Smartphone Trending

18:9 Display နဲ့ Face Unlock ပါတဲ့ Huawei Y6 (2018)

Huawei က  တန်ဖိုးနည်း Y Series စမတ်ဖုန်းများကို ဆက်တိုက် ရောင်းချပေးနေပါတယ်။ အခုလည်း Y6 (2018) ကို မိတ်ဆက်လိုက်ပါတယ်။ ဖိလစ်ပိုင်နဲ့ ရုရှားလို နိုင်ငံများမှာ စတင် ရောင်းချပေးနေပါပြီ။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားတယ်လို့ ထင်ရပေမယ့် 13MP Camera တစ်လုံးသာ ပါပါတယ်။

 

သူ့မှာ ၅.၇ လက်မ အရွယ် HD+ Resolution (1440×720 pixels) Display တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးမှာ ခေတ်စားနေတဲ့ 18:9 ဖြစ်ပါတယ်။ 1.8GHz Octa-Core Qualcomm Snapdragon 450 Chipset နဲ့ Adreno 506 GPU များ ထည့်ပေးထားပါတယ်။

pic_s4-entertainment-bg-original

သူ့မှာ 2GB RAM , 16GB Internal Storage များ ထည့်သွင်းပေးထားသလို ဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ microSD Card Slot ပါရှိပါတယ်။ ဖုန်းရဲ့ ညာဘက်ခြမ်းမှာတော့ ပါဝါနဲ့ အသံခလုတ်များ တပ်ဆင်ထားပါတယ်။ လက်ဗွေရာအာရုံခံ ကိရိယာတော့ မပါရှိပါဘူး။ သူ့မှာ မျက်နှာ အာရုံခံ စနစ်ဖြစ်တဲ့ Face Unlock ပါလာပါတယ်။

Huawei-Y6-2018-review-price-specs-Revu-Philippines-881x495

အရှေ့ဘက်မှာ 5MP Camera ပါပြီး ထူးခြားဆန်းသစ်တဲ့ Selfie များအတွက် အခြေခံ AR Lens Effects  များ   ပါရှိပါတယ်။ Android  Oreo အခြေပြု  EMUI 8.0 ထည့်သွင်းထားပါတယ်။ ဘက်ထရီမှာ 3000mAh ဖြစ်ပါတယ်။ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာတော့ မပါပါဘူး။ အနက်၊ အပြာနဲ့ ရွှေရောင်များ ရွေးချယ်နိုင်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။ ဒေါ်လာ ၂၀၀ စွန်းစွန်းဖြင့် ရောင်းချနိုင်ပါတယ်။

 

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.