iPhone X ေပၚမွာအသံုးျပဳႏုိင္မယ့္ Snapchat ရဲ႕ Face Filter အသစ္မ်ား

0
465

Zawgyi Version

Snapchat ကေတာ့ Apple ရဲ႕ iPhone X flagship ေပၚမွာအသံုးျပဳႏုိင္ဖုိ႕ facial filter အသစ္ေလးမ်ားကို launch လုပ္လိုက္ပါျပီ။

အဲဒီ filter အသစ္သံုးမ်ိဳးကေတာ့ TrueDepth ကင္မရာမွ အခ်က္အလက္မ်ားကို အသံုးျပဳျပီးေတာ့ filter ေတြကို မ်က္ႏွာနဲ႕လိုက္ေလ်ာညီေထြရွိျပီးေတာ့ ပိုမိုတိက်ေအာင္ ေဆာင္ရြက္ေပးမွာျဖစ္ပါတယ္။

Snapchat ဟာ augmented reality အေျခခံထားတဲ့ facial filters ေလးေတြကို ေရွးဦးလုပ္ေဆာင္သူအျဖစ္နဲ႕ ေတြးေတာလို႕ရပါတယ္။ အဲဒီနည္းပညာကို Snap Inc က အရင္ဦးဆံုုး လုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။ ဟုတ္ပါတယ္။ သူတို႕လုပ္ေဆာင္မႈေၾကာင့္ ဒီနည္းပညာနဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ အဓိကေရစီးေၾကာင္းေပၚကို ေရာက္လာခဲ့တာပါ။

အခုဆိုရင္ေတာ့ ေနာက္တစ္ဆင့္တက္တဲ့အေနနဲ႕ေရာ ဒီနည္းပညာက ဘာေတြကိုလုပ္လုိ႕ရသလဲဆိုတာကို ျပသတဲ့အေနနဲ႕ပါ filter အသစ္ေတြကို iPhone X ေပၚကို ယူေဆာင္လာျပီးေတာ့ TrueDepth ကင္မရာနဲ႕ တြဲဖက္ျပသသြားမွာျဖစ္ပါတယ္။

Snapchat ဟာ old-school wrestling mask ၊ tiara နဲ႕ filter တစ္ခု၊ ေက်ာက္မ်က္ရတနာမ်ား စတာေတြကို သံုးစြဲသူရဲ႕မ်က္ႏွာေပၚမွာ ေကာင္းမြန္စြာ ေနသားတက်ဆင္ျမန္းေပးသြားမွာ ျဖစ္ပါတယ္။ ဟုတ္ပါတယ္။ တကယ့္အစစ္ေတြလိုျမင္ရေအာင္ ထပ္တူညီမႈရွိရွိနဲ႕ ဆင္ျမန္းေပးႏုိင္မွာပါ။ တခ်ိဳ႕ filter ေတြကေတာ့ iPhone X ပြဲမွာ ျပသခဲ့ျပီး ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္အသစ္ကေတာ့ iPhone X ပိုင္ရွင္ေတြအတြက္ ေက်နပ္စရာသိပ္ေကာင္းပါတယ္။ အျခားဖုန္းပိုင္ရွင္ေတြထက္ ထူးျခားတဲ့ခံစားမႈကို ရရွိႏုိင္တာကလည္း တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ ဒါေပမယ့္ Snapchat ဟာ အဲဒီကင္မရာကိုအသံုးျပဳျပီးေတာ့ real-time လုပ္ႏုိင္ေအာင္ ၾကိဳးစားေနပါေသးတယ္။ အဲဒါကေတာ့ iPhone X ေပၚက Portrait Lighting mode နဲ႕ ဆင္တူပါတယ္။

Filter အသစ္ေတြရဲ႕အသံုးျပဳပံုကေတာ့ မေျပာင္းလဲထားတဲ့အတြက္ေၾကာင့္ iPhone X သံုးစြဲသူေတြအေနနဲ႕ နည္းလမ္းအသစ္ကို လုိက္ရမွာမ်ိဳး၊ gesture အသစ္ေတြသံုးရမွာမ်ိိဳး မဟုတ္တာမို႕ ေအးေအးေဆးေဆး သံုးေနက်အတုိင္း သံုးရံုပါပဲ။ အေရွ႕ကင္မရာကိုအသံုးျပဳျပီးေတာ့ screen ကို ဖိလိုက္တာနဲ႕ လူတုိင္းၾကိဳက္ႏွစ္သက္မယ့္ filter ေလးေတြ ေရာက္လာမွာပါ။

