HP Chromebook x2 က ပထမဦးဆံုး သီးသန္႔ခြဲသံုးနုိင္ေသာ Chrome OS laptop-Android tablet ျဖစ္လာ

0
1551

Zawgyi version

HP က သူရဲ့ new generation ေတြျဖစ္တဲ့ Chromebooks နဲ့ Chromebox ေတြကို ထုတ္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။ အဲ့သတင္းကို ဇန္န၀ါရီလမွာ ေၾကာ္ျငာခဲ့ျပီး လအနည္းၾကာတဲ့ အခ်ိန္မွာ HP Chromebook x360 ကို ေၾကာ္ျငာလုိက္ပါတယ္။

HP Chromebook x360 ကေတာ့ Chrome OS နဲ႔ ျပဳလုပ္ထားတဲ့ notebook အသစ္တစ္ခုပါပဲ။ သူက mobile computing ေပၚမွာ အေျခခံထားတဲ့ laptop လဲ ျဖစ္ပါတယ္။ တစ္ျခား high-specced Chromebook ေတြကိုေတာ့ ေစ်းကြက္ထဲမွာ မိတ္ဆက္ေပး ျပီးသားျဖစ္ပါတယ္။ HP အေနနဲ႔ကေတာ့ လူစိတ္၀င္စားမွုမ်ားတဲ့ model အသစ္ေတြကို ထပ္ျပီး မိတ္ဆက္ေပးမွာ ျဖစ္ပါတယ္။

HP ရဲ့ ေနာက္ဆံုးေပၚ model ျဖစ္တဲ့ HP Chromebook x2 က Chrome OS နဲ႔ Android ကို ေပါင္းစပ္ထားတာျဖစ္ပါတယ္။ အဲ့ဒါကို laptop အေနနဲ႔ေရာ tablet အေနနဲ႔ေရာ အသံုးျပဳနုိင္ပါတယ္။ keyboard ေတြကို ဖယ္လုိက္မယ္ဆိုရင္ Android ေပၚမွာ run တဲ့ ရိုးရိုးသာမာန္ tablet တစ္လံုးလိုျဖစ္သြားမွာ ျဖစ္ပါတယ္

သူက 1.62 pounds ပဲရွိျပီး 8.2mm ထိပါးလႊာပါတယ္။ ဘက္ထရီကိုေတာ့ အလြန္ဆံုး ၁၀ နာရီထိ အသံုးခံနုိင္ေအာင္ ျပဳလုပ္ထားပါတယ္။ သူက 8GB RAM နဲ႔ 7th Gen Intel Core processor ေပၚမွာ run နုိင္ပါတယ္။ သူ႔ကို သပ္သပ္ခြဲသံုးလို႔ ရေအာင္ magnetic hinge နဲ႔ ျပလုပ္ထားတာျဖစ္ပါတယ္။ သူ႔မွာ ပါ၀င္တဲ့ တစ္ျခား ပစၥည္းေတြကေတာ့ Quad HD8 12.3-inch diagonal Corning Gorilla Glass 4 touchscreen display, up to 32GB onboard storage, 100GB of free Google Cloud storage, B&O Play-tuned dual speakers, 13MP rear camera, 5MP selfie shooter, audio jack, microSD card slot, and USB TypeC port တို႔ပဲ ျဖစ္ပါတယ္။

HP က Chromebook x2 ကို June 10 ရက္မွာ ထုတ္လုပ္မယ္လို႔ ေျပာထားျပီး  $599.99 နဲ႔ စတင္၀ယ္ယူနုိင္မွာျဖစ္ပါတယ္။

 

Unicode version

HP က သူရဲ့ new generation တွေဖြစ်တဲ့ Chromebooks နဲ့ Chromebox တွေကို ထုတ်ဖို့ မျှော်မှန်းထားပါတယ်။ အဲ့သတင်းကို ဇန်နဝါရီလမှာ ကြော်ငြာခဲ့ပြီး လအနည်းကြာတဲ့ အချိန်မှာ HP Chromebook x360 ကို ကြော်ငြာလိုက်ပါတယ်။
HP Chromebook x360 ကတော့ Chrome OS နဲ့ ပြုလုပ်ထားတဲ့ notebook အသစ်တစ်ခုပါပဲ။ သူက mobile computing ပေါ်မှာ အခြေခံထားတဲ့ laptop လဲ ဖြစ်ပါတယ်။ တစ်ခြား high-specced Chromebook တွေကိုတော့ ဈေးကွက်ထဲမှာ မိတ်ဆက်ပေး ပြီးသားဖြစ်ပါတယ်။ HP အနေနဲ့ကတော့ လူစိတ်ဝင်စားမှုများတဲ့ model အသစ်တွေကို ထပ်ပြီး မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
HP ရဲ့ နောက်ဆုံးပေါ် model ဖြစ်တဲ့ HP Chromebook x2 က Chrome OS နဲ့ Android ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ အဲ့ဒါကို laptop အနေနဲ့ရော tablet အနေနဲ့ရော အသုံးပြုနိုင်ပါတယ်။ keyboard တွေကို ဖယ်လိုက်မယ်ဆိုရင် Android ပေါ်မှာ run တဲ့ ရိုးရိုးသာမာန် tablet တစ်လုံးလိုဖြစ်သွားမှာ ဖြစ်ပါတယ်
သူက 1.62 pounds ပဲရှိပြီး 8.2mm ထိပါးလွှာပါတယ်။ ဘက်ထရီကိုတော့ အလွန်ဆုံး ၁၀ နာရီထိ အသုံးခံနိုင်အောင် ပြုလုပ်ထားပါတယ်။ သူက 8GB RAM နဲ့ 7th Gen Intel Core processor ပေါ်မှာ run နိုင်ပါတယ်။ သူ့ကို သပ်သပ်ခွဲသုံးလို့ ရအောင် magnetic hinge နဲ့ ပြလုပ်ထားတာဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ တစ်ခြား ပစ္စည်းတွေကတော့ Quad HD8 12.3-inch diagonal Corning Gorilla Glass 4 touchscreen display, up to 32GB onboard storage, 100GB of free Google Cloud storage, B&O Play-tuned dual speakers, 13MP rear camera, 5MP selfie shooter, audio jack, microSD card slot, and USB TypeC port တို့ပဲ ဖြစ်ပါတယ်။
HP က Chromebook x2 ကို June 10 ရက်မှာ ထုတ်လုပ်မယ်လို့ ပြောထားပြီး $599.99 နဲ့ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။