၂၀၁၈ ဧျပီလအတြက္ အေကာင္းဆံုး စီးပြားေရးသံုးဖုန္းမ်ား

0
2064

Zawgyi Version

သင္သံုးတဲ့ဖုန္းတစ္လံုးက ကိုယ္ေရးအခ်က္အလက္ေတြနဲ႕ စီးပြားေရးအခ်က္အလက္ေတြကို လံုျခံဳေအာင္ သိမ္းႏုိင္ဖို႕လိုတာေပါ့။

အေကာင္းဆံုး – BlackBerry KEYone Black Edition

BlackBerry ကေတာ့ ဖုန္းစီမံမႈနဲ႕ လံုျခံဳေရးပိုင္းမွာ ဆရာၾကီးပါပဲ။ Android စနစ္အသံုးျပဳျပီးခ်ိန္မွာလည္း ထိုနည္းတူပါပဲ။ KEYone Black Edition နဲ႕ဆိုရင္ BlackBerry ကသာေပးႏုိင္တဲ့ ကီးဘုတ္ခံစားခ်က္ေတြကို ရရွိနုိင္မယ္။ KEYone ကေတာ့ Android လည္းသံုးခ်င္၊ physical keyboard လည္း သံုးခ်င္ေသးတဲ့သူေတြအတြက္ အဆင္ေျပေစႏုိင္ျပီးေတာ့ ကုမၸဏီအတြက္ စိတ္ခ်လက္ခ်အသံုးျပဳႏုိင္မွာပါ။ Space Black model ေလးမွာ RAM နဲ႕ မမ္မိုရီေတြကလည္း ေကာင္းပါတယ္။ အေရာင္ေလးကလည္း စီးပြားေရးလုုပ္ငန္းဆန္ပါတယ္။

စဥ္းစားသင့္တဲ့အခ်က္ – BlackBerry က သူ႕ရဲ႕ဂုဏ္တင္းကို မိုဘိုင္းလ္လံုျခံဳေရးနဲ႕ keyboard ေကာင္းေကာင္းေပးႏုိင္ျခင္းနဲ႕ ရထားတာပါ။

ေနာက္တစ္ခုကေတာ့ BlackBerry ဖုန္းေတြက လစဥ္ Android Security update ကို ရႏုိင္ပါတယ္။ Google မထုတ္ခင္ နာရီအခ်ိဳ႕ေစာျပီးေတာ့ ထုတ္လုပ္ႏုိင္ပါတယ္။

KEYone က ဘာလို႕အေကာင္းဆံုးျဖစ္ရတာလဲ

သံုးစြဲသူေတြကို ၀န္ေဆာင္မႈေပးဖို႕သြားတဲ့အခ်ိန္၊ အလုပ္မွာ အရာရာကို ေခ်ာေခ်ာေမြ႕ေမြ႕လုပ္ေဆာင္ဖို႕လိုအပ္တဲ့အခ်ိန္တုိင္းမွ ာအခ်က္အလက္ေတြအားလံုးကို လံုျခံဳေအာင္ထိန္းထားေပးႏုိင္ပါတယ္။ KEYone က ကၽြန္ေတာ္တို႕အတြက္ အဲဒါေလးေတြက လႊမ္းမိုးထားတာပါ။

BlackBerry ဟာ စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ လုပ္ေဆာင္ႏုိင္စြမ္းျမင့္ျပီးေတာ့ အလြန္လံုျခံဳတဲ့ဖုန္းေတြ ေပးစြမ္းေနတဲ့အတြက္ ဂုဏ္သတင္းေမႊးေနတာျဖစ္ပါတယ္။ အခုဆိုုရင္ Android ဘက္ကိုလည္း ေရာက္လာပါျပီ။ BlackBerry ရဲ႕ Hub နဲ႕ contact manager တို႕ကိုေပါင္းစပ္ထည့္သြင္းလိုက္ျခင္းက စီးပြားေရးအေကာင့္ေတြရဲ႕ အလုပ္ရွဳပ္မႈကို ကူညီေပးႏုိင္ပါတယ္။ KEYone ရဲ႕ ေကာင္းမြန္တဲ့ physical keyboard ကေတာ့ BlackBerry သံုးစြဲခဲ့သူတစ္ေယာက္ဆိုရင္ေတာ့ အသားက်ေနျပီးသား ျဖစ္မွာပါ။

