Wi-Fi အသိအမှတ်ပြုမှုရရှိသွားပြီဖြစ်တဲ့ Samsung Galaxy A6+ (2018)

0
1835

သိပ်မကြာခင်အချိန်အတွင်းမှာ ဈေးကွက်အတွင်း ဖြန့်ချိလိမ့်မယ်လို့ထင်ရတဲ့ Samsung ရဲ့ Galaxy A6+ (2018)ဟာWi-Fi Alliance ရဲ့အသိအမှတ်ပြုမှုကို ရရှိသွားပြီဖြစ်ပါတယ်။
Galaxy A6+ (2018)ရဲ့မော်ဒယ်နံပါတ်ကတော့ SM-A605FN/DS လို့သိရပြီး ယခင်ထွက်ထားပြီးတဲ့ သတင်းတွေအတိုင်း dual-SIM ဗားရှင်းနဲ့ထွက်လာမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ကလည်း HTML5 test မှာဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေထွက်လာခဲ့ပြီး Infinity Display နဲ့အတူဖုန်းရဲ့ရှည်လျားတဲ့ ပုံသဏ္ဍာန်ကိုမြင်တွေ့ခဲ့ရပါတယ်။

gsmarena_002 (4)
ရှေ့မှာထွက်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S8 နဲ့ Galaxy Note8 တို့ပုံစံဒီဇိုင်းမျိုး မြင်ရနိုင်ပါတယ်။ အစောပိုင်းထွက်ထားတဲ့ သတင်းတွေအတိုင်း Galaxy A6+ (2018) နဲ့ A6 (2018)
တို့ဖြစ်ပြီး သူ့မှာပါဝင်တဲ့ အချက်အလက်တွေကတော့ 5.6-inch(A6 (2018)) နဲ့ 18:9 2220x1080px display ဖြစ်မှာပါ။ ပရိုဆက်ဆာပိုင်းမှာတော့ Exynos 7870 chipset နဲ့အတူ 3GB of RAM ၊အချက်အလက်
သိုလှောင်မှုအတွက် 32GB storage ထောက်ပံ့ပေးမှာပါ။
Galaxy A6+ (2018) မှာတော့ 6 လက်မအရွယ်ရှည်မျောမျောပုံစံနဲ့အတူ resolution ပိုင်းမှာ A6 (2018) နဲ့တူညီမှာပါ။ 4GB of RAM နဲ့အတူ Snapdragon 625 chipset ကိုသုံးထားမှာပါ။
လက်ရှိထွက်ထားတဲ့ သတင်းတွေအရတော့ ဥရောပ၊ရုရှားနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ စတင်ရောင်းချနိုင်ပါတယ်။

Leave a Reply