Zawgyi Version
Facebook ဟာ Messenger မွာ ပို႕သမွ်အရာတုိင္းကို scan ဖတ္ျပီးေတာ့ သူ႕ရဲ႕စည္းကမ္းေတြကို ခ်ိဳးေဖာက္ေနသလားဆိုတာကို စစ္ေဆးပါတယ္။ ဟုတ္ပါတယ္။ CA အရွဳပ္ေတာ္ပံုနဲ႕ရင္ဆုိင္ေနရတဲ့ Facebook ဟာ ဓါတ္ပံုေတြနဲ႕ စာသားေတြကို scan ဖတ္ျပီးေတာ့ လူမႈအသိုင္းအ၀ုိင္းနဲ႕ ဆန္႕က်င္ေနလားဆိုတာကို ၾကည့္ပါတယ္။ ဒီလိုလုပ္ေဆာင္မႈက သူ႕ဟာနဲ႕သူေတာ့ အဓိပၸာယ္ရွိေပမယ့္လည္း သံုးစြဲသူေတြအတြက္ကေတာ့ သူတို႕အေၾကာင္းကို ဘယ္ေလာက္အထိ သိေနသလဲဆိုျပီးေတာ့ စိတ္ပူသြားမွာအမွန္ပါပဲ။
လက္ရွိမွာေတာ့ CA ရဲ႕ ေဒၚနယ္ထရန္႕မဲဆြယ္ပြဲမွာ သံုးစြဲသူေပါင္း သန္း၅၀ရဲ႕ အခ်က္အလက္ေတြကို အသံုးျပဳျပီးေတာ့ မဲႏုိင္ေအာင္ ေၾကာ္ျငာေတြလုပ္ခဲ့ရာမွာ ပတ္သတ္ေနလို႕ ၀ိုင္း၀န္းေ၀ဖန္ခံေနရပါတယ္။ ျပီးေတာ့ အခ်ိန္အၾကာၾကီး သံုးစြဲသူအခ်က္အလက္ေတြကို စုေဆာင္းေနမႈအတြက္ အျပစ္တင္ခံေနရပါတယ္။ အထူးသျဖင့္ Android သံုးစြဲသူေတြဆီကေန ေတာင္းခံခဲ့တာျဖစ္ပါတယ္။
မတ္ဇူကာဘတ္ကေတာ့ အခုလိုပဲ ေျပာၾကားထားပါတယ္။ သူတို႕ရဲ႕စနစ္ဟာ Messenger ေပၚမွာ ျမန္မာႏုိင္ငံမွ လူမ်ိဳးတံုးသတ္ျဖတ္မႈနဲ႕ ပတ္သတ္ျပီးေတာ့ ေရးသားထားတဲ့စာေတြကို ပိတ္ပင္ထားတယ္လို႕ သိရပါတယ္။ ဒါေၾကာင့္ သူတို႕ရဲ႕စနစ္ဟာ ဘာေတြျဖစ္ေနသလဲဆိုတာကို သိထားပါတယ္။ ဒီမက္ေဆ့ခ်္ေတြ ပ်ံ႕ႏွံ႕မသြားေအာင္ လုပ္ေဆာင္ထားပါတယ္။ ဟုတ္ပါတယ္။ ဒီအေၾကာင္းကိုလည္း သံုးစြဲသူအေတာ္မ်ားမ်ား ျပင္းျပင္းထန္ထန္ တုံ႕ျပန္ထားၾကတာကို သူတို႕သိရွိသြားတာျဖစ္ပါတယ္။ Facebook ကေတာ့ ဒီလိုtool ကို Facebook တစ္ခြင္မွာ အသံုးျပဳထားတယ္လို႕ ဆုိပါတယ္။ ဒါေၾကာင့္ သူတို႕ရဲ႕စည္းမ်ဥ္းနဲ႕ မကိုက္ညီဘူးလို႕ ခံစားရတဲ့ပို႕စ္မ်ား၊ မက္ေဆ့ခ်္မ်ားကို flag ေထာင္ႏုိင္ပါတယ္။ ဆိုလိုခ်င္တာကေတာ့ သူတို႕မွာ ပို႕သမွ်အရာတုိင္းကို scan ဖတ္ျပီးေတာ့ နားလည္ႏုိင္တဲ့၊ ကိုယ္တုိင္ဆံုးျဖတ္ႏုိင္တဲ့ tool ေတြရွိပါတယ္။