Google က လံုျခံဳေရးဦးစားေပး ထည့္သြင္းမႈေတြကို Android ဗားရွင္းအသစ္ထုတ္တုိင္းမွာ ထည့္ေပးေလ့ရွိပါတယ္။ BlackBerry ကေတာ့ အျခားေသာစမတ္ဖုန္းထုတ္လုပ္သူေတြလို Google အေပၚမွာမီွခိုေနတာမဟုတ္ပါဘူး။ ဒါေၾကာင့္ သူ႕ဘာသာလုပ္ေဆာင္ခ်က္ေတြ လုပ္ေဆာင္ႏုိင္ပါတယ္။ အေတြ႕အၾကံဳလည္းရွိပါတယ္။ ဒါေၾကာင့္ BlackBerry က ဖုန္းကို လံုျခံဳစိတ္ခ်ရေအာင္ သူ႕ဘာသာလုပ္ေဆာင္ေပးႏုိင္ပါတယ္။

KEYone က performance ပိုင္းမွာလည္း ေျပာစရာမလိုေအာင္ ေကာင္းမြန္ပါတယ္။ စြမ္းေဆာင္ရည္ျမင့္ Snapdragon 625 CPU ကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္ တစ္ေန႕လံုး အားသြင္းၾကိဳးနဲ႕ အားသြင္းေပါက္လုေနစရာမလိုဘဲ ေအးေဆးအသံုးျပဳႏုိင္မွာပါ။ အီးေမးလ္စစ္မလား၊ ေလဆိပ္မွာ spreadsheet ေတြစီမလား၊ ဗြီဒီယိုေတြၾကည့္မလား KEYone က ကိုင္တြယ္ေျဖရွင္းေပးႏုိင္ပါတယ္။

Update အတြက္ အေကာင္းဆံုး – Google Pixel 2

Google Pixel 2 ကေတာ့ ၀ယ္လို႕ရသမွ်ထဲမွာ စိတ္အခ်ရဆံုးေသာ Android ဖုန္းတစ္လံုးျဖစ္ပါတယ္။ ဒီေန႕ရႏုိင္သမွ်ထဲမွာ ေျပာတာပါ။

လံုျခံဳေရးအကာအကြယ္ေတြကို disable မလုပ္ထားဘဲ Pixel 2 နဲ႕ Pixel 2 XL တို႕ဟာ သိထားတဲ့ security exploit နဲ႕ remote installation ေတြကို Google’s scanning software နဲ႕ ေစာင့္ၾကည့္ပါတယ္။ ျပီးရင္ေတာ့ ဖယ္ရွားပါတယ္။ လံုျခံဳေရးဆိုတာကေတာ့ စီးပြားေရးနဲ႕ပတ္သတ္လာရင္ မရွိမျဖစ္လိုအပ္တဲ့အ အခ်က္တစ္ခုပါပဲ။

Pixel 2 နဲ႕ Pixel 2 XL တို႕ရဲ႕အေကာင္းဆံုးတစ္ခ်က္ကေတာ့ Android ရဲ႕ ေနာက္ဆံုးေပၚ၊ စိတ္အခ်ရဆံုးဗားရွင္းကို အသံုးျပဳထားတာပါ။ အေရးပါတာကေတာ့ ေနာက္ကြယ္က fix ေတြကိုလည္း peer review လုပ္ႏုိင္တာေၾကာင့္ ပိုျပီးေတာ့ ၾကံ႕ခုိင္ပါတယ္။

စဥ္းစားသင့္တဲ့အခ်က္ကေတာ့ Google Pixel 2 မွာ ေနာက္ဆံုးေပၚ၊ စိတ္အခ်ရဆံုး Android ဗားရွင္းကို သူ႕ရဲ႕ lifetime တစ္ေလွ်ာက္ေပးသြားမွာပါ။

