Mophie မွ iPhone အတြက္ ၾကိဳးမဲ့အားသြင္း Pad ေလးကို ျပသလိုုက္ျခင္း

0
427

Zawgyi Version

ဒီေန႕မွာေတာ့ Mophie ဟာ Charge Stream Pad+ ဆိုတဲ့ ၾကိဳးမဲ့အားသြင္း pad ေလးကို Apple နဲ႕ Samsung တို႕ရဲ႕ Qi အသံုးျပဳႏုိင္တဲ့စမတ္ဖုန္းေတြအတြက္ ရည္ရြယ္ျပီးေတာ့ ထုတ္လုပ္ထားပါတယ္။ အဲဒီေကာင္ေလးကေတာ့ အားသြင္းမႈကို 10W အထိ ေပးႏုိင္မွာျဖစ္ပါတယ္။

Charge Stream Pad+ မွာေတာ့ ေနာက္ဆံုးထြက္ထားတဲ့ ၾကိဳးမဲ့အားသြင္းနည္းပညာကို အသံုးျပဳထားျပီးေတာ့ လံုျခံဳစိတ္ခ်ရျပီး စိုးရိမ္စရာမလိုတဲ့ အားအျမန္သြင္းခံစားမႈကို ေပးစြမ္းႏုိင္မွာျဖစ္ပါတယ္။ Pad+ ေလးေပၚမွာဖုန္းကိုတင္ထားလိုက္တဲ့အခါ စမတ္အားသြင္းလွ်ပ္စစ္ပတ္လမ္းက ဖုန္းနဲ႕ခ်ိတ္ဆက္ျပီးေတာ့ သူလိုအပ္တဲ့ပမာဏကို ဆံုးျဖတ္ပါလိမ့္မယ္။ Foreign object detection ကလည္း ၾကိဳးမဲ့အသံုးျပဳႏုိင္တဲ့ဖုန္းေတြမွာသာ ပါ၀ါပို႕ႏုိင္ေအာင္ လုပ္ေဆာင္ေပးမွာျဖစ္ပါတယ္။ Pad+ ကို အသံုးမျပဳခ်ိန္မွာ ပါ၀ါစားသက္သာေအာင္ လုပ္ေဆာင္ေပးထားမွာျဖစ္ပါတယ္။

Charge Stream Pad+ ဟာ mophie juice pack battery case နဲ႕ Apple ၊ Samsung စမတ္ဖုန္းေတြအတြက္ အဆင္ေျပေအာင္လုပ္ေဆာင္ေပးထားပါတယ္။ Pad+ ေပၚကိုတင္လိုက္တာနဲ႕ဖုန္းကို အားသြင္းေပးသြားမွာျဖစ္ပါတယ္။ Juice Pack ကိုအသံုးမျပဳတဲ့အရာေတြအတြက္ေတာ့့ Pad+ ဆီကပါ၀ါေတြကို lightweight case ေတြကတစ္ဆင့္ ျဖတ္သန္းပို႕ေဆာင္ေပးမွာပါ။ အားသြင္းေနခ်ိန္မွာလည္း ဖုန္းရဲ႕လုပ္ေဆာင္ခ်က္ေတြအားလံုးကို အသံုးျပဳႏုိင္တဲ့အတြက္ေၾကာင့္ အားသြင္းေနရင္း Bluetooth accessories ေတြနဲ႕ခ်ိတ္ဆက္တာမ်ိဳးေတြလည္း လုပ္လို႕ရပါတယ္။

mophie Charge Stream Pad+ ေလးကေတာ့ သူတို႕ရဲ႕ Apple နဲ႕ Samsung စမတ္ဖုန္းေတြအတြက္ထုတ္လုပ္ထားတဲ့  ျမန္ႏႈန္းျမင့္ ၾကိဳးမဲ့အားသြင္းပစၥည္းေတြထဲမွာ ပထမဆံုးျဖစ္ပါတယ္။ စမတ္ဖုန္းရဲ႕လုပ္ေဆာင္ႏုိင္စြမ္းေတြက တိုးတက္လာတာနဲ႕အမွ် အားသြင္းမႈကိုလည္း လုိက္ေနဖို႕လိုအပ္ပါတယ္။ Charge Stream Pad+ နဲ႕ဆိုရင္ေတာ့ အားသြင္းၾကိဳးေတြေၾကာင့္ စိတ္ရွဳပ္စရာမလိုအပ္ေတာ့ဘူးေပါ့။

Charge Stream Pad+ မွာ ပါ၀င္တဲ့ feature ေတြကေတာ့

  • QC 2.0 wall adapter ၊ USB-A to micro USB cable
  • မေခ်ာ္ႏုိင္တဲ့ ရာသာအသတ္ေလးနဲ႕အတူ အၾကိမ္ေရမ်ားမ်ား အားသြင္းျခင္းနဲ႕ ျခစ္ရာေတြကိုကာကြယ္ႏုိင္စြမ္းရွိျခင္း

