OnePlus 6 ကို Avengers :Infinity War Limited-Edition နဲ့လည်းထုတ်မည်

0
2826

လာမယ့်လ အစောပိုင်းမှာ စွမ်းဆောင်ရည်မြင့်  OnePlus 6 ကို မိတ်ဆက်တော့မှာ  ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းနဲ့အတူ ကြိုးမဲ့ နားကြပ်ကိုလည်း ကြေညာမယ်လို့ သတင်းများ ထွက်နေပါတယ်။ ဒါပေမယ့် လာမယ့်လမှာ ကုမ္ပဏီဟာ အဲဒီ ထုတ်ကုန် နှစ်ခုကိုသာ ချပြမှာ မဟုတ်ပါဘူး။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ OnePlus 6 ရဲ့ အထူးထုတ် မော်ဒယ်တစ်မျိုးကို မိတ်ဆက်မှာ  ဖြစ်ပါတယ်။

အဲဒါကတော့ OnePlus 6 Avengers : Infinity War Edition ဖြစ်ပြီး အကန့်အသတ်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ Deadline’s ရဲ့ သတင်းအရ သူ့ကို ဗြိတိန်မှာ ရောင်းချမှာ  ဖြစ်ပြီး သူ့မှာ Qualcomm Snapdragon 845 Processor , 8GB RAM , 256GB   Internal Storage များ ထည့်သွင်းထားနိုင်ပါတယ်။

သာမာန် OnePlus 6 Model ကို မေလ ၅ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး Avengers : Infinity War Limited Edition ကိုလည်း အဲဒီ အချိန်လောက်မှာ မိတ်ဆက်နိုင်ပါတယ်။ အဲဒီ ရုပ်ရှင်ကို ယခုလ ၂၇ ရက်နေ့မှာ  စတင် ပြသမှာ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်ကို အမေရိကန်နဲ့ အခြား နိုင်ငံများမှာလည်း ရောင်းချနိုင်ပါတယ်။

OnePlus  5T Star Wars Edition ကိုလည်း ကုမ္ပဏီက ယခင်နှစ်မှာ အကန့်အသတ်ဖြင့် ရောင်းချပေးခဲ့ပါတယ်။ သာမာန် မော်ဒယ်နဲ့ အထူးထုတ် မော်ဒယ်များဟာ Specification များ တူညီကြပေမယ့် အထူးထုတ်  မော်ဒယ်မှာ အရောင်များ ကွဲပြားနိုင်ပါတယ်။ သာမာန်မော်ဒယ်မှာ Notch ပါလာနိုင်ပြီး ဒေါ်လာ ၅၀၀ အထက်မှာ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

 

MMT