Apple ရဲ႕ ေနာင္ထြက္ရွိမယ့္ Apple Watch နဲ႕ AR Wearable မ်ားအတြက္ နည္းပညာအသစ္

0
422

Zawgyi Version

ျပီးခဲ့တဲ့အပတ္တုန္းက Bloomberg ဆိုတဲ့ စိတ္ခ်ရတဲ့ ၀က္ဘ္ဆိုက္တစ္ခုကေန အဲဒီလိုအစီရင္ခံစာမ်ိဳးကို ေတြ႕ရျပီးေနာက္မွာေတာ့ ဒီေန႕မွာ DigiTimes ကေနျပီးေတာ့ အနာဂတ္ထုတ္ကုန္ေတြအတြက္ MicroLED display နည္းပညာကို Apple လုပ္ေဆာင္ေနျပီလို႕ တင္ျပထားပါတယ္။

ဒါေၾကာင့္ ေနာက္ထြက္ရွိလာမယ့္ Apple ရဲ႕ စြမ္းေဆာင္ရည္ျမင့္ Watch ေတြမွာ augmented reality ေတြကို ခံစားႏုိင္ေတာ့မွာလည္း ျဖစ္ပါတယ္။

DigiTimes ကေတာ့ အဲဒီလိုလုပ္ဖို႕အတြက္ဆိုရင္ display ေတြဟာ ၁.၄လက္မ နဲ႕ ၀.၈ လက္မဆိုျပီးေတာ့ ႏွစ္မ်ိဳးႏွစ္စားလိုအပ္မယ္လို႕ ယံုၾကည္ထားပါတယ္။ Apple ကေတာ့ လက္ရွိမွာ MicroLED ထုတ္လုပ္မႈရဲ႕ သုေတသနလုပ္မႈအပိုင္းကို ေရာက္ရွိေနျပီလို႕ Bloomberg က ဆိုထားပါတယ္။ ကယ္လ္ဖိုးနီးယားက လွ်ိဳ႕၀ွက္အေဆာက္အဦးထဲမွာ လုပ္ေဆာင္ေနတာျဖစ္ျပီးေတာ့ iPhone နဲ႕ Apple Watch ေတြမွာ အသံုးျပဳသြားမွာပါ။

ဒီလုပ္ေဆာင္မႈက လက္ရွိမွာစေနတုန္းလို႕ Bloomberg ကေျပာထားေပမယ့္လည္း DigiTimes ကေတာ့ အဲဒီနည္းပညာသံုး Apple Watch panel ေတြကို ဒီႏွစ္ကုန္မွာ ျမင္ေတြ႕ရလိမ့္မယ္လို႕ ေျပာထားပါတယ္။ Bloomberg ကေတာ့ ၂၀၂၀ ေလာက္မွ ေတြ႕ျမင္ရႏုိ္င္မယ္လို႕ ခန္႕မွန္းထားပါတယ္။ DigiTimes ရဲ႕ ခန္႕မွန္းခ်က္ မွန္ကန္မယ္ဆိုရင္ေတာင္မွ ၂၀၁၉ အလယ္ပိုင္းေလာက္အထိ MicroLED နည္းပညာအသံုးျပဳထားတဲ့ ထုတ္ကုန္ေတြကို ေစ်းကြက္ထဲမွာ ျမင္ေတြ႕ရဦးမွာ မဟုတ္ေလာက္ပါဘူး။

MicroLED display ကို iPhone ေတြမွာအသံုးျပဳဖို႕လုပ္ေဆာင္ေနမႈရဲ႕ အလားအလာကေတာ့ လက္ရွိမွာ မရႏုိင္ေသးပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ စမတ္ဖုန္းမ်က္ႏွာျပင္ေတြက ၾကီးမားလာေနတဲ့အတြက္ေၾကာင့္ပါ။ ဒါေပမယ့္လည္း Apple က ဒီလုုပ္ေဆာင္ခ်က္ကို မလုပ္ေတာ့ဘူးလို႕ မေတြးလုိက္ပါနဲ႕ဦး။ DigiTimes က အဲဒီလို display ေတြကို ၾကီးမားတဲ့ပစၥည္းေတြအတြက္လည္း ထုတ္လုပ္သြားဖုိ႕ စိတ္ကူးထားတယ္လို႕ ေျပာထားပါတယ္။ ဒါေၾကာင့္ တက္ဘလက္နဲ႕ လက္ပ္ေတာ့ေတြေတာင္ ပါႏုိင္ပါတယ္။