Charge Stream Pad+ ေလးကို ေဒၚလာ ၅၉.၉၅ နဲ႕ ၀ယ္ယူႏုိင္ေနပါျပီ။

Unicode Version

ဒီနေ့မှာတော့ Mophie ဟာ Charge Stream Pad+ ဆိုတဲ့ ကြိုးမဲ့အားသွင်း pad လေးကို Apple နဲ့ Samsung တို့ရဲ့ Qi အသုံးပြုနိုင်တဲ့စမတ်ဖုန်းတွေအတွက် ရည်ရွယ်ပြီးတော့ ထုတ်လုပ်ထားပါတယ်။ အဲဒီကောင်လေးကတော့ အားသွင်းမှုကို 10W အထိ ပေးနိုင်မှာဖြစ်ပါတယ်။

Charge Stream Pad+ မှာတော့ နောက်ဆုံးထွက်ထားတဲ့ ကြိုးမဲ့အားသွင်းနည်းပညာကို အသုံးပြုထားပြီးတော့ လုံခြုံစိတ်ချရပြီး စိုးရိမ်စရာမလိုတဲ့ အားအမြန်သွင်းခံစားမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Pad+ လေးပေါ်မှာဖုန်းကိုတင်ထားလိုက်တဲ့အခါ စမတ်အားသွင်းလျှပ်စစ်ပတ်လမ်းက ဖုန်းနဲ့ချိတ်ဆက်ပြီးတော့ သူလိုအပ်တဲ့ပမာဏကို ဆုံးဖြတ်ပါလိမ့်မယ်။ Foreign object detection ကလည်း ကြိုးမဲ့အသုံးပြုနိုင်တဲ့ဖုန်းတွေမှာသာ ပါဝါပို့နိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Pad+ ကို အသုံးမပြုချိန်မှာ ပါဝါစားသက်သာအောင် လုပ်ဆောင်ပေးထားမှာဖြစ်ပါတယ်။

Charge Stream Pad+ ဟာ mophie juice pack battery case နဲ့ Apple ၊ Samsung စမတ်ဖုန်းတွေအတွက် အဆင်ပြေအောင်လုပ်ဆောင်ပေးထားပါတယ်။ Pad+ ပေါ်ကိုတင်လိုက်တာနဲ့ဖုန်းကို အားသွင်းပေးသွားမှာဖြစ်ပါတယ်။ Juice Pack ကိုအသုံးမပြုတဲ့အရာတွေအတွက်တော့ Pad+ ဆီကပါဝါတွေကို lightweight case တွေကတစ်ဆင့် ဖြတ်သန်းပို့ဆောင်ပေးမှာပါ။ အားသွင်းနေချိန်မှာလည်း ဖုန်းရဲ့လုပ်ဆောင်ချက်တွေအားလုံးကို အသုံးပြုနိုင်တဲ့အတွက်ကြောင့် အားသွင်းနေရင်း Bluetooth accessories တွေနဲ့ချိတ်ဆက်တာမျိုးတွေလည်း လုပ်လို့ရပါတယ်။

mophie Charge Stream Pad+ လေးကတော့ သူတို့ရဲ့ Apple နဲ့ Samsung စမတ်ဖုန်းတွေအတွက်ထုတ်လုပ်ထားတဲ့  မြန်နှုန်းမြင့် ကြိုးမဲ့အားသွင်းပစ္စည်းတွေထဲမှာ ပထမဆုံးဖြစ်ပါတယ်။ စမတ်ဖုန်းရဲ့လုပ်ဆောင်နိုင်စွမ်းတွေက တိုးတက်လာတာနဲ့အမျှ အားသွင်းမှုကိုလည်း လိုက်နေဖို့လိုအပ်ပါတယ်။ Charge Stream Pad+ နဲ့ဆိုရင်တော့ အားသွင်းကြိုးတွေကြောင့် စိတ်ရှုပ်စရာမလိုအပ်တော့ဘူးပေါ့။

Charge Stream Pad+ မှာ ပါဝင်တဲ့ feature တွေကတော့

QC 2.0 wall adapter ၊ USB-A to micro USB cable
မချော်နိုင်တဲ့ ရာသာအသတ်လေးနဲ့အတူ အကြိမ်ရေများများ အားသွင်းခြင်းနဲ့ ခြစ်ရာတွေကိုကာကွယ်နိုင်စွမ်းရှိခြင်း
Charge Stream Pad+ လေးကို ဒေါ်လာ ၅၉.၉၅ နဲ့ ဝယ်ယူနိုင်နေပါပြီ။