ဒီလို tool ေတြကို လုပ္ေဆာင္ထားတဲ့ရည္ရြယ္ခ်က္ကေတာ့ လူမႈအသိုင္းအ၀ိုင္းနဲ႕ ဆန္႕က်င္ေနတဲ့လုပ္ရပ္ေတြကို အခ်ိန္မီတားဆီးႏုိင္ဖို႕အတြက္ပါ။ ဒါေပမယ့္လည္း ဒီအေျခအေနနဲ႕ဆိုရင္ေတာ့ သံုးစြဲသူေတြရဲ႕စိတ္ထဲမွာ ေပါ့ေပါ့ပါးပါးထားလို႕ မရတဲ့အေနအထားျဖစ္ေနပါတယ္။
ကၽြန္ေတာ္တို႕မိတ္ေဆြတစ္ေယာက္ရဲ႕ ေျပာၾကားသံကိုလည္း နားေထာင္ၾကည့္ရေအာင္။ သူကေတာ့ မႏၱေလးမွ Faecbook သံုးစြဲသူတစ္ေယာက္ျဖစ္ပါတယ္။ ဒီလိုပို႕စ္ကို တင္ခဲ့တာ လြန္ခဲ့တဲ့ ရက္အနည္းငယ္ေလာက္ကျဖစ္ပါတယ္။
“ဟိုတစ္ေန႕က Facebook ေပၚကို စားေသာက္ဆိုင္အနားကေန ျဖတ္သြားတယ္ဆိုတဲ့အေၾကာင္းေလး တင္လိုက္မိပါတယ္။ သိပ္မၾကာလိုက္ဘူး။ NewFeeds မွာ အဲဒီစားေသာက္ဆုိင္ရဲ႕ ပို႕စ္ေတြ၊ ရီဗ်ဴးေတြတက္လာပါေရာ။ အရင္ကတည္းက အဲဒီစားေသာက္ဆုိင္ကို Like လည္းလုပ္မထားဘူး။ တစ္ခါမွလည္းမေပၚဖူးဘဲနဲ႕ စာေလးတင္ျပီးေတာ့မွ ေပၚလာတယ္ဆိုေတာ့ Data ေတြ ယူေနတာေသခ်ာသြားျပီ”
ကၽြန္ေတာ္တို႕ရွိေနတဲ့ေနရာတုိင္းကို လိုက္ၾကည့္ေနတယ္လို႕ ခံစားရမွာက်ိန္းေသပါပဲ။
မတ္ဇူကာဘတ္ကေတာ့ မတ္လကုန္ေလာက္မွာ ယူအက္စ္သတင္းစာေတြေပၚကေနျပီးေတာ့ ေတာင္းပန္စာေတြနဲ႕ အတိအလင္းေတာင္းပန္ခဲ့ပါတယ္။ ၂၀၁၄ခုႏွစ္တုန္းက တကၠသိုလ္သုေတသီေတြရဲ႕ ပေဟဠိapp ေလးမွတစ္ဆင့္ အခ်က္အလက္ေတြအမ်ားၾကီး ေပါက္ၾကားသြားတာကို မွတ္မိၾကဦးမယ္ထင္ပါတယ္လို႕ နိဒါန္းခ်ီခဲ့ျပီးေတာ့ ေတာင္းပန္ေၾကာင္း၊ အဲဒီလုိေတြထပ္ျဖစ္ေအာင္ လုပ္ေဆာင္္ေနေၾကာင္း၊ Facebook နဲ႕၀င္လုိက္တဲ့ app ေတြမွာ အခ်က္အလက္သံုးစြဲမႈကို ကန္႕သတ္သြားမွာျဖစ္ေၾကာင္း ၊ သူတို႕အေနနဲ႕ ဘယ္လိုခြင့္ျပဳခ်က္ေတြလိုအပ္သလဲဆိုတာကို app တစ္ခုခ်င္းစီအတြက္ စစ္ေဆးသြားမွာျဖစ္ေၾကာင္း ေရးသားထားခဲ့ပါတယ္။ ထိခိုက္ေစႏုိင္တဲ့ app ေတြကိုလည္း ပိတ္ပင္တားဆီးသြားမွာပါ။
“ေနာက္ဆံုးမွာေတာ့ ဘယ္လုိapp ေတြက အခ်က္အလက္ေတြကို အသံုးျပဳေနသလဲဆုိတာကို ျပသေပးသြားမွာမို႕ မလိုခ်င္ေတာ့ရင္ ပိတ္ပစ္လိုက္လို႕ရပါတယ္။ ကၽြန္ေတာ္တို႕ကို ယံုၾကည္ေပးတဲ့ အသိုင္းအ၀ုိင္းတစ္ခုလံုးကို ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္တို႕အေနနဲ႕ ပိုေကာင္းေအာင္ၾကိဳးစားသြားမွာပါ။”
