Apple က မကုန်ခမ်းနိုင်သော စွမ်းအင်ကို 100% ထိ သုံးစွဲ

0
348

Zawgyi version

Apple က ၄င်းရဲ့ global facilitie တွေ retail store တွေအပါအ၀င် ရုံးတွေ data center တွေနဲ့ တခြားအရာတွေကို clean energy 100% ထိ သုံးစွဲထားပြီလို့ ကြော်ငြာလိုက်ပါပြီ။






 

Unicode version

Apple က ၎င်းရဲ့ global facilitie တွေ retail store တွေအပါအဝင် ရုံးတွေ data center တွေနဲ့ တခြားအရာတွေကို clean energy 100% ထိ သုံးစွဲထားပြီလို့ ကြော်ငြာလိုက်ပါပြီ။
Apple ရဲ့ 100% clean energy က United States ၊UK ၊ တရုတ် နဲ့ အိန္ဒိယ နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံကို facilitie တွေနဲ့ လွှမ်းမိုးထားပါတယ်။ Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook က Apple က ကမ္ဘာကြီးကို ပိုပြီးဖွံဖြိုးတိုးတက်အောင် လုပ်သွားမယ်လို့ ဆိုထားပါတယ်။
မျှော်မှန်းထားတဲ့အတိုင်းဖြစ်လာတဲ့ အတွက် နှစ်တွေအများကြီး ကြိုးစားရတာ ကြိုးစားရကျိုးနပ်ပါတယ်လို့ ပြောထားပါသေးတယ်။
Apple က clean energy goals ကိုရောက်ဖို့ မကုန်ခမ်းနိုင်သော စွမ်းအင်ကို ကမ္ဘာတစ်ဝှမ်းမှာ ရင်နှီးမြုပ်နှံထားပြီး solar arrays, wind farms, biogas fuel cells, micro-hydration generation systems နဲ့ တစ်ခြား စွမ်းအင်သိုလှောင်တဲ့ နည်းပညာပစ္စည်းတွေကို ဆောက်လုပ်ထားပါတယ်။
Apple က ကမ္ဘာတစ်ဝှမ်းမှာ အသင့်သုံးနိုင်သော renewable energy project ပေါင်း ၂၅ ခုလောက်ရှိတယ်လို့ ပြောထားပါတယ်။ အားလုံးပေါင်းဆိုရင် 626 megawatts capacity လောက်ရှိပါတယ်တဲ့။ ဆောက်ပြီးသား project ၁၅ ခုကိုတော့ ၁၁ နိုင်ငံမှာ ပေးနိုင်ပြီဖြစ်ပါတယ်။ အဲ့နိုင်ငံတွေက clean renewable energy ရဲ့ 1.4 gigawatts ကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Apple ရဲ့ renewable energy projects တစ်ချို့တွေကတော့ Apple Park နဲ့ တစ်ခြား campus တွေမှာရှိတဲ့ solar panels၊ တရုတ်နိုင်ငံမှာရှိတဲ့ wind and solar projects ၊ Reno, Nevada and Maiden, North Carolina နိုင်ငံတွေမှာရှိတဲ့ solar facilities ၊ ဂျပန်နိုင်ငံမှာရှိတဲ့ 300 rooftop solar systems ၊ စင်္ကာပူမှာရှိတဲ့ 800-rooftop renewable energy system တွေပဲဖြစ်ပါတယ်။
ကျွန်ုပ်တို့ ကြိုးစားမှုဟာ 100% ထိ ချဉ်းကပ်တော့မှာလို့လဲ ပြောထားပါသေးတယ်။ ကျန်တဲ့ 4% ကိုတော့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်တဲ့။ 2011 ကတည်းက Apple ရဲ့ project တွေဟာ ဖန်လုံအိမ်အာနိသင်ကိုလဲ 54% ထိ လျှော့ချနိုင်ခဲ့ပါတယ်။ လေထုထဲကို ဝင်ရောက်လာမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် 2.1 million metric tons နီးပါး ကာကွယ်ထားပါတယ်။