Zawgyi Version
စမတ္ဖုန္းမ်က္ႏွာျပင္ အခ်ိဳင့္ေလးကို မၾကိဳက္တဲ့သူတစ္ေယာက္ဆိုရင္လည္း ဆက္ဖတ္ၾကည့္ပါဦး။ Android Authority က မဲခြဲဆံုးျဖတ္ျပီးေနာက္မွာေတာ့ အခ်ိဳင့္ေလးကို စမတ္ဖုန္းသံုးစြဲသူအမ်ားစုက အေရးမစိုက္ၾကတာကို ေတြ႕ရပါတယ္။ ZTE ကေတာ့ နားမေထာင္ပါဘူး။ အခ်ိဳင့္ကိုတစ္ခုေတာင္ မဟုတ္ပါဘူး။ ႏွစ္ခုေတာင္ပါတဲ့ဖုန္းကို ဒီဇုိင္းထုတ္ထားလို႕ပါပဲ။
ZTE Iceberg (codename) ကေတာ့ unibody ျဖစ္ဖို႕အတြက္ မွန္သားႏွစ္ခုကိုအသံုးျပဳထားတဲ့ နည္းပညာအသစ္ကို ဖန္တီးထားပါတယ္။ ဒါေၾကာင့္ ZTE Iceberg ရဲ႕ အေရွ႕ေရာက္အေနာက္ပါ ဖန္သားေတြကို အသံုးျပဳထားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႕က ေရခဲတံုးေလးကိုကိုင္ေနရသလို ခံစားရမယ္လို႕ နာမည္ေလးက ရည္ညႊန္းထားတာပါ။ pane ႏွစ္ခုအၾကားက လုိင္းေတြကိုေတာင္ မျမင္ရေလာက္ေတာ့ပါဘူး။
ZTE Iceberg ကေတာ့ အိပ္မ္ကဆိုးတစ္ခု ျဖစ္လာႏုိင္ပါတယ္။ ဖုန္းရဲ႕ေထာင့္ေတြဟာ ေကြးညြတ္ထားေပမယ့္လည္း Google Pixel 2 XL နဲ႕ေတာ့ မတူညီပါဘူး။ ဖုန္းရဲ႕ေထာင့္ေတြကလည္း ထိုးေဖာက္ျမင္ေနရပါတယ္။ ၾကည့္ရတာကေတာ့ လံုး၀ကိုကြဲထြက္ေနပါတယ္။
ဒါေပမယ့္ မ်က္လံုးေတြက ေအာက္အခ်ိဳင့္ေလးကို ေရာက္သြားတဲ့အခါမွာ တစ္မ်ိဳးျဖစ္သြားပါတယ္။ အေတာ္မ်ားမ်ားက အခ်ိဳင့္ကို အေပၚမွာသာထားၾကေပမယ့္လည္း ZTE Iceberg ကေတာ့ ေနာက္ထပ္အခ်ိဳင့္တစ္ခုကေတာ့ ေအာက္ဘက္မွာ စပီကာနဲ႕ မိုက္ခရိုဖုန္းေတြအတြက္ ထည့္ေပးထားပါတယ္။
အခ်ိဳင့္နဲ႕ပတ္သတ္ျပီးေတာ့ ေ၀ဖန္သူအမ်ားစုကေတာ့ ဒီအခ်ိဳင့္ေၾကာင့္ ဖုန္းရဲ႕သဘာ၀ကိုထိခိုက္တယ္လို႕ ေျပာပါတယ္။ ZTE ကေတာ့ ရူးသြပ္စြာေရွ႕တုိးတယ္လို႕ဆိုရမလား။ အခ်ိဳင့္ကို ေအာက္ဘက္မွာေတာင္ ထပ္ထည့္ရဲတာ အံ့ၾသစရာပါပဲ။
ZTE Iceberg ကေတာ့ အခုအခ်ိန္မွာ concept အဆင့္ပဲရွိပါတယ္။ ထုတ္လုပ္မႈအေျခအေနကို ၾကားသိရဖို႕ဆိုရင္ေတာ့ ၂၀၁၈ မွာမျဖစ္ႏုိင္ေလာက္ပါဘူး။
ကဲ ဘယ္လိုထင္သလဲ။ အခ်ိဳင့္ႏွစ္ခုက တစ္ခုထက္ပိုေကာင္းလားမလား။ အခ်ိဳင့္ေတြက ဆိုးဆိုးရြားရြားေတြ ျဖစ္လာေစမလား။ ေ၀ဖန္ေပးၾကပါဦး။
