Oppo R15 နင့် R15 Pro စမတ်ဖုန်း သုံးသပ်ချက်

0
2429

Oppo က ကမ္ဘာ့ဒေသအနှံ့ကို တစ်ဖြည်းဖြည်းချင်း ဈေးကွက်ချဲ့ထွင်နေပါတယ်။ တရုတ်၊ အိန္ဒိယအပြင် အာရှဖုန်းဈေးကွက်မှာ ကုမ္ပဏီက ဈေးကွက်ကို မြှင့်တင်နေပါတယ်။ သူဟာ စွမ်းဆောင်ရည်မြင့် ဖုန်းများကိုသာ ထုတ်လုပ်တာ မဟုတ်ဘဲ လူတိုင်း သုံးနိုင်တဲ့ တန်ဖိုးနည်း စွမ်းဆောင်ရည်သင့် ဖုန်းများကိုပါ ထုတ်လုပ်ရောင်းချပေးနေပါတယ်။ တန်ဖိုးနည်း ဖုန်းများဟာ စွမ်းဆောင်ရည်မြင့်  ဖုန်းများနဲ့ ခွဲခြား မရအောင် ကောင်းနေရင် ဘယ်လိုဖြစ်သွားနိုင်သလဲ ?

ဒီလို တန်ဖိုးနည်းဖုန်းများကို Oppo က R15 Series အသစ်များဖြင့် ဖော်ထုတ်လိုက်ပါတယ်။

ပုံမှန်အားဖြင့် ဖုန်းတစ်လုံးရဲ့ တန်ဖိုးကို သူ့ရဲ့ SoC နဲ့ တိုင်းတာပါတယ်။ သူ့မှာ နောက်ဆုံးထုတ် Snapdragon ပါလား? နောက်ဆုံးထုတ် Exynos လား ?  အရင်နှစ်က Snapdragon အဟောင်းလား ? စသဖြင့် ခွဲခြားရပါတယ်။ Oppo ကတော့ R15 မှာ Chipset က လွဲပြီး အခြား အစိတ်အပိုင်းများကို စွမ်းဆောင်ရည်မြင့် အမျိုးအစားများ ထည့်သွင်းပေးထားတဲ့အတွက် သူနဲ့ လက်ရှိ စွမ်းဆောင်ရည်မြင့် ဖုန်းများဟာ ခွဲခြားမရနိုင်တော့ပါဘူး။

Oppo R15 နဲ့ Oppo R15 Pro မှာ Mediatek Helio P60 နဲ့ Qualcomm Snapdragon 660 များ အသီးသီး သုံးထားပြီး စွမ်းဆောင်ရည်သင့် အမျိုးအစားများဖြစ်ပါတယ်။ 128GB Storage နဲ့ 6GB RAM များက စွမ်းရည်မြင့်မားတဲ့ ဖုန်းလို့ ပြောနိုင်ပါတယ်။ SoCs များမှာ အမြင့်မားဆုံး Clock Speed များ မရှိကြပါဘူး။ ဒါပေမယ့် Internal Storage နဲ့ microSD Card ပေါင်းလိုက်ရင်တော့ သင့် ဓါတ်ပုံ၊ ဗီဒီယိုများအားလုံးကို သူ့မှာ သိမ်းနိုင်ပြီး မျက်စိတစ်မှိတ်အတွင်းမှာ App များကို လျှင်မြန်စွာ ပြောင်းလဲ သုံးနိုင်မှာပါ။

Oppo က ဒီဖုန်းများရဲ့ အစိတ်အပိုင်းများကို ထူးခြားစွာ ပေါင်းစပ်ထားပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ QHD မဟုတ်ပါဘူး။ အရည်အသွေး သိပ်မကောင်းတဲ့  2280×1080 Display သာ ထည့်ပေးထားပေမယ့် OLED Display ဖြစ်ပါတယ်။ OLED Screen ဟာ အရည်အသွေးနိမ့်တဲ့ Resolution နဲ့ သိပ်မလိုက်ဖက်ပါဘူး။ ရှည်လျားတဲ့ မျက်နှာပြင် အချိုးဖြစ်တဲ့ 18.99:9 ကို သုံးထားတဲ့အတွက် Notch က စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။ Notch မှာ 20MP Selfie Camera တပ်ဆင်ထားပါတယ်။ အရှေ့ ကင်မရာမှာ အသားအရေကို သဘာဝ ကျစေပြီး စတစ်ကာများကို သင့်မျက်နှာမှာ တပ်ဆင်နိုင်တဲ့ ဥာဏ်ရည်တု နည်းပညာ ပါပါတယ်။ ဒီလုပ်ဆောင်ချက်များက ပျော်စရာကောင်းပါတယ်။