ေနာက္တစ္ခုကေတာ့ Verizon က Pixel 2 နဲ႕ခ်ိတ္ဆက္ထားျခင္း ျဖစ္ပါတယ္။

မွတ္စုမွတ္သူေတြအတြက္ အေကာင္းဆံုး – Samsung Galaxy Note 8

စီးပြားေရးလုပ္ငန္းအတြက္ Note လုိင္းထဲက ေျပာစရာေလးေတြ ရွိေနတယ္။ Note 8 က ၆.၃လက္မ ရွိတာမို႕ သာမန္ထက္ခံစားခ်င္တဲ့သူေတြအတြက္ အဆင္ေျပေစမွာပါ။ Note 8 က Galaxy S8+ နဲ႕ ယွဥ္လို႕ရပါတယ္။ ကင္မရာႏွစ္လံုးရွိတယ္။ S Pen လည္း ရွိပါတယ္။ တကယ္လို႕ မွတ္စုလုိက္မွတ္တတ္သူတစ္ေယာက္ဆုိရင္ေတာ့ Note 8 က ရွိကုိရွိသင့္ပါတယ္။ KNOX နဲ႕ ကာကြယ္ထားျပီးေတာ့ အလန္းစားခံစားမႈေတြကို ေပးႏုိင္ပါတယ္။

စဥ္းစားရမွာကေတာ့ သူက ေစ်းၾကီးတယ္။ ဒါေပမယ့္ ေစ်းၾကီးတယ္လို႕လည္း ခံစားရေအာင္ လုပ္ေပးႏုိင္တယ္။ စီးပြားေရးသမားေတြ ၀ယ္သင့္တဲ့ဖုန္းတစ္လံုးပါပဲ။

ေနာက္တစ္ခုကေတာ့ Note 8 ကို ယူအက္စ္ carrier တုိင္းနဲ႕ ရႏုိင္တယ္။

ေနာက္ဆံုးသံုးသပ္ခ်က္

Android ကေတာ့ ဂုဏ္သတင္းပိုင္းအရ လံုျခံဳေရးနဲ႕ပတ္သတ္လာရင္ေတာ့ မေကာင္းပါဘူး။ အျပစ္တင္လို႕လည္း မရပါဘူး။ ေဟာင္းျပီး ေခတ္မမီတဲ့ software ေတြက သင့္ရဲ႕လံဳျခံဳေရးနဲ႕ privacy ေတြကို ကာကြယ္မေပးႏုိင္ေတာ့ပါဘူး။ ဒါေတာ့ ဒီဖုန္းေတြကို စီးပြားေရးလုပ္ငန္းအတြက္ မသံုးသင့္ေတာ့ပါဘူး။

KEYone ကေတာ့ BlackBerry ရဲ႕ အရင္တုန္းက လံုျခံဳေရးစနစ္ေတြနဲ႕ professional tool ေတြ ရွိပါတယ္။ Android ကို ေျပာင္းလိုက္ေတာ့ ၀န္ေဆာင္မႈေတြ ပိုမ်ားမ်ားစားစား ရႏုိင္လာတယ္။ ေန႕စဥ္သံုးအတြက္လည္း လံုျခံဳစိတ္ခ်ရတဲ့ feature ေတြလည္း ေတြ႕ရပါတယ္။ Pixel 2 ၊ Note 8 လည္း အားလံုးအတူတူပါပဲ။

Unicode Version

သင်သုံးတဲ့ဖုန်းတစ်လုံးက ကိုယ်ရေးအချက်အလက်တွေနဲ့ စီးပွားရေးအချက်အလက်တွေကို လုံခြုံအောင် သိမ်းနိုင်ဖို့လိုတာပေါ့။

အကောင်းဆုံး – BlackBerry KEYone Black Edition

BlackBerry ကတော့ ဖုန်းစီမံမှုနဲ့ လုံခြုံရေးပိုင်းမှာ ဆရာကြီးပါပဲ။ Android စနစ်အသုံးပြုပြီးချိန်မှာလည်း ထိုနည်းတူပါပဲ။ KEYone Black Edition နဲ့ဆိုရင် BlackBerry ကသာပေးနိုင်တဲ့ ကီးဘုတ်ခံစားချက်တွေကို ရရှိနိုင်မယ်။ KEYone ကတော့ Android လည်းသုံးချင်၊ physical keyboard လည်း သုံးချင်သေးတဲ့သူတွေအတွက် အဆင်ပြေစေနိုင်ပြီးတော့ ကုမ္ပဏီအတွက် စိတ်ချလက်ချအသုံးပြုနိုင်မှာပါ။ Space Black model လေးမှာ RAM နဲ့ မမ်မိုရီတွေကလည်း ကောင်းပါတယ်။ အရောင်လေးကလည်း စီးပွားရေးလုုပ်ငန်းဆန်ပါတယ်။

