Notch နှစ်ခုပါတဲ့ ZTE Smartphone

0
1577

မကြေညာရသေးတဲ့ ZTE Smartphone အသစ်တစ်လုံးဟာ World Design Guide အမည်ရ ဒီဇိုင်းပြိုင်ပွဲ မှာ  ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။ iF World Design ကို ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းများ ထွက်ပေါ်လာဖို့အတွက် ဂျာမနီ လူမျိုးများက တည်ထောင်ထားတာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ အမည်ကတော့ Iceberg ဖြစ်ပါတယ်။

 

စမတ်ဖုန်းများရဲ့ မျက်နှာပြင်မှာ   Notch ပါခြင်းဟာ ဒီဇိုင်းကို လှပစေတာလား၊ အားနည်းချက်ဖြစ်စေသလား ဆိုတဲ့ အငြင်းပွားမှုများ ဖြစ်နေဆဲပါ။ ZTE ကတော့ ယခု စမတ်ဖုန်းမှာ Notch နှစ်ခုတောင် ထည့်သွင်းထားပါတယ်။ ZTE က Notch များ မပါတဲ့ မျက်နှာပြင် အပြည့် စမတ်ဖုန်း အစား Notch ရဲ့ လှပမှုကို ပိုမို ဖော်ညွှန်းထားပါတယ်။ Notch တစ်ခုစီမှာ အရှေ့ကို မျက်နှာမူထားတဲ့ စပီကာတစ်ခုစီ  တပ်ဆင်ထားပါတယ်။ အပေါ်ပိုင်းမှ  Notch မှာ ကင်မရာတစ်လုံး၊ ဆန်ဆာနဲ့ ဖုန်းပြောဖို့ Earpiece တစ်ခု တပ်ဆင်ထားပါတယ်။

အရှေ့နဲ့ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ ရေခဲတုံးတစ်ခုကို ကိုင်နေရသလို ထင်ရအောင် အရှေ့နဲ့ အနောက်ဘက်မှ ဖန်များကို ဖုန်းရဲ့ လေးဘက်လေးတန်မှာ ဆက်သွယ်ထားပါတယ်။ ဖုန်းရဲ့ လုံးဝန်းတဲ့ ထောင့်လေးထောင့်ကို ဖောက်ထွင်းမြင်ရတဲ့ ဖန်ဖြင့် တိုးချဲ့ခြင်းဖြင့် ထောင့်မှန်ကျအောင် ဖန်တီးထားပြီး အဲဒီထောင့်စွန်းများဟာ ဖန်ရဲ့ လှပမှုကို ပြသနေပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီ စမတ်ဖုန်းကို Iceberg လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ သူ့မှာ ကြိုးမဲ့အားသွင်းနည်းပညာလည်း ပါပါတယ်။

 

Iceberg ကို ဖန်တီးဖို့ အချိန် ၁၃ လကနေ ၂၄ လအထိ ကြာမြင့်ခဲ့ပြီး အာရှ၊ ဥရောပနဲ့ မြောက်အမေရိက နိုင်ငံများမှာ ၂၀၁၉ ခုနှစ်တွင် ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။ သူ့မှာ အနောက် ကင်မရာနှစ်လုံးပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ ဒီဇိုင်းပြိုင်ပွဲမှာတော့ သူ့ရဲ့ Specifications  များနဲ့ အရွယ်အစားကို ဖော်ပြထားခြင်း မရှိပါဘူး။

MMT