အနောက်မှာတော့ အခုခေတ်စားနေတဲ့အတိုင်း ကင်မရာ နှစ်လုံးစီ ထည့်ပေးထားပါတယ်။ R15 မှာ 16MP နဲ့ 5MP များ ပါပြီး Pro Model မှာ 16MP နဲ့ 20MP Camera များ ပါပါတယ်။ ဓါတ်ပုံများ ရိုက်ကြည့်တဲ့အခါမှာ အရည်အသွေး ကောင်းမွန်ပါတယ်။

ဖုန်းရဲ့ အောက်ခြေမှာ စပီကာတစ်လုံး ၊ Micro-USB Port နဲ့ နားကြပ်ပေါက်များ ပါပါတယ်။ USB Type-C မပါတာကတော့ စာရေးသူ အမြင်အရ  အားနည်းတယ်လို့ မထင်မိပါဘူး။ Bluetooth နဲ့ USB-C Adapter များ မလိုဘဲ သာမာန် နားကြပ်များဖြင့် သူ့ကို သုံးနိုင်ပါတယ်။ VOOC Fast Charge လည်း ပါပြီး မိနစ်အနည်းငယ်အတွင်းမှာ လျှင်မြန်စွာ အားဖြည့်ပေးနိုင်ပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို သုံးလို့ကောင်းတဲ့ နေရာမှာ တပ်ဆင်ထားပါတယ်။ Face Unlock စွမ်းရည်လည်း ပါရှိပါတယ်။ Face Unlock ကို ခဏတာ စမ်းသပ်သုံးကြည့်တဲ့ အခါမှာ တည်ငြိမ်မှု မရှိပါဘူး။ လက်ဗွေရာ အာရုံခံ ကိရိယာကတော့ အဆင်ပြေပါတယ်။

ရေစိုခံ စွမ်းရည် မပါတာက နားလည်လို့ ရပေမယ့်  NFC မပါတာက အားနည်းချက်လို့ ထင်မိပါတယ်။ Oppo က ဒီစွမ်းရည်များကို နိုင်ငံအသစ်များမှာ ရောင်းချပေးမယ့် မော်ဒယ်များမှာ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ ဒီအားနည်းချက်များကတော့ User ရဲ့ နှစ်သက်မှုနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် NFC Payment များ သုံးနိုင်တဲ့ နိုင်ငံများမှာဆိုရင် ဖုန်းတိုင်းမှာ NFC Chip ထည့်ထားသင့်ပါတယ်။

iOS ကို နှစ်သက်သူများအတွက် Oppo R15 ရဲ့ ColorOS 5.0 ကို ကြိုက်မှာပါ။ App Drawer မပါဘဲ ဘယ်ဘက်ကို ပွတ်ဆွဲရင် Widgets နဲ့ Quick Functions များကို သုံးနိုင်ပါတယ်။ အပေါ်ကို ပွတ်ဆွဲရင် Navigation Bar ကို ဖျောက်ပေးမှာ ဖြစ်ပြီး Full Screen Display ရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ခံစားနိုင်မှာပါ။ OS ဟာ Android 8.1 ကို အခြေပြုထားတဲ့အတွက် Google ရဲ့ နောက်ဆုံးထုတ်လို့ ပြောနိုင်ပါတယ်။

Oppo R15 နဲ့ R15 Pro ဟာ iPhone Xရဲ့ Notch Style Display ကို နှစ်သက်ရင်တော့ သင့်အတွက် အလွန်စွဲဆောင်မှု ရှိတဲ့ ဖုန်းများ ဖြစ်ပါတယ်။ R15 Model အတွက် အနီ၊ အဖြူနဲ့ ခရမ်းရောင်များ ရွေးချယ်နိုင်ပါတယ်။ Pro Model အတွက် အနက်၊ အနီရောင်များ ထုတ်လုပ်ပေးထားပါတယ်။

 

 

Leave a Reply