စဉ်းစားသင့်တဲ့အချက် – BlackBerry က သူ့ရဲ့ဂုဏ်တင်းကို မိုဘိုင်းလ်လုံခြုံရေးနဲ့ keyboard ကောင်းကောင်းပေးနိုင်ခြင်းနဲ့ ရထားတာပါ။

နောက်တစ်ခုကတော့ BlackBerry ဖုန်းတွေက လစဉ် Android Security update ကို ရနိုင်ပါတယ်။ Google မထုတ်ခင် နာရီအချို့စောပြီးတော့ ထုတ်လုပ်နိုင်ပါတယ်။

KEYone က ဘာလို့အကောင်းဆုံးဖြစ်ရတာလဲ

သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးဖို့သွားတဲ့အချိန်၊ အလုပ်မှာ အရာရာကို ချောချောမွေ့မွေ့လုပ်ဆောင်ဖို့လိုအပ်တဲ့အချိန်တိုင်းမှ ာအချက်အလက်တွေအားလုံးကို လုံခြုံအောင်ထိန်းထားပေးနိုင်ပါတယ်။ KEYone က ကျွန်တော်တို့အတွက် အဲဒါလေးတွေက လွှမ်းမိုးထားတာပါ။

BlackBerry ဟာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လုပ်ဆောင်နိုင်စွမ်းမြင့်ပြီးတော့ အလွန်လုံခြုံတဲ့ဖုန်းတွေ ပေးစွမ်းနေတဲ့အတွက် ဂုဏ်သတင်းမွှေးနေတာဖြစ်ပါတယ်။ အခုဆိုုရင် Android ဘက်ကိုလည်း ရောက်လာပါပြီ။ BlackBerry ရဲ့ Hub နဲ့ contact manager တို့ကိုပေါင်းစပ်ထည့်သွင်းလိုက်ခြင်းက စီးပွားရေးအကောင့်တွေရဲ့ အလုပ်ရှုပ်မှုကို ကူညီပေးနိုင်ပါတယ်။ KEYone ရဲ့ ကောင်းမွန်တဲ့ physical keyboard ကတော့ BlackBerry သုံးစွဲခဲ့သူတစ်ယောက်ဆိုရင်တော့ အသားကျနေပြီးသား ဖြစ်မှာပါ။

Google က လုံခြုံရေးဦးစားပေး ထည့်သွင်းမှုတွေကို Android ဗားရှင်းအသစ်ထုတ်တိုင်းမှာ ထည့်ပေးလေ့ရှိပါတယ်။ BlackBerry ကတော့ အခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေလို Google အပေါ်မှာမှီခိုနေတာမဟုတ်ပါဘူး။ ဒါကြောင့် သူ့ဘာသာလုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ပါတယ်။ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့် BlackBerry က ဖုန်းကို လုံခြုံစိတ်ချရအောင် သူ့ဘာသာလုပ်ဆောင်ပေးနိုင်ပါတယ်။

KEYone က performance ပိုင်းမှာလည်း ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။ စွမ်းဆောင်ရည်မြင့် Snapdragon 625 CPU ကို အသုံးပြုထားတဲ့အတွက်ကြောင့် တစ်နေ့လုံး အားသွင်းကြိုးနဲ့ အားသွင်းပေါက်လုနေစရာမလိုဘဲ အေးဆေးအသုံးပြုနိုင်မှာပါ။ အီးမေးလ်စစ်မလား၊ လေဆိပ်မှာ spreadsheet တွေစီမလား၊ ဗွီဒီယိုတွေကြည့်မလား KEYone က ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါတယ်။

Update အတွက် အကောင်းဆုံး – Google Pixel 2

Google Pixel 2 ကတော့ ဝယ်လို့ရသမျှထဲမှာ စိတ်အချရဆုံးသော Android ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒီနေ့ရနိုင်သမျှထဲမှာ ပြောတာပါ။

