Blackmagic က 4K RAW Movies ရိုက်နိုင်တဲ့ Compact Camera ကို မိတ်ဆက်

0
1907

Blackmagic Design က NAB 2018 မှာ သူ့ရဲ့ နာမည်ကျော် Portable RAW Camera ရဲ့ 4K Version ကို မိတ်ဆက်လိုက်ပါတယ်။ Pocket Cinema Camera 4K လို့ အမည်ပေးထားပြီး အတိုကောက်အားဖြင့် BMPCC 4K လို့ ခေါ်ပါရစေ။ သူ့မှာ Full-Size , Dual Native ISO Micro Four Thirds Sensor တစ်ခု ပါပြီး 4096×2160 ဖြင့် 4K HDR RAW Video နဲ့ 12-bit RAW or 10-bit ProRes ဖြင့် 60fps ကို ရိုက်ကူးနိုင်ပါတယ်။ ၁၂၉၅ ဒေါ်လာ သတ်မှတ်ထားပြီး ဗီဒီယို ရိုက်ကူးမှု အသားပေး Panasonic GH5s ထက် ထက်ဝက်ဈေးသက်သာပါတယ်။ သူဟာ ဈေးအသက်သာဆုံး 4K RAW Camera ဖြစ်လာပါတယ်။

BMPCC 4K ရဲ့ ကိုယ်ထည်ဟာ မူလမော်ဒယ်နဲ့ မတူဘဲ ခေတ်ပေါ် ဒီဇိုင်း ဖြစ်ပါတယ်။ သူ့ကို သတ္တုအစား ကာဘွန်ဖိုက်ဘာဖြင့် တည်ဆောက်ထားတဲ့အတွက် ပိုမို ပေါ့ပါးပါတယ်။ လက်ကိုင်ကလည်း ပိုမို ကြီးမားလာပြီး Recording , ISO , Shutter, Aperture , White Balance နဲ့ အခြား လုပ်ဆောင်ချက်များအတွက် ခလုတ်များက ပိုမိုကြီးမားလာပါတယ်။

မူလ BMPCC မှာ Micro Four Thirds Sensor ပါပေမယ့် Sensor ကို  အရွယ်အစား လျှော့ချထားပါတယ်။ ကံကောင်းတာက BMPCC 4K မှာ  Native DCI 4K (4096×2160) Resolution ပါတဲ့  Full-Sized Micro Four Thirds Sensor တစ်ခု ထည့်သွင်းထားပါတယ်။ Panasonic GH5s လိုပဲ သူ့မှာ မြင်ကွင်းကို အမြင့်ဆုံး မြှင့်တင်ပေးတဲ့ Full Sensor Width ကို သုံးထားပါတယ်။ အလင်းရောင်  နည်းပါးတဲ့ အခြေအနေများမှာ အရည်အသွေး ကောင်းမွန်စေဖို့အတွက် 25600 ISO Setting ကို ထောက်ပံ့တဲ့ Dual Native ISO ကို သုံးထားပါတယ်။

4K 60 fps သို့မဟုတ် 1080p 120 fps ဖြင့် ProRes နဲ့ RAW နှစ်ခုစလုံးမှာ SD,   UHS-II or CFast 2.0 Cards များဖြင့် ဗီဒီယိုများ ရိုက်ကူးနိုင်ပါတယ်။ နည်းပညာအသစ်အနေဖြင့် 4K Video များကို USB-C Expansion Port ဖြင့်  Media Drive မှာ တိုက်ရိုက် သိမ်းဆည်းနိုင်ပါတယ်။ သူ့မှာ ၅ လက်မ ထိတွေ့မျက်နှာပြင် ပါပြီး ယခင်မော်ဒယ်ထက် ပိုမို ကြည်လင်တောက်ပလာပါတယ်။ Touchscreen ကနေ  ဓါတ်ပုံများရဲ့ ဖရိမ်ကို ချိန်ညှိခြင်း၊ Focus ကို စစ်ခြင်း၊ Menu Settings များကို ချိန်ညှိခြင်းနဲ့ Metadata များ ထည့်သွင်းခြင်းများ ပြုလုပ်နိုင်ပါတယ်။

အသံကို 3.5mm Jack သို့မဟုတ် ပရော်ဖက်ရှင်နယ်  Mini –XLR Inputs ကနေ ဖမ်းယူနိုင်ပါတယ်။ မော်ဒယ်အသစ်မှာ ဘက်ထရီ သက်တမ်း ပိုမို ကောင်းတဲ့ LP-E6 Battery ကို သုံးထားပြီး USB-C  Port သို့မဟုတ် DC Power Connector ကနေ အားသွင်းနိုင်ပါတယ်။

အသေးစိတ်ကိုတော့ BlackMagic ရဲ့ Official Website မှာလည်းဝင်ရောက်လေ့လာနိုင်မှာပါ။

Leave a Reply