MicroLED ရဲ႕ လုပ္ေဆာင္မႈကေတာ့ ရွင္းပါတယ္။ သူဟာ ပါ၀ါစားသက္သာျပီးေတာ့ brightness အျမင့္ဆံုးကို ေပးႏုိင္တယ္။ အဲဒီ panel ေတြဟာ လက္ရွိရႏုိင္တဲ့အရာေတြထက္ ပါးလႊာဦးမွာပါ။ ဒါေၾကာင့္ wearable ေတြအတြက္ အလြန္အသံုး၀င္တဲ့ပစၥည္းတစ္ခု ျဖစ္လာပါတယ္။

Unicode Version

ပြီးခဲ့တဲ့အပတ်တုန်းက Bloomberg ဆိုတဲ့ စိတ်ချရတဲ့ ဝက်ဘ်ဆိုက်တစ်ခုကနေ အဲဒီလိုအစီရင်ခံစာမျိုးကို တွေ့ရပြီးနောက်မှာတော့ ဒီနေ့မှာ DigiTimes ကနေပြီးတော့ အနာဂတ်ထုတ်ကုန်တွေအတွက် MicroLED display နည်းပညာကို Apple လုပ်ဆောင်နေပြီလို့ တင်ပြထားပါတယ်။
ဒါကြောင့် နောက်ထွက်ရှိလာမယ့် Apple ရဲ့ စွမ်းဆောင်ရည်မြင့် Watch တွေမှာ augmented reality တွေကို ခံစားနိုင်တော့မှာလည်း ဖြစ်ပါတယ်။
DigiTimes ကတော့ အဲဒီလိုလုပ်ဖို့အတွက်ဆိုရင် display တွေဟာ ၁.၄လက်မ နဲ့ ဝ.၈ လက်မဆိုပြီးတော့ နှစ်မျိုးနှစ်စားလိုအပ်မယ်လို့ ယုံကြည်ထားပါတယ်။ Apple ကတော့ လက်ရှိမှာ MicroLED ထုတ်လုပ်မှုရဲ့ သုတေသနလုပ်မှုအပိုင်းကို ရောက်ရှိနေပြီလို့ Bloomberg က ဆိုထားပါတယ်။ ကယ်လ်ဖိုးနီးယားက လျှို့ဝှက်အဆောက်အဦးထဲမှာ လုပ်ဆောင်နေတာဖြစ်ပြီးတော့ iPhone နဲ့ Apple Watch တွေမှာ အသုံးပြုသွားမှာပါ။
ဒီလုပ်ဆောင်မှုက လက်ရှိမှာစနေတုန်းလို့ Bloomberg ကပြောထားပေမယ့်လည်း DigiTimes ကတော့ အဲဒီနည်းပညာသုံး Apple Watch panel တွေကို ဒီနှစ်ကုန်မှာ မြင်တွေ့ရလိမ့်မယ်လို့ ပြောထားပါတယ်။ Bloomberg ကတော့ ၂၀၂၀ လောက်မှ တွေ့မြင်ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ DigiTimes ရဲ့ ခန့်မှန်းချက် မှန်ကန်မယ်ဆိုရင်တောင်မှ ၂၀၁၉ အလယ်ပိုင်းလောက်အထိ MicroLED နည်းပညာအသုံးပြုထားတဲ့ ထုတ်ကုန်တွေကို ဈေးကွက်ထဲမှာ မြင်တွေ့ရဦးမှာ မဟုတ်လောက်ပါဘူး။
MicroLED display ကို iPhone တွေမှာအသုံးပြုဖို့လုပ်ဆောင်နေမှုရဲ့ အလားအလာကတော့ လက်ရှိမှာ မရနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ စမတ်ဖုန်းမျက်နှာပြင်တွေက ကြီးမားလာနေတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့်လည်း Apple က ဒီလုုပ်ဆောင်ချက်ကို မလုပ်တော့ဘူးလို့ မတွေးလိုက်ပါနဲ့ဦး။ DigiTimes က အဲဒီလို display တွေကို ကြီးမားတဲ့ပစ္စည်းတွေအတွက်လည်း ထုတ်လုပ်သွားဖို့ စိတ်ကူးထားတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် တက်ဘလက်နဲ့ လက်ပ်တော့တွေတောင် ပါနိုင်ပါတယ်။
MicroLED ရဲ့ လုပ်ဆောင်မှုကတော့ ရှင်းပါတယ်။ သူဟာ ပါဝါစားသက်သာပြီးတော့ brightness အမြင့်ဆုံးကို ပေးနိုင်တယ်။ အဲဒီ panel တွေဟာ လက်ရှိရနိုင်တဲ့အရာတွေထက် ပါးလွှာဦးမှာပါ။ ဒါကြောင့် wearable တွေအတွက် အလွန်အသုံးဝင်တဲ့ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။