လုံခြုံရေးအကာအကွယ်တွေကို disable မလုပ်ထားဘဲ Pixel 2 နဲ့ Pixel 2 XL တို့ဟာ သိထားတဲ့ security exploit နဲ့ remote installation တွေကို Google’s scanning software နဲ့ စောင့်ကြည့်ပါတယ်။ ပြီးရင်တော့ ဖယ်ရှားပါတယ်။ လုံခြုံရေးဆိုတာကတော့ စီးပွားရေးနဲ့ပတ်သတ်လာရင် မရှိမဖြစ်လိုအပ်တဲ့အ အချက်တစ်ခုပါပဲ။

Pixel 2 နဲ့ Pixel 2 XL တို့ရဲ့အကောင်းဆုံးတစ်ချက်ကတော့ Android ရဲ့ နောက်ဆုံးပေါ်၊ စိတ်အချရဆုံးဗားရှင်းကို အသုံးပြုထားတာပါ။ အရေးပါတာကတော့ နောက်ကွယ်က fix တွေကိုလည်း peer review လုပ်နိုင်တာကြောင့် ပိုပြီးတော့ ကြံ့ခိုင်ပါတယ်။

စဉ်းစားသင့်တဲ့အချက်ကတော့ Google Pixel 2 မှာ နောက်ဆုံးပေါ်၊ စိတ်အချရဆုံး Android ဗားရှင်းကို သူ့ရဲ့ lifetime တစ်လျှောက်ပေးသွားမှာပါ။

နောက်တစ်ခုကတော့ Verizon က Pixel 2 နဲ့ချိတ်ဆက်ထားခြင်း ဖြစ်ပါတယ်။

မှတ်စုမှတ်သူတွေအတွက် အကောင်းဆုံး – Samsung Galaxy Note 8

စီးပွားရေးလုပ်ငန်းအတွက် Note လိုင်းထဲက ပြောစရာလေးတွေ ရှိနေတယ်။ Note 8 က ၆.၃လက်မ ရှိတာမို့ သာမန်ထက်ခံစားချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ Note 8 က Galaxy S8+ နဲ့ ယှဉ်လို့ရပါတယ်။ ကင်မရာနှစ်လုံးရှိတယ်။ S Pen လည်း ရှိပါတယ်။ တကယ်လို့ မှတ်စုလိုက်မှတ်တတ်သူတစ်ယောက်ဆိုရင်တော့ Note 8 က ရှိကိုရှိသင့်ပါတယ်။ KNOX နဲ့ ကာကွယ်ထားပြီးတော့ အလန်းစားခံစားမှုတွေကို ပေးနိုင်ပါတယ်။

စဉ်းစားရမှာကတော့ သူက ဈေးကြီးတယ်။ ဒါပေမယ့် ဈေးကြီးတယ်လို့လည်း ခံစားရအောင် လုပ်ပေးနိုင်တယ်။ စီးပွားရေးသမားတွေ ဝယ်သင့်တဲ့ဖုန်းတစ်လုံးပါပဲ။

နောက်တစ်ခုကတော့ Note 8 ကို ယူအက်စ် carrier တိုင်းနဲ့ ရနိုင်တယ်။

နောက်ဆုံးသုံးသပ်ချက်

Android ကတော့ ဂုဏ်သတင်းပိုင်းအရ လုံခြုံရေးနဲ့ပတ်သတ်လာရင်တော့ မကောင်းပါဘူး။ အပြစ်တင်လို့လည်း မရပါဘူး။ ဟောင်းပြီး ခေတ်မမီတဲ့ software တွေက သင့်ရဲ့လုံခြုံရေးနဲ့ privacy တွေကို ကာကွယ်မပေးနိုင်တော့ပါဘူး။ ဒါတော့ ဒီဖုန်းတွေကို စီးပွားရေးလုပ်ငန်းအတွက် မသုံးသင့်တော့ပါဘူး။

KEYone ကတော့ BlackBerry ရဲ့ အရင်တုန်းက လုံခြုံရေးစနစ်တွေနဲ့ professional tool တွေ ရှိပါတယ်။ Android ကို ပြောင်းလိုက်တော့ ဝန်ဆောင်မှုတွေ ပိုများများစားစား ရနိုင်လာတယ်။ နေ့စဉ်သုံးအတွက်လည်း လုံခြုံစိတ်ချရတဲ့ feature တွေလည်း တွေ့ရပါတယ်။ Pixel 2 ၊ Note 8 လည်း အားလုံးအတူတူပါပဲ။