Facebook ရဲ႕အခ်က္အလက္စုေဆာင္းမႈေတြထဲမွာ call log နဲ႕ မက္ေဆ့ခ်္ေတြလည္း ပါ၀င္ပါတယ္။ သံုးစြဲသူအခ်ိဳ႕ကေတာ့ contact နဲ႕ ျပကၡဒိန္မွာမွတ္ထားတဲ့ ပြဲအခမ္းအနားေတြအထိ မွတ္ထားေၾကာင္း ေျပာျပၾကပါတယ္။ သံုးစြဲသူတစ္ေယာက္ရဲ႕ call log မွာေတာ့ ေန႕ရက္၊ အခ်ိန္နဲ႕ ဘယ္သူက ဘယ္သူ႕ကိုေျပာတယ္ဆိုတာေတြကိုပါ မွတ္သားထားေၾကာင္းေတြ႕ရပါတယ္။ အေကာင့္ကိုဖ်က္ပစ္လိုက္ျခင္းထက္ deactivate လုပ္ျခင္းအားျဖင့္ သံုးစြဲသူေတြရဲ႕ အခ်က္အလက္ေတြကို အျမဲရွိေနေအာင္ စီမံထားသလိုပါပဲ။ ဒါေပမယ့္ အေကာင့္ကိုလံုး၀ဖ်က္ပစ္ခ်င္တဲ့အခါမ်ိဳးမွာေတာ့ downloadဆြဲမလားဆုိျပီးေတာ့ ေမးပါတယ္။
သံုးစြဲသူတစ္ေယာက္ကေတာ့ Facebook မွာမရွိတဲ့သူငယ္ခ်င္းေတြရဲ႕ ဖုန္းနံပါတ္ေတြေတာင္မွ ေတြ႕ရတယ္လို႕ ေျပာပါတယ္။ Facebook ရဲ႕ ေျပာဆိုခြင့္ရွိသူရဲ႕စကားသံကေတာ့
“Facebook ကို စျပီးေတာ့အေကာင့္၀င္လိုက္တာနဲ႕ သင့္ရဲ႕ဖုန္းစာအုပ္ကိုသံုုးျပီးေတာ့ သူငယ္ခ်င္းေတြကို ရွာေပးႏုိင္ေအာင္ လုပ္ထားပါတယ္။ contact ေတြ တင္ခ်င္တာကေတာ့ လုပ္ခ်င္လည္းရပါတယ္။ မလုုုပ္ခ်င္လည္းရပါတယ္။ အရင္တုန္းကတင္ထားတဲ့ အခ်က္အလက္ေတြကိုလည္း ျပန္ဖ်က္ႏုိင္ပါတယ္။ အဲဒီလိုဖ်က္လိုက္ျပီဆိုရင္ေတာ့ လံုး၀ကို ပ်က္သြားမွာျဖစ္ပါတယ္။”
CA အရွဳပ္ေတာ္ပံုျပီးတဲ့ေနာက္မွာေတာ့ Facebook သံုးရတာလည္း သိပ္ျပီးေတာ့မေကာင္းေတာ့ပါဘူး။ ကၽြန္ေတာ္တို႕အျဖစ္က ေစာင့္ၾကည့္ခံရာဇ၀တ္သားေတြလုိျဖစ္ေနပါတယ္။ မသိခင္တုန္းကေတာ့ အေၾကာင္းမဟုတ္ေပမယ့္လည္း ကၽြန္ေတာ္တို႕မွာ privacy မရွိေတာ့သလိုျဖစ္ေနပါတယ္။ ဒီေတာ့ Facebook ၾကီးက ပ်က္သုဥ္းေတာ့မွာလား။ မတ္ဇူကာဘတ္ကေရာ ဘယ္လ္ိုေတြကာကြယ္သြားမလဲဆိုတာ့ Facebook ပိတ္ကားထက္မွာ ၾကည့္ရွဳရေတာ့မွာမို႕ ဖ်ာေတြ၊ ကုတင္ေတြ အသင့္ျပင္ထားလို႕ရပါျပီ။
Unicode Version