ပထမဆံုးသံုးခုကေတာ့ iPhone X filter အသစ္ေတြျဖစ္ပါတယ္။ ဒါေပမယ့္ သတိျပဳရမွာက filter အသစ္ေတြကို အသံုးျပဳမယ္ဆိုရင္ေတာ့ လူတုိင္းနဲ႕share လို႕ရလားဆိုတာကို ျပန္ၾကည့္သင့္ပါတယ္။

Unicode Version

Snapchat ကတော့ Apple ရဲ့ iPhone X flagship ပေါ်မှာအသုံးပြုနိုင်ဖို့ facial filter အသစ်လေးများကို launch လုပ်လိုက်ပါပြီ။

အဲဒီ filter အသစ်သုံးမျိုးကတော့ TrueDepth ကင်မရာမှ အချက်အလက်များကို အသုံးပြုပြီးတော့ filter တွေကို မျက်နှာနဲ့လိုက်လျောညီထွေရှိပြီးတော့ ပိုမိုတိကျအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

Snapchat ဟာ augmented reality အခြေခံထားတဲ့ facial filters လေးတွေကို ရှေးဦးလုပ်ဆောင်သူအဖြစ်နဲ့ တွေးတောလို့ရပါတယ်။ အဲဒီနည်းပညာကို Snap Inc က အရင်ဦးဆုံုး လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ သူတို့လုပ်ဆောင်မှုကြောင့် ဒီနည်းပညာနဲ့ လုပ်ဆောင်ချက်တွေဟာ အဓိကရေစီးကြောင်းပေါ်ကို ရောက်လာခဲ့တာပါ။

အခုဆိုရင်တော့ နောက်တစ်ဆင့်တက်တဲ့အနေနဲ့ရော ဒီနည်းပညာက ဘာတွေကိုလုပ်လို့ရသလဲဆိုတာကို ပြသတဲ့အနေနဲ့ပါ filter အသစ်တွေကို iPhone X ပေါ်ကို ယူဆောင်လာပြီးတော့ TrueDepth ကင်မရာနဲ့ တွဲဖက်ပြသသွားမှာဖြစ်ပါတယ်။

Snapchat ဟာ old-school wrestling mask ၊ tiara နဲ့ filter တစ်ခု၊ ကျောက်မျက်ရတနာများ စတာတွေကို သုံးစွဲသူရဲ့မျက်နှာပေါ်မှာ ကောင်းမွန်စွာ နေသားတကျဆင်မြန်းပေးသွားမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တကယ့်အစစ်တွေလိုမြင်ရအောင် ထပ်တူညီမှုရှိရှိနဲ့ ဆင်မြန်းပေးနိုင်မှာပါ။ တချို့ filter တွေကတော့ iPhone X ပွဲမှာ ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်အသစ်ကတော့ iPhone X ပိုင်ရှင်တွေအတွက် ကျေနပ်စရာသိပ်ကောင်းပါတယ်။ အခြားဖုန်းပိုင်ရှင်တွေထက် ထူးခြားတဲ့ခံစားမှုကို ရရှိနိုင်တာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် Snapchat ဟာ အဲဒီကင်မရာကိုအသုံးပြုပြီးတော့ real-time လုပ်နိုင်အောင် ကြိုးစားနေပါသေးတယ်။ အဲဒါကတော့ iPhone X ပေါ်က Portrait Lighting mode နဲ့ ဆင်တူပါတယ်။

Filter အသစ်တွေရဲ့အသုံးပြုပုံကတော့ မပြောင်းလဲထားတဲ့အတွက်ကြောင့် iPhone X သုံးစွဲသူတွေအနေနဲ့ နည်းလမ်းအသစ်ကို လိုက်ရမှာမျိုး၊ gesture အသစ်တွေသုံးရမှာမျိုး မဟုတ်တာမို့ အေးအေးဆေးဆေး သုံးနေကျအတိုင်း သုံးရုံပါပဲ။ အရှေ့ကင်မရာကိုအသုံးပြုပြီးတော့ screen ကို ဖိလိုက်တာနဲ့ လူတိုင်းကြိုက်နှစ်သက်မယ့် filter လေးတွေ ရောက်လာမှာပါ။

ပထမဆုံးသုံးခုကတော့ iPhone X filter အသစ်တွေဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုရမှာက filter အသစ်တွေကို အသုံးပြုမယ်ဆိုရင်တော့ လူတိုင်းနဲ့share လို့ရလားဆိုတာကို ပြန်ကြည့်သင့်ပါတယ်။