3018 မှာ သင့်ဆီကို အရောက်လာမဲ့ ပစ္စည်း ၁၀ မျိုး

0
1809

Zawgyi version

ယနေ့ခေတ် ကျွန်တော်တို့ဆီမှာ apps တော်တော်များများရယ် digital wallet တွေရယ် စမတ်ဖုန်းကင်မရာတွေရှိနေပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် scientist တွေနဲ့ engineer တွေကတော့ နောက်ဆုံးပေါ်ပစ္စည်းတွေကို တီထွင်ဖို့ နဲနဲလေးမှ အားမလျှော့ကြပါဘူး။

1.A cat toilet with a self-cleaning function (ကိုယ်တိုင်သန့်ရှင်းရေးလုပ်ပေးနိုင်တဲ့ cat toilet (ကြောင် အိမ်သာ) )

ဒါကတော့ ကြောင်တွေကို သန့်ရှင်ရေးလုပ်ပေးဖို့ ပျင်းတဲ့ ကြောင်ပိုင်ရှင်တွေအတွက် cat toilet(ကြောင် အိမ်သာ) ဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကိုတော့ $450 လောက်လို့ ခန့်မှန်းထားပါတယ်။

  1. The smartest hoop (ဖြုတ်လို့တပ်လို့ရတဲ့ အဆင့်မြင့် ခါးလှည့်ကွင်း)

The smart hoop မှာ movement sensor ပါဝင်ပါတယ်။  အဲ့ဒါက သင်လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ သင့်ရဲ့ intensity ကို သင့်ရဲ့ စမတ်ဖုန်းဆီကို ပို့ပေးမှာ ဖြစ်ပါတယ်။

  1. A smart condom

မကြာသေးခင်ကပဲ British Condoms company က သူတို့ရဲ့ အသစ်ထွက်ရှိမဲ့ I.Con လို့ခေါ်တဲ့ smart condom အကြောင်းကို ပြောကြားလိုက်ပါတယ်။ သူက fitness bracelet လိုပါပဲ။ ဒါပေမဲ့ သူကတော့ body အစိတ်အပိုင်းမှာ တပ်ဆင်နိုင်ပြီးတော့ လှူပ်ရှားမှုမျိုးစုံကိုလဲ တိုင်းတာပေးမှာ ဖြစ်ပါတယ်။  သူက ကိုယ်ဝန်မရဖို့တို့ ရောဂါပြန့်ပွားတာတို့အတွက်တော့ မတားဆီးနိုင်ပါဘူး။ အဲ့ဒါကြောင့် တီထွင်သူတွေကတော့ အဲ့ဒါကို လုပ်နိုင်ဖို့ ကြိုးစားနေဆဲပါပဲ။ Sensor က sex ကိစ္စ ပြုလုပ်နေတဲ့ အချိန်အတွင်း လှူပ်ရှားမှုတွေကို ထိန်းချုပ်ထားမှာပါ။ ထို့အပြင် အချိန်ဘယ်လောက်ကြာတာလဲတို့၊ လှုပ်ရှားနှုန်း၊ အနေအထား၊ ကြိမ်နှုန်း၊ organ တွေရဲ့ temperature တို့၊ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏ တို့ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

  1. A suitcase that moves by itsel (အလိုအလျောက်ရွေးလျားနိုင်တဲ့ ခရီးဆောင်အိတ်)

ForwardX company ကတော့ ခရီးခနခနသွားနေရတဲ့ သူတွေအတွက် special suitcase ကို တီထွင်လိုက်ပါတယ်။ သူ့ကို smart bracelet နဲ့ချိတ်ဆက်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ အဲ့ဒါကို မထုတ်လုပ်သေးပါဘူး။ ပြီးတော့ ဈေးနှုန်းလဲ မကြော်ငြာသေးပါဘူး။

  1. Robot bees (စက်ရုပ် ပျား)

Walmart company က စက်ရုပ်ပုံစံပျားတွေကို တီထွင်ဖို့လျာထားပါတယ်။ တီထွင်တဲ့သူတွေကတော့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့နဲ့ “pollinator drones” (၀တ်မှုန်ကူးပေးသော drones) ပုံစံလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ထို့အပြင် drone က ပျားရည်ထုတ်ပေးတာကလွဲလို့ ပျားတစ်ကောင်ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို လုပ်ဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။  အဲ့ဒါက အပင်တွေကို ထိန်းသိမ်းနိုင်မှာဖြစ်ပြီး  စိုက်ပျိုးရေးကိုလဲ အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။

