Cambridge Analytica က သင့်အချက်အလက်တွေကိုသုံးနေသလား။ ဘယ်လိုစစ်ကြမလဲ
0
370
Zawgyi Version
Facebook Privacy Notification
Unicode Version
ဖေ့စ်ဘွတ်က သုံးစွဲသူတွေအတွက် Cambridge Analytica နဲက အခြားလုပ်ငန်းတွေက သူတို့ရဲကအချက်အလကတွေကို အသုံးပြုနေသလား၊ အသုံးမပြုဘူးလားဆိုတာ စစ်ဆေးကြည်နိုင်ဖို့အတွက် tool လေးတစ်ခု ထုတ်ပေးလိုက်ပါတယ်။
ဧပရယ် ကိုးရက်နေ့ကစပြီးတော့ သူတို့ရဲ့ News Feed ထိပ်မှာ လင့်လေးတစ်ခုချပြပြီးတော့ ဘယ်လိုapp တွေကို သင်ကသုံးနေသလဲ၊ အဲဒီ app တွေနဲ့မျှဝေထားတဲ့ အချက်အလက်တွေကိုလည်း တွေ့မြင်နိုင်မှာပါ။ မလိုချင်တဲ့ app တွေကို ဖယ်ရှားနိုင်တော့မှာပါ။ ဒီလုပ်ငန်းစဉ်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ Cambridge Analytica နဲ့ အချက်အလက်တွေ မျှဝေထားမလားဆိုတာလည်း စစ်ဆေးနိုင်တော့မှာဖြစ်ပါတယ်။
ဒီတော့ ကိုယ့်ရဲ့အချက်အလက်တွေ မျှဝေထားသလားဆိုတာကို ဘယ်လိုကြည့်နိုင်မလဲ။ ရိုးရှင်းပါတယ်။ browser ဒါမှမဟုတ် ဖုန်းကနေပြီးတော့ Facebook ကို ဝင်ပြီး news feed ကိုသွားလိုက်ပါ။ Cambridge Analytica ကနေ သင့်အချက်အလက်တွေယူထားမယ် ဒါမှမဟုတ် အခြားလုပ်ငန်းတစ်ခုခုက Facebook ကနေ ဘန်းခံထားရပြီးတော့ သင့်အချက်အလက်တွေယူသုံးနေဆဲလားဆိုတာကို စစ်ဆေးကြည့်နိုင်မှာပါ။ ဒါကြောင့် သင့်အချက်အလက်တွေ ဘယ်သူ့ဆီမှာရှိသလဲဆိုတာကို ပြသပေးမှာဖြစ်ပါတယ်။
အောက်မှာပြထားတဲ့ပုံလေးကတော့ privacy notification အသစ်လေးက ဘာနဲ့တူမလဲဆိုတာကို ပြသပေးထားတာပါ။ လက်ရှိသင့်အချက်အလက်တွေအသုံးပြုနေတဲ့ app တွေနဲ့ ဝက်ဘ်ဆိုက်တွေကို စစ်ဆေးနိုင်မှာပါ။ Cambridge Analytica အရှုပ်တော်ပုံနဲ့ပတ်သတ်လို့ အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်ပေမယ့်လည်း ဒီ notification လေးက သင့်ကို ရေရှည်မှာလုံခြုံစေနိုင်ပါ့မလား။
ဒီလိုပြောင်းလဲမှုတွေက သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ကာကွယ်ထားနိုင်မှာဖြစ်ပြီး developer တွေအနေနဲ့ သုံးစွဲသူတွေအတွက်အသုံးဝင်တဲ့ အတွေ့အကြုံတွေကို ဖန်တီးနိုင်စေမှာပါ။ သူတို့အနေနဲ့လုပ်စရာအလုပ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ပြောင်းလဲမှုတွေလုပ်ပြီးတော့ update တွေကို လုပ်ဆောင်ပေးသွားမှာပါ။
Cambridge Analytica အရှုပ်တော်ပုံဖြစ်လာတဲ့နောက်မှာတော့ မက်ဇူကာဘတ်က စစ်ဆေးခံနေရပါတယ်။ Facebook က ဘာသိထားသလဲ၊ ဘယ်အချိန်မှာသိတာလဲဆိုတဲ့အကြောင်းတွေပါ။ ဇူကာဘတ်ကတော့ အနာဂတ်မှာပိုကောင်းလာအောင်လုပ်ဆောင်သွားမယ်လို့ ကွန်ဂရက်မှာပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့အပတ်တွေတုန်းက Cambridge Analytica နဲ့ပတ်သတ်ပြီးတော့ ဘာတွေဖြစ်နေသလဲဆိုတာကို နားလည်ဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုနောက်တစ်ကြိမ်မဖြစ်အောင် လုပ်ဆောင်ဖို့အတွက် စီစဉ်နေပါတယ်။” လို့ ဇူကာဘတ်ကရေးသားခဲ့ပါတယ်။ “ဒီလိုနောက်တစ်ကြိမ်မဖြစ်အောင် အရေးပါတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေပါတယ်။ အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အမှားအယွင်းတွေလုပ်မိပါတယ်။ ပြင်ဆင်စရာတွေလည်း အများကြီးရှိနေပါတယ်။ လုပ်ဖို့အတွက်လည်း ပြင်ဆင်ရပါဦးမယ်”