iPhone X Display နဲ့ခပ်ဆင်ဆင်စမတ်ဖုန်းကိုထုတ်လုပ်ဖို့ Samsung မှတ်ပုံတင်

0
2002

ဆမ်ဆောင်းက Display Notch ပါတဲ့ စမတ်ဖုန်း ဒီဇိုင်းတစ်ခုကို တရုတ် Patent Office SIPO မှာ မှတ်ပုံတင်ထားပါတယ်။ အဲဒီဖုန်းဟ Dual  Rear Camera , USB Type-C Port များပါတဲ့ Bezel-less Device တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ မှာ Physical Fingerprint Scanner  မပါတဲ့အတွက် မျက်နှာပြင်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။

ဆမ်ဆောင်းဟာ Notch ပါတဲ့ ဖုန်းဒီဇိုင်းကို ကြိုက်နေပြီလို့လည်း ထင်ရပါတယ်။ Notch Design ဟာ ယခင်နှစ်မှာ iPhone X ဖြင့်  နာမည်ကြီးလာပြီးနောက်မှာ အန်းဒရွိုက် နယ်ပယ်မှာ အငြင်းပွားမှုများစွာ ဖြစ်ပွားခဲ့ပါတယ်။ အန်းဒရွိုက် ထုတ်လုပ်သူများစွာကလည်း သူတို့ရဲ့ ဖုန်းများမှာ  Notch  များ ထည့်သွင်းလာကြပါတယ်။

ကုမ္ပဏီများဟာ Patents  များစွာကို မှတ်ပုံတင်ထားကြပေမယ့် ရောင်းတန်း အဆင့်အထိ မရောက်ခဲ့တဲ့ နမူနာ ဒီဇိုင်းများစွာ ရှိပါတယ်။ အချို့ Patents  များဟာလည်း တကယ် ဖန်တီးရောင်းချချင်လို့ မဟုတ်ဘဲ ကုမ္ပဏီများ အချင်းချင်း  ပြိုင်ဆိုင်ဖို့အတွက်သာ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ ဆမ်ဆောင်းဟာ Screen-to-Body Ratio ၉၉  ရာခိုင်နှုန်း ရှိတယ်လို့ ယူဆရတဲ့ Device  တစ်ခုကိုလည်း မှတ်ပုံတင်ထားပါတယ်။ အဲဒီ ကိရိယာကို ဖန်တီးနိုင်ရင်တောင် ဈေးကွက်ထဲ ရောက်ဖို့ နှစ်အနည်းငယ်လိုသေးတယ်လို့ ပညာရှင်များက သုံးသပ်ပါတယ်။

 

Samsung ဟာ ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ MWC 2018 မှာ  Notch မပါတဲ့ Galaxy S9  များကို ပြသခဲ့ပါတယ်။ ယခင်နှစ်ကလည်း Notch Design ကို ကြော်ညာတစ်ခုဖြင့် လှောင်ပြောင်ခဲ့ပါသေးတယ်။  အခုတော့ ဆမ်ဆောင်းက Notch ပါတဲ့ ဖုန်း ဒီဇိုင်းကို မှတ်ပုံတင်ထားတယ်ဆိုတဲ့ သတင်းဟာ ထူးဆန်းနေပါတယ်။

 

Leave a Reply