Facebook ဟာ Messenger မှာ ပို့သမျှအရာတိုင်းကို scan ဖတ်ပြီးတော့ သူ့ရဲ့စည်းကမ်းတွေကို ချိုးဖောက်နေသလားဆိုတာကို စစ်ဆေးပါတယ်။ ဟုတ်ပါတယ်။ CA အရှုပ်တော်ပုံနဲ့ရင်ဆိုင်နေရတဲ့ Facebook ဟာ ဓါတ်ပုံတွေနဲ့ စာသားတွေကို scan ဖတ်ပြီးတော့ လူမှုအသိုင်းအဝိုင်းနဲ့ ဆန့်ကျင်နေလားဆိုတာကို ကြည့်ပါတယ်။ ဒီလိုလုပ်ဆောင်မှုက သူ့ဟာနဲ့သူတော့ အဓိပ္ပာယ်ရှိပေမယ့်လည်း သုံးစွဲသူတွေအတွက်ကတော့ သူတို့အကြောင်းကို ဘယ်လောက်အထိ သိနေသလဲဆိုပြီးတော့ စိတ်ပူသွားမှာအမှန်ပါပဲ။
လက်ရှိမှာတော့ CA ရဲ့ ဒေါ်နယ်ထရန့်မဲဆွယ်ပွဲမှာ သုံးစွဲသူပေါင်း သန်း၅၀ရဲ့ အချက်အလက်တွေကို အသုံးပြုပြီးတော့ မဲနိုင်အောင် ကြော်ငြာတွေလုပ်ခဲ့ရာမှာ ပတ်သတ်နေလို့ ဝိုင်းဝန်းဝေဖန်ခံနေရပါတယ်။ ပြီးတော့ အချိန်အကြာကြီး သုံးစွဲသူအချက်အလက်တွေကို စုဆောင်းနေမှုအတွက် အပြစ်တင်ခံနေရပါတယ်။ အထူးသဖြင့် Android သုံးစွဲသူတွေဆီကနေ တောင်းခံခဲ့တာဖြစ်ပါတယ်။
မတ်ဇူကာဘတ်ကတော့ အခုလိုပဲ ပြောကြားထားပါတယ်။ သူတို့ရဲ့စနစ်ဟာ Messenger ပေါ်မှာ မြန်မာနိုင်ငံမှ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီးတော့ ရေးသားထားတဲ့စာတွေကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့ရဲ့စနစ်ဟာ ဘာတွေဖြစ်နေသလဲဆိုတာကို သိထားပါတယ်။ ဒီမက်ဆေ့ချ်တွေ ပျံ့နှံ့မသွားအောင် လုပ်ဆောင်ထားပါတယ်။ ဟုတ်ပါတယ်။ ဒီအကြောင်းကိုလည်း သုံးစွဲသူအတော်များများ ပြင်းပြင်းထန်ထန် တုံ့ပြန်ထားကြတာကို သူတို့သိရှိသွားတာဖြစ်ပါတယ်။ Facebook ကတော့ ဒီလိုtool ကို Facebook တစ်ခွင်မှာ အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ရဲ့စည်းမျဉ်းနဲ့ မကိုက်ညီဘူးလို့ ခံစားရတဲ့ပို့စ်များ၊ မက်ဆေ့ချ်များကို flag ထောင်နိုင်ပါတယ်။ ဆိုလိုချင်တာကတော့ သူတို့မှာ ပို့သမျှအရာတိုင်းကို scan ဖတ်ပြီးတော့ နားလည်နိုင်တဲ့၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ tool တွေရှိပါတယ်။
