ရောင်းအားမကောင်း၍ HomePod ထုတ်လုပ်မှုကို Apple လျှော့ချမည်

0
2312

HomePod Speaker များဟာ မျှော်လင့်ထားတာထက် ရောင်းအား ကျဆင်းမှုကြောင့် Apple ဟာ HomePod Smart Speaker ထုတ်လုပ်မှုကို လျှော့ချမယ်လို့ ရေးသားထားပါတယ်။ ဒုတိယ ကွာတားမှာ တစ်လလျှင် အလုံးရေ ၂၀၀ ၀၀၀ သာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ပထမ ကွာတားမှာတော့ တစ်လလျှင် အလုံးရေ ၅၀၀ ၀၀၀ ထုတ်လုပ်ခဲ့တာပါ။ Apple က ၂၀၁၈ ခုနှစ်တစ်လုံးအတွက် စမတ်စပီကာထုတ်လုပ်မှုကို လျှော့ချမယ်လို့ သတင်းထွက်လာပါတယ်။

 

HomePod ဟာ ၃၄၉ ဒေါ်လာ  တန်ကြေးရှိပြီး ပြိုင်ဖက် စပီကာများထက် ဈေးကြီးပါတယ်။ အဲဒီအတွက် Apple ဟာ တန်ဖိုးနည်းတဲ့ HomePod ကို ရောင်းချခြင်းဖြင့် ရောင်းအားကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။  Apple က အဲဒီမော်ဒယ်ကို ရောင်းချမယ်ဆိုတဲ့ သတင်းများဟာလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ယခုနှစ်ရဲ့ စတုတ္ထ ကွာတားကျမှသာ အဲဒီမော်ဒယ်ကို ရောင်းချမယ်လို့ သတင်းများက ဆိုပါတယ်။

Apple က  HomePod ကို ရောင်းချပေးထားတာ လအနည်းငယ် ကြာမြင့်နေပါပြီ။ ဒါပေမယ့် အမေရိကန်၊ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံများမှာသာ ရောင်းချပေးထားပါတယ်။ အဲဒီအတွက် အခြားနိုင်ငံများမှာတော့ ရောင်းအား ကောင်းမလား မသိရသေးပါဘူး။ Apple က ဆောင်းရာသီမှာ   ပြင်သစ်နဲ့ ဂျာမနီနိုင်ငံများမှာ ရောင်းချပေးမယ်လို့ ပြောထားပါတယ်။

 

Apple ရဲ့  HomePod ရောင်းအား အသေးစိတ်ကို မသိကြရသေးပါဘူး။ Apple ကတော့ Apple Watch , Apple TV, AirPods , Beats , iPod  တို့ပါတဲ့ Other Products ကဏ္ဍထဲမှာ HomePod ကို ထည့်သွင်းထားမယ်လို့ မကြာခင်က ပြောကြားခဲ့ပါသေးတယ်။

Leave a Reply