5x Optical Zoom ရနိုင်ရေးအတွက် အနောက်ကင်မရာသုံးလုံးကို ကြိုးပမ်းနေသည့် Apple

0
1600

Zawgyi

iPhone X ဈေးကွက်ထဲက အကောင်းဆုံးကင်မရာနှစ်လုံးစနစ်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါပေမယ့် အစီရင်ခံစာအသစ်ရဲ့အဆိုအရ Apple ဟာ နောက်နှစ်မှာတော့ အဆင့်တစ်ခုကိုထက်တက်ပါတော့မယ်။ အနောက်ကင်မရာသုံးလုံးကို လုပ်ဆောင်နေပါပြီ။

ဒီအစီရင်ခံစာကတော့ ထိုင်ဝမ်ရဲ့ Economic Daily News ကနေတစ်ဆင့် ပါလာခဲ့တာပါ။ သူတို့ရဲ့ပြောကြားချက်အရ 12-megapixel ကင်မရာက အဓိကအနေနဲ့အသုံးပြုမယ်လို့ သိရပါတယ်။

အဲဒီကင်မရာမှာ 6P lens ဒီဇိုင်းနဲ့ 5x zoom ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် zoom က optical လား digital လားဆိုတာကတော့ မရှင်းသေးပါဘူး။ iPhone 8 မှာတော့ single-lens ၊ 5x digital zoom ကို အသုံးပြုထားပြီး iPhone X နဲ့ iPhone 8 Plus မှာတော့ 2x optical zoom ၊ 10x digital zoom တို့ကို အသုံးပြုထားပေးပါတယ်။ ဒါကြောင့် 2019 iPhone မှာတော့ 5x optical zoom နဲ့ ကင်မရာသုံးလုံးထွက်ပေါ်လာပါလိမ့်မယ်။

ကင်မရာသုံးလုံးကို ကောလဟာလအတိုင်း ထုတ်လုပ်မယ်ဆိုရင်တောင်မှ Apple က ပထမဆုံးထုတ်လုပ်သူ မဖြစ်နိုင်တော့ပါဘူး။ P20 Pro ဟာ ကင်မရာသုံးလုံးကို တပ်ဆင်ထားပြီးတော့ 40-megapixel primary shooter လည်း ပါဝင်နေပါသေးတယ်။ အခြားနှစ်လုံးကတော့ 20-megapixel နဲ့ 8-megapixel တို့ဖြစ်ပြီး telephoto lens မှာ 3x optical zoom ကိုလည်း အသုံးပြုထားပါသေးတယ်။

ဒါကြောင့် ကင်မရာသုံးလုံးတပ်ဆင်မှုရဲ့ အကျိုးကျေးဇူးတွေကို Huawei က ကောင်းကောင်းပြသလိုက်တာမို့ Galaxy S9, Pixel 2 နဲ့ iPhone X တို့ထက် သာလွန်နေတာဖြစ်ပါတယ်။

2019 iPhone ကတော့ ထွက်ဖို့လိုပါသေးတယ်။ ဒါကြောင့် ဒီအကြောင်းနဲ့ပတ်သတ်ပြီး သတင်းတွေ ထပ်ကြားရပါလိမ့်ဦးမယ်။

Unicode