ဒီလို tool တွေကို လုပ်ဆောင်ထားတဲ့ရည်ရွယ်ချက်ကတော့ လူမှုအသိုင်းအဝိုင်းနဲ့ ဆန့်ကျင်နေတဲ့လုပ်ရပ်တွေကို အချိန်မီတားဆီးနိုင်ဖို့အတွက်ပါ။ ဒါပေမယ့်လည်း ဒီအခြေအနေနဲ့ဆိုရင်တော့ သုံးစွဲသူတွေရဲ့စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးထားလို့ မရတဲ့အနေအထားဖြစ်နေပါတယ်။
ကျွန်တော်တို့မိတ်ဆွေတစ်ယောက်ရဲ့ ပြောကြားသံကိုလည်း နားထောင်ကြည့်ရအောင်။ သူကတော့ မန္တလေးမှ Faecbook သုံးစွဲသူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုပို့စ်ကို တင်ခဲ့တာ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကဖြစ်ပါတယ်။
“ဟိုတစ်နေ့က Facebook ပေါ်ကို စားသောက်ဆိုင်အနားကနေ ဖြတ်သွားတယ်ဆိုတဲ့အကြောင်းလေး တင်လိုက်မိပါတယ်။ သိပ်မကြာလိုက်ဘူး။ NewFeeds မှာ အဲဒီစားသောက်ဆိုင်ရဲ့ ပို့စ်တွေ၊ ရီဗျူးတွေတက်လာပါရော။ အရင်ကတည်းက အဲဒီစားသောက်ဆိုင်ကို Like လည်းလုပ်မထားဘူး။ တစ်ခါမှလည်းမပေါ်ဖူးဘဲနဲ့ စာလေးတင်ပြီးတော့မှ ပေါ်လာတယ်ဆိုတော့ Data တွေ ယူနေတာသေချာသွားပြီ”
ကျွန်တော်တို့ရှိနေတဲ့နေရာတိုင်းကို လိုက်ကြည့်နေတယ်လို့ ခံစားရမှာကျိန်းသေပါပဲ။
မတ်ဇူကာဘတ်ကတော့ မတ်လကုန်လောက်မှာ ယူအက်စ်သတင်းစာတွေပေါ်ကနေပြီးတော့ တောင်းပန်စာတွေနဲ့ အတိအလင်းတောင်းပန်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ်တုန်းက တက္ကသိုလ်သုတေသီတွေရဲ့ ပဟေဠိapp လေးမှတစ်ဆင့် အချက်အလက်တွေအများကြီး ပေါက်ကြားသွားတာကို မှတ်မိကြဦးမယ်ထင်ပါတယ်လို့ နိဒါန်းချီခဲ့ပြီးတော့ တောင်းပန်ကြောင်း၊ အဲဒီလိုတွေထပ်ဖြစ်အောင် လုပ်ဆောင်နေကြောင်း၊ Facebook နဲ့ဝင်လိုက်တဲ့ app တွေမှာ အချက်အလက်သုံးစွဲမှုကို ကန့်သတ်သွားမှာဖြစ်ကြောင်း ၊ သူတို့အနေနဲ့ ဘယ်လိုခွင့်ပြုချက်တွေလိုအပ်သလဲဆိုတာကို app တစ်ခုချင်းစီအတွက် စစ်ဆေးသွားမှာဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။ ထိခိုက်စေနိုင်တဲ့ app တွေကိုလည်း ပိတ်ပင်တားဆီးသွားမှာပါ။
