ Huawei ရဲ့ Pro mode ကတော့ သုံးစွဲသူတွေကို ISO ၊ shutter speed ၊ exposure ၊ color temperature တွေကို ချိန်ညှိခွင့်ပေးထားပါတယ်။ 8MP f/2.4 telephoto camera ၊ 40 MP f/1.8 main camera ကိုပြောင်းတဲ့အချိန်မှာလည်း ပြောင်းလဲမှုတွေ လုပ်နိုင်ပါတယ်။ Pro mode ကတော့ zoom လုပ်လိုက်တဲ့အချိန်မှာ color နဲ့ exposure တွေကို မပြောင်းလဲဘဲ ချိန်ညှိနိုင်အောင် လုပ်ဆောင်ထားပါတယ်။ Huawei က Hybrid Zoom ကို အသုံးပြုထားပြီးတော့ 40MP နဲ့ 20MP monochrome sensor ကိုသာအသုံးပြုပြီးတော့ အချက်အလက်တွေကို စုဆောင်းပါတယ်။ ဒီအချက်က regular digital zoom ထက် သာလွန်သွားစေပါတယ်။

digital zoom ထက်သာလွန်ခြင်း

P20 Pro ရဲ့ ကင်မရာသုံးလုံးကတော့ မျှော်မှန်းထားတာထက်ကို သာလွန်နေတာ တွေ့ရပါတယ်။ Huawei ရဲ့ Hybrid Zoom နည်းပညာကြောင့် ရိုက်ကူးလိုက်တဲ့ camera mode အပေါ်မှာမူတည်ပြီးတော့ လုပ်ဆောင်ချက်တွေ ကွဲပြားသွားမှာပါ။ ဒါပေမယ့် ဘယ်လို mode ပဲဖြစ်ဖြစ် သူ့ရဲ့ နည်းပညာဟာ စမတ်ဖုန်းအများစုမှာပါဝင်တဲ့ digital zoom လုပ်ဆောင်ချက်တွေထက် သာလွန်နေတာကိုတော့ ၀န်ခံရမှာပါ။

Hybrid Zoom အကြောင်းကို စဉ်းစားတော့မယ်ဆိုရင် digital zoom ထပ်ပိုကောင်းတယ်လို့ မြင်ယောင်လိုက်ပါ။ ဒါပေမယ့်လည်း သူဟာ လှုပ်ရှားနိုင်တဲ့ lenses ဒါမှမဟုတ် mechanical hardware တွေကို မူတည်ထားတာမဟုတ်ဘူးဆိုတော့ စမတ်ဖုန်းအတွင်းပိုင်းနဲ့ ကိုက်ညီပါတယ်။ စမတ်ဖြစ်ပြီးတော့ software-based နည်းပညာဖြစ်ပါတယ်။ ဒါကြောင့် resolution detail ကို အားမြှင့်ထားပြီးတော့ ပိုကောင်းတဲ့ပုံရိပ်တွေကို ခံစားရမှာပါ။ ဒါကတော့ ကျွန်တော်တို့အများစုလိုချင်နေတဲ့အရာပဲ မဟုတ်လား။

အမြဲတမ်း ပြီးပြည့်စုံနေတယ်ဆိုတာတော့ ဘယ်ရှိမလဲ။ Hybrid Zoom ကတော့ စမတ်ဖုန်းရဲ့ အချက်အလက်ဇယားမှာ ကြည့်သင့်တဲ့ အချက်တစ်ခုဖြစ်လာပါတယ်။ တကယ်လို့ သင်က macro shot တွေ ရိုက်ချင်တဲ့သူတစ်ယောက်သာဆိုရင်ပေါ့။ စမတ်ဖုန်းကင်မရာတွေက DSLR အရည်အသွေးလောက်တော့ မရနိုင်သေးပါဘူ။ Hybrid Zoom လိုဖန်တီးမှုမျိုးကတော့ ဓါတ်ပုံသမားတွေကို ကျေနပ်မှု ပေးစွမ်းနိုင်တယ်လို့ ပြောလိုက်ပါရစေ။

Leave a Reply