  1. Smart hive (အဆင့်မြင့် ပျားအုံ)

လွန်ခဲ့တဲ့နှစ်တွေတုန်းက Australia မှာရှိတဲ့ စီးပွားရေးသမားတွေက အသုံပြုရလွယ်ကူတဲ့ အဆင့်မြင့် ပျားအုံကို ထုတ်ဖို့ စဉ်းစားနေကြပါတယ်။ အဆင့်မြှင့်ထားတဲ့ ပျားအုံက ငှက်လှောင်အိမ်နဲ့ တူပါတယ်။ အဲ့ထဲမှာ ပျားတွေနေနိုင်ပြီး ပျားရည်ရောထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  1. A night light for a toilet (toilet အတွက် ညမီးရောင်)

ဒါကတော့ အိမ်သာမှာတပ်ဆင်လို့ရတဲ့ ရိုးရိုးမီးအိမ်လေးပါပဲ။ အိမ်သာထိုင်ခုံနားလေးမှာ တပ်ဆင်ထားရင် အိမ်သာတစ်ခုလုံးလင်းနေမှာ ဖြစ်ပါတယ်။

  1. A pocket spectrometer scanner (ရောင်စဉ်နဲ့ တိုင်းတာလို့ရတဲ့ အိတ်ဆောင် ကိရိယာ)

မင်းဟာ ကျန်းမာရေးလိုက်စားတဲ့သူဆိုရင်တော့ ဒီ အိတ်ဆောင် scanner လေးဖြစ်တဲ့ LinkSquare လေးဆောင်ထားသင့်ပါတယ်။ ဒီပစ္စည်းလေးကတော့ အစားအသောက်တွေ၊ အရည်တွေနဲ့ တစ်ခြား ပစ္စည်းတွေကို လတ်ဆတ်တယ် မလတ်ဆတ်ဘူးဆိုတာကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ သူ့ကို မီးဖိချောင်မှာသုံးဖို့ ရယ် ဈေးဝယ်တဲ့အချိန်ရယ်နဲ့ ခရီးသွားတဲ့အချိန်မှာ သုံးဖို့ တော်တော်ကို အဆင်ပြေပါတယ်။ သူက ဘယ် အစားအသောက်တွေက ပိုပြီးလတ်ဆတ်လဲဆိုတာကို ပြောပြမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီ sensor ကို ဖုန်းတွေမှာ ထည့်ဖို့ နည်းပညာသမားတွေက ကြိုးစားနေကြဆဲပါပဲ။

  1. An eye mask that helps you stop snoring (ဟောက်ခြင်းကို ရပ်တန့်ပေးမဲ့ eye mask)

တရုတ် company ဖြစ်တဲ့ VVFLY က လူသားတွေရဲ့ အိပ်စက်ခြင်းကို အချိန်အကြာကြီး လေ့လာခဲ့ပါတယ်။ တီထွင်သူတွေက ကာင်းကောင်းအိပ်ပျော်စေပြီး ဟောက်တဲ့ ပြဿနာကို ကူညီပေးမဲ့ ပစ္စည်းလေးတစ်ခုကို တီထွင်ဖို့ကြိုးစားနေကြပါတယ်။ ဒီ smart eye mask လေးက အသက်ရှုရတာ အဆင်ပြေအောင်လုပ်ပေးမှာ ဖြစ်ပြီး ဟောက်ခြင်းကို သက်သာစေအောင် လုပ်ပေးမှာ ဖြစ်ပါတယ်။

  1. A mask that your conversations secret

Hushme လို့ခေါ်တဲ့ ဒီပစ္စည်းလေးကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ သူဟာ မင်းရဲ့ လျှို့ဝှက်ချက်မှန်သမျှကို ထိန်းသိမ်းထားပေးမှာ ဖြစ်ပါတယ်။ မင်းဟာ ဒီပစ္စည်းကို အသုံးပြုပြီး အရေးကြီးတဲ့ အကြောင်းအရာတွေကို ဖုန်းနဲ့ ပြောနေတဲ့အချိန်မှာ အနှောက်အယှက်တွေကိုတားဆီးပေးမှာ ဖြစ်ပါတယ်။

  1. Bonus: antigadget

ဒီ special phone case လေးက သံလိုက်နဲ့ သော့ခတ်ထားတာဖြစ်ပြီး ဖုန်းကို administrator မရှိဘဲ ဖွင့်လို့ရမှာ မဟုတ်ပါဘူး။