Unicode Version
စမတ်ဖုန်းမျက်နှာပြင် အချိုင့်လေးကို မကြိုက်တဲ့သူတစ်ယောက်ဆိုရင်လည်း ဆက်ဖတ်ကြည့်ပါဦး။ Android Authority က မဲခွဲဆုံးဖြတ်ပြီးနောက်မှာတော့ အချိုင့်လေးကို စမတ်ဖုန်းသုံးစွဲသူအများစုက အရေးမစိုက်ကြတာကို တွေ့ရပါတယ်။ ZTE ကတော့ နားမထောင်ပါဘူး။ အချိုင့်ကိုတစ်ခုတောင် မဟုတ်ပါဘူး။ နှစ်ခုတောင်ပါတဲ့ဖုန်းကို ဒီဇိုင်းထုတ်ထားလို့ပါပဲ။
ZTE Iceberg (codename) ကတော့ unibody ဖြစ်ဖို့အတွက် မှန်သားနှစ်ခုကိုအသုံးပြုထားတဲ့ နည်းပညာအသစ်ကို ဖန်တီးထားပါတယ်။ ဒါကြောင့် ZTE Iceberg ရဲ့ အရှေ့ရောက်အနောက်ပါ ဖန်သားတွေကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ရေခဲတုံးလေးကိုကိုင်နေရသလို ခံစားရမယ်လို့ နာမည်လေးက ရည်ညွှန်းထားတာပါ။ pane နှစ်ခုအကြားက လိုင်းတွေကိုတောင် မမြင်ရလောက်တော့ပါဘူး။
ZTE Iceberg ကတော့ အိပ်မ်ကဆိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဖုန်းရဲ့ထောင့်တွေဟာ ကွေးညွတ်ထားပေမယ့်လည်း Google Pixel 2 XL နဲ့တော့ မတူညီပါဘူး။ ဖုန်းရဲ့ထောင့်တွေကလည်း ထိုးဖောက်မြင်နေရပါတယ်။ ကြည့်ရတာကတော့ လုံးဝကိုကွဲထွက်နေပါတယ်။
ဒါပေမယ့် မျက်လုံးတွေက အောက်အချိုင့်လေးကို ရောက်သွားတဲ့အခါမှာ တစ်မျိုးဖြစ်သွားပါတယ်။ အတော်များများက အချိုင့်ကို အပေါ်မှာသာထားကြပေမယ့်လည်း ZTE Iceberg ကတော့ နောက်ထပ်အချိုင့်တစ်ခုကတော့ အောက်ဘက်မှာ စပီကာနဲ့ မိုက်ခရိုဖုန်းတွေအတွက် ထည့်ပေးထားပါတယ်။
အချိုင့်နဲ့ပတ်သတ်ပြီးတော့ ဝေဖန်သူအများစုကတော့ ဒီအချိုင့်ကြောင့် ဖုန်းရဲ့သဘာဝကိုထိခိုက်တယ်လို့ ပြောပါတယ်။ ZTE ကတော့ ရူးသွပ်စွာရှေ့တိုးတယ်လို့ဆိုရမလား။ အချိုင့်ကို အောက်ဘက်မှာတောင် ထပ်ထည့်ရဲတာ အံ့သြစရာပါပဲ။
ZTE Iceberg ကတော့ အခုအချိန်မှာ concept အဆင့်ပဲရှိပါတယ်။ ထုတ်လုပ်မှုအခြေအနေကို ကြားသိရဖို့ဆိုရင်တော့ ၂၀၁၈ မှာမဖြစ်နိုင်လောက်ပါဘူး။
ကဲ ဘယ်လိုထင်သလဲ။ အချိုင့်နှစ်ခုက တစ်ခုထက်ပိုကောင်းလားမလား။ အချိုင့်တွေက ဆိုးဆိုးရွားရွားတွေ ဖြစ်လာစေမလား။ ဝေဖန်ပေးကြပါဦး။