Apple iPad 2018 ကို သုံးသပ်ကြည့်ခြင်း

0
2205

Apple iPad 2018 ကို စပြီးတော့ သုံးသပ်ရမယ်ဆိုရင်တော့ လူတိုင်းသိနေတဲ့ feature သစ်လေးနှစ်ခုကနေ စပြီးတော့ ပြောရမှာပါပဲ။ ဒါကတော့ ဒေါ်လာ၉၉တန် Apple Pencil ကို ထောက်ပံ့ပေးထားခြင်းနဲ့ မြန်ဆန်တဲ့ပရိုဆက်ဆာ A10 “Fusion” ကို အသုံးပြုထားခြင်းပါပဲ။ သုံးစွဲကြည့်တဲ့အခါမှာတော့ မနှစ်က iPad နဲ့ကွဲပြားမှုကို သိပ်မတွေ့ရပါဘူး။

သင့်မှာ iPad တစ်လုံးရှိတယ်။ နည်းနည်းဟောင်းနေပြီဆိုပါတော့။ လဲဖို့အတွက်စဉ်းစားကြည့်ကြရအောင်။ ဈေးကွက်ထဲမှာ ဘာတွေရှိနိုင်မလဲ။ Amazon က တက်ဘလက်တွေလား။ သူတို့ကတော့ Kindle အတွက်လောက်သာ ထုတ်ထားတဲ့ကောင်တွေပါ။ ဒေါ်လာ၅၀၀ထက်နည်းတဲ့ Windows တက်ဘလက်တွေရှိပါတယ်။ ဒါပေမယ့် မထောက်ခံချင်ပါဘူး။ ChromeOS လည်းရှိတယ်။ အခု iPad လောက်တော့ မကောင်းဘူးလို့ ခံစားရပါတယ်။ Android တက်ဘလက်တွေဆိုရင်တော့ မပြောတော့ပါဘူး။ ဒါကြောင့် ဘာမှစဉ်းစားမနေပါနဲ့။ Apple iPad 2018 ကို ရွေးလိုက်ပါ။ ဘာကြောင့်ရွေးရသလဲဆိုရင်တော့ ရွေးစရာကဒီတစ်ခုပဲရှိလို့ပါ။

သူ့မှာ ဘယ်လို feature တွေပါသလဲဆိုတာကို လေ့လာကြည့်ကြမယ်။

 

  • 4 x 6.6 x 0.29 inches; 1.03 pounds
  • 7-inch display; 2048 x 1536 resolution
  • Oleophobic coating, but not laminated
  • Apple Pencil support
  • Apple A10 Fusion processor
  • 8-megapixel rear camera, 1.2-megapixel front camera
  • First-gen Touch ID home button
  • Smart Connector အတွက်ထောက်ပံ့မထားဘူး
  • stereo စပီကာနှစ်လုံးက အောက်ဘက်မှာတပ်ဆင်ထားတယ်
  • 32GB Wi-Fi မော်ဒယ်လ်အတွက်က ဒေါ်လာ ၃၂၉
  • 128GB storage ဆိုရင်တော့ ဒေါ်လာ၁၀၀ ပိုကုန်မယ်
  • LTE ဗားရှင်းဆိုရင်တော့ ဒေါ်လာ၁၃၀ ပိုကုန်မယ်

တစ်ခုတည်းဆိုရင် ပျင်းစရာကောင်းနေလိမ့်မယ်။ iPad Pro နဲ့ နည်းနည်းလောက်ယှဉ်ကြည့်ရအောင်။ ၉.၇လက်မမျက်နှာပြင်က အရမ်းမိုက်ပါတယ်။ ဒါပေမယ့် Pro လောက်တော့ မကောင်းနိုင်ပါဘူး။ သူ့မှာ visible air gap ပါဝင်ပြီး refresh rate မမြန်ပါဘူး။ အပူချိန်ကိုလည်း အလိုအလျောက်ညှိမပေးနိုင်ပါဘူး။ ဒါကြောင့် iPad Pro  နဲ့ယှဉ်လိုက်ရင်တော့ မှေးမှိန်သွားသလိုဖြစ်နေပေမယ့်လည်း သူ့ဈေးနဲ့တော့ ကောင်းနေပါသေးတယ်။ ပြီးတော့ သာမန်သုံးစွဲသူတစ်ယောက် ဒါမျိုးတွေကို ဂရုစိုက်နေမယ်လို့ မထင်ပါဘူး။ ဘတ်ထရီကတော့ ဆယ်နာရီလောက်ခံတယ်လို့ ပြောထားပါတယ်။ သူတို့နှစ်ခုကြားက ခြားနားချက်လေးတွေရှိပေမယ့်လည်း သိသာထင်ရှားနေတာမျိုးတော့ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ iPad က ဒေါ်လာ၃၂၉ ဖြစ်နေချိန်မှာ Pro ကတော့ ဒေါ်လာ၆၄၉ ရှိပါတယ်။ ဒီတော့ ဘာတွေအပိုရနိုင်မလဲ။ ပိုကြီး၊ ပိုကောင်းတဲ့မျက်နှာပြင်၊ ပိုမြန်တဲ့ပရိုဆက်ဆာနဲ့ RAM ပမာဏများများ၊ smart keyboard connector ၊ ကင်မရာခပ်လန်းလန်း၊ စပီကာအရေအတွက်များများ ရနိုင်မှာပါ။