“နောက်ဆုံးမှာတော့ ဘယ်လိုapp တွေက အချက်အလက်တွေကို အသုံးပြုနေသလဲဆိုတာကို ပြသပေးသွားမှာမို့ မလိုချင်တော့ရင် ပိတ်ပစ်လိုက်လို့ရပါတယ်။ ကျွန်တော်တို့ကို ယုံကြည်ပေးတဲ့ အသိုင်းအဝိုင်းတစ်ခုလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပိုကောင်းအောင်ကြိုးစားသွားမှာပါ။”
Facebook ရဲ့အချက်အလက်စုဆောင်းမှုတွေထဲမှာ call log နဲ့ မက်ဆေ့ချ်တွေလည်း ပါဝင်ပါတယ်။ သုံးစွဲသူအချို့ကတော့ contact နဲ့ ပြက္ခဒိန်မှာမှတ်ထားတဲ့ ပွဲအခမ်းအနားတွေအထိ မှတ်ထားကြောင်း ပြောပြကြပါတယ်။ သုံးစွဲသူတစ်ယောက်ရဲ့ call log မှာတော့ နေ့ရက်၊ အချိန်နဲ့ ဘယ်သူက ဘယ်သူ့ကိုပြောတယ်ဆိုတာတွေကိုပါ မှတ်သားထားကြောင်းတွေ့ရပါတယ်။ အကောင့်ကိုဖျက်ပစ်လိုက်ခြင်းထက် deactivate လုပ်ခြင်းအားဖြင့် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အမြဲရှိနေအောင် စီမံထားသလိုပါပဲ။ ဒါပေမယ့် အကောင့်ကိုလုံးဝဖျက်ပစ်ချင်တဲ့အခါမျိုးမှာတော့ downloadဆွဲမလားဆိုပြီးတော့ မေးပါတယ်။
သုံးစွဲသူတစ်ယောက်ကတော့ Facebook မှာမရှိတဲ့သူငယ်ချင်းတွေရဲ့ ဖုန်းနံပါတ်တွေတောင်မှ တွေ့ရတယ်လို့ ပြောပါတယ်။ Facebook ရဲ့ ပြောဆိုခွင့်ရှိသူရဲ့စကားသံကတော့
“Facebook ကို စပြီးတော့အကောင့်ဝင်လိုက်တာနဲ့ သင့်ရဲ့ဖုန်းစာအုပ်ကိုသုံုးပြီးတော့ သူငယ်ချင်းတွေကို ရှာပေးနိုင်အောင် လုပ်ထားပါတယ်။ contact တွေ တင်ချင်တာကတော့ လုပ်ချင်လည်းရပါတယ်။ မလုုုပ်ချင်လည်းရပါတယ်။ အရင်တုန်းကတင်ထားတဲ့ အချက်အလက်တွေကိုလည်း ပြန်ဖျက်နိုင်ပါတယ်။ အဲဒီလိုဖျက်လိုက်ပြီဆိုရင်တော့ လုံးဝကို ပျက်သွားမှာဖြစ်ပါတယ်။”
CA အရှုပ်တော်ပုံပြီးတဲ့နောက်မှာတော့ Facebook သုံးရတာလည်း သိပ်ပြီးတော့မကောင်းတော့ပါဘူး။ ကျွန်တော်တို့အဖြစ်က စောင့်ကြည့်ခံရာဇဝတ်သားတွေလိုဖြစ်နေပါတယ်။ မသိခင်တုန်းကတော့ အကြောင်းမဟုတ်ပေမယ့်လည်း ကျွန်တော်တို့မှာ privacy မရှိတော့သလိုဖြစ်နေပါတယ်။ ဒီတော့ Facebook ကြီးက ပျက်သုဉ်းတော့မှာလား။ မတ်ဇူကာဘတ်ကရော ဘယ်လိုတွေကာကွယ်သွားမလဲဆိုတာ့ Facebook ပိတ်ကားထက်မှာ ကြည့်ရှုရတော့မှာမို့ ဖျာတွေ၊ ကုတင်တွေ အသင့်ပြင်ထားလို့ရပါပြီ။