Smartphone Trending

Facial Recognition ထက် ပိုကောင်းနေဆဲ Fingerprint Sensor

iPhone X ရဲ့ အဓိက အကျဆုံး ပြောင်းလဲမှုများထဲမှ တစ်ခုက Touch ID Figerprint Sensor ကို ဖယ်ရှားပြီး နည်းပညာမြင့် Face Unlock Function ကို ထည့်သွင်းပေးထားတာပါ။ Apple က ဒီနည်းပညာကို Face ID  လို့ခေါ်ပါတယ်။ OnePlus 5T, Huawei P20 Pro , Galaxy S9 တို့လို အချို့ အန်းဒရွိုက်ဖုန်းများမှာလည်း အလားတူ နည်းပညာပါပါတယ်။ ဒါပေမယ့် အဲဒီဖုန်း အားလုံးမှာ လက်ဗွေရာ ကိရိယာများလည်း ထည့်သွင်းထားပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

1518077302_iphone-x-face-id

Facial Recognition ဟာ ကောင်းမွန်ပါတယ်။ သင့်ဖုန်းကို Unlock လုပ်ဖို့ သင့်မျက်နှာကိုသာ ပြလိုက်ရုံပါပဲ။ PIN များ ရိုက်ခြင်း၊ လက်ချောင်းဖြင့် လက်ဗွေရာ ဆန်ဆာကို ထိခြင်းများ ပြုလုပ်ဖို့ မလိုပါဘူး။ Fingerprint Sensor ကို လက်နဲ့ ထိဖို့ ခက်ခဲရင်လည်း သင့်ဖုန်းကို မျက်နှာဖြင့် Unlock လုပ်နိုင်ပါတယ်။ ဒီနေ့ခေတ် ဖုန်းများမှာ စကရင် နေရာကို ပိုပေးဖို့ ဖန်တီးနေကြတဲ့အတွက် လက်ဗွေရာ ကိရိယာများကို အနောက်ဘက်ကို ပြောင်းရွှေ့ထားကြပါတယ်။ ဖုန်းကို ကိုင်ထားချိန်မှာတော့ လက်ဗွေရာဖြင့် Unlock လုပ်ရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် ဖုန်းကို စားပွဲပေါ်၊ Wireless Charger ပေါ် တင်ထားရင်တော့ လက်ဗွေရာ ကိရိယာကို ထိဖို့ မလွယ်ပါဘူး။ Facial  Recognition နည်းလမ်းမှာတော့ သင့် မျက်နှာကို ဖုန်းက မြင်နေတာနဲ့တင် Unlock လုပ်နိုင်ပါတယ်။

ဒါပေမယ့် တောက်ပတဲ့ နေရောင်အောက်မှာ သင့်ဖုန်းက သင့်မျက်နှာကို အာရုံခံမှုဟာ အားနည်းပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရုံလို အလင်းရောင် မရှိတဲ့ နေရာများမှာလည်း အလားတူပါပဲ။ ဒီလို ကိစ္စမျိုးမှာတော့ လက်ဗွေရာ ကိရိယာက ပြဿနာ မရှိပါဘူး။ ဘယ်လို အလင်းရောင်နဲ့ ရှုထောင့်မျိုးမှာ မဆို သူက အလုပ်လုပ်ပါတယ်။

OnePlus-5T-14

Fingerprint Sensors များဟာ စွယ်စုံသုံးလို့ရပါတယ်။ သူက သင့်ဖုန်းကို Unlock လုပ်နိုင်သလို Fingerprint Sensors များစွာဟာ ပွတ်ဆွဲတဲ့ ဦးတည်ရာကို သိပြီး အခြား အလုပ်များကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ အများဆုံးသုံးတဲ့နည်းက လက်ဗွေရာ ဆန်ဆာကို အထက်ကနေ အောက်သို့ ပွတ်ဆွဲခြင်းဖြင့် Notification Bar ကို ဆွဲချတာ ဖြစ်ပါတယ်။ ဖုန်းအချို့မှာတော့ ဒီထက်ပိုတဲ့ Gestures များကို သုံးနိုင်ပါတယ်။

ဥပမာအားဖြင့်  Rear Fingerprint Sensors များပါတဲ့ ဟွာဝေးဖုန်းများမှာ ဆန်ဆာကို ဘယ် သို့မဟုတ် ညာသို့ ပွတ်ဆွဲရင် Gallery မှာ  ဓါတ်ပုံများကို ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။ စကရင်ရဲ့ အောက်မှာ လက်ဗွေရာ ဆန်ဆာပါတဲ့ ဟွာဝေးဖုန်းများမှာ ဆန်ဆာပေါ်မှာ ပွတ်ဆွဲခြင်း၊ နှိပ်ခြင်းများဖြင့် Software Keys များလို သုံးနိုင်ပါတယ်။ Motorola Phone များမှာလည်း အလားတူ အလုပ်များ လုပ်နိုင်ပါတယ်။

Galaxy-S9-may-feature-Intelligent-Scan

အကောင်းဆုံးလုံခြုံရေး နည်းလမ်းက Facial Recognition နဲ့ Fingerprint Sensor နှစ်ခုစလုံးပါတာပါ။ Galaxy S9 မှာပါတဲ့ Samsung ရဲ့ Intelligent Scan Software ဟာ အဲဒီ နည်းပညာ နှစ်ခုစလုံးကို ပေါင်းစပ်ထားတာပါ။ အဲဒီ နည်းပညာနှစ်ခုထဲက တစ်ခုကို ရွေးပါဆိုရင် လက်ရှိမှာတော့ စာရေးသူက Fingerprint Sensor ကိုပဲ ရွေးမှာပါ။ ဖုန်းကို ကိုင်ထားစဉ်မှာ ဒီနည်းလမ်းက Unlock လုပ်ရတာ ပိုမြန်ပါတယ်။ ဒီနေ့ခေတ်ဖုန်းများမှာ ရှည်လျားတဲ့ စကရင်များ တပ်ဆင်ထားတဲ့အတွက် Notification Bar ကို ဆွဲချရတာ အခက်တွေ့ပါတယ်။ Fingerprint Sensor ကို ပွတ်ဆွဲခြင်းဖြင့် Notification Bar ကို ဆွဲချနိုင်တာ အဆင်ပြေပါတယ်။

 

 

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.