ကျောင်းသူကျောင်းသားတွေနဲ့ သာမန်လူတွေအတွက်ကတော့ ဈေးသက်သာတဲ့ iPad က ကောင်းပါတယ်။ iPad Pro ကတော့ လက်ပ်တော့အစားထိုးသုံးချင်တဲ့သူတွေအတွက် ထောက်ခံပေးချင်ပါတယ်။ ဒါတင်ပဲလား။

ဒေါ်လာ၃၀၀လောက်အပိုပေးထားရတယ်ဆိုတော့ feature ပိုင်းမှာလည်း နည်းနည်းကွာတာလေးကို ပြောချင်ပါတယ်။ Pro ဆိုတော့ ပိုကောင်းမယ်ဆိုတာ မှန်းထားပြီးလောက်ပါပြီ။ ဟုတ်ပါတယ်။ app တွေအများကြီးကို တစ်ပြိုင်နက်အသုံးပြုနိုင်ပါတယ်။ split-screen app နှစ်ခုနဲ့ တစ်ခုနဲ့ video in picture-in-picture တစ်ခု အသုံးပြုနိုင်ပါတယ်။ iPad မှာကတော့ split-screen app နှစ်ခုနဲ့ ကို အသုံးပြုနေရင်းက နောက်တစ်ခုကို slide-over window လုပ်လိုက်မယ်ဆိုရင်တော့ နောက်ကွယ်မှာ run နေတဲ့အရာမှန်သမျှ ရပ်ထားမှာဖြစ်ပါတယ်။ ဘယ်သူကအဲဒါတွေ တွေးနေမှာလဲ။ ဒါကတော့ Pro ကို ကွန်ပျူတာတစ်လုံးသဖွယ်အသုံးပြုချင်သူတွေအတွက် ပြောပြပေးတာဖြစ်ပါတယ်။

Apple Pencil support ကတော့ ကျောင်းသားတွေအတွက် ဈေးသက်သက်သာသာနဲ့ ရနိုင်အောင်လို့ပါ။ ဒီဈေးနဲ့ ကျောင်းတွေကရော ပျော်ပါ့မလားလို့ တွေးမိတယ်။ ကျောင်းသားတွေအတွက် အကြမ်းခံcase နဲ့ ကီးဘုတ်တွေလိုအပ်မယ်လို့ ထင်တယ်။

နောက်တစ်ခုကတော့ Smart Keyboard Connector မပါဝင်တာကို သဘောမကျဘူး။ Bluetooth ကီးဘုတ်တွေသုံးရတာ အဆင်မပြေသလို မကြိုက်ပါဘူး။ ကျွန်တော်သာ Apple ဆိုရင်တော့ နောက်တစ်ကြိမ်ဗားရှင်းထုတ်မယ်ဆိုရင် smart connector နဲ့ ထုတ်ပစ်လိုက်မှာ iPad Pro ကတော့ Face ID တွေ ဘာတွေနဲ့ ထည့်ပစ်လိုက်မယ်။

နောက်ဆုံးသုံးသပ်ရမယ်ဆိုရင်တော့ တက်ဘလက်ကောင်းတစ်ခုပါပဲ။ ပြီးတော့ ဈေးလည်းသက်သာပါတယ်။ ကြိုက်တဲ့အချက်တွေကတော့ မြန်ဆန်တဲ့ပရိုဆက်ဆာကိုအသုံးပြုထားခြင်း၊ Apple Pencil ပါဝင်ခြင်းပါပဲ။

မကြိုက်တဲ့အချက်တွေကတော့ smart connector မပါဝင်ခြင်း၊ စပီကာတွေက အောက်မှာဖြစ်နေခြင်း ၊ ပြီးတော့ လက်ပ်တော့အစားထိုးကိုင်ဖို့ အဆင်မပြေခြင်း၊ Apple Pen (တစ်ခါတည်းထည့်မပေးလို့) တို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျောင်းသားတွေ၊ အပျော်တမ်းပုံဆွဲချင်သူတွေအတွက်၊ iPad တစ်လုံးကို ဈေးသက်သက်သာသာနဲ့ ကိုင်ချင်သူများအတွက်ကတော့ သင့်တော်တဲ့ iPad တစ်လုံးဖြစ်ပါတယ်။ ဘာကြောင့်လဲ။ ကျွန်တော်မကြိုက်တဲ့အချက်တွေကတော့ အများစုအတွက် လျစ်လျူရှုထားလို့လည်း ရနေတဲ့အတွက်ကြောင့်ပါ။