8GB RAM ပါဝင်မှာဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ OnePlus 6
0
380
Zawgyi Version
Unicode Version
OnePlus ကတော့ ဒီနေ့ခေတ်မှာ လူသိများတဲ့ဖုန်းတစ်လုံး ဖြစ်နေပါပြီ။ အစောပိုင်းရက်တွေတုန်းကတော့ သာမန် flagship တစ်လုံးရဲ့ဈေးထက်ဝက်နဲ့ flagship တစ်လုံးထုတ်လိုက်လို့ လူတိုင်းက အံ့သြခဲ့ရတဲ့ဖုန်းအမျိုးအစားတစ်ခုပါ။ ဒီရက်ပိုင်းမှာ သတင်းထွက်နေတာကတော့ သူတို့က နောက်ထပ် flagshipဖုန်းတစ်လုံးကို အချက်အလက်ခိုင်ခိုင်မာမာနဲ့ ဈေးနှုန်းသက်သာစွာထုတ်လုပ်မှာပါ။ feature လေးတွေကို သိချင်နေမယ်ဆိုရင်တော့ အချိန်မဆွဲဘဲကြည့်လိုက်ရအောင်။
OnePlus 5 နဲ့ OnePlus 5T တို့ကတော့ အားကောင်းတဲ့ flagship ဖုန်းတွေဖြစ်ပါတယ်။ OnePlus 5T မှာ 18:9 လမ်းကြောင်းကို လိုက်ထားပြီးတော့ OnePlus 5 ကလည်း ကင်မရာနှစ်လုံးခေတ်ကို ခုန်လိုက်လာပါတယ်။ Snapdragon 835 chipset နဲ့ အားဖြည့်ထားတော့ ဘာတွေလုပ်နိုင်မလဲဆိုတာ မှန်းကြည့်လို့ရနေပါပြီ။
OnePlus 6 အကြောင်းကို မကြာသေးခင်က OnePlus ကနေပြီးတော့ ပို့စ်တင်ခဲ့ပါတယ်။ ဂျွန်၊ ဂျူလိုင်လောက်မှာ ရနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီဖုန်းက မြန်ဆန်တယ်။ ငြိမ်တယ်။ စွမ်းအားကောင်းတယ်လို့ ယူဆထားပါတယ်။ OnePlus ရဲ့ ပြောကြားချက်ကတော့ Snapdragon 845 chipset ၊ 8GB RAM ၊ 256GB သိုလှောင်မှုတွေ ပါဝင်မှာပါ။ ဒါကြောင့် ဒါဟာ စံနှုန်းမီတဲ့စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
OnePlus ကတော့ သုံးစွဲသူတွေကို အကောင်းဆုံး hardware ပေးစွမ်းထားတာသာမက မြန်ဆန်ခြင်း၊ ချောမွေ့ခြင်း၊ တစ်နေ့တာအသုံးခံခြင်းတွေကိုလည်း ရလိမ့်မယ်လို့ ပြောထားပါတယ်။ အပြင်းစားသုံးမယ်ဆိုရင်တောင်မှ ဖုန်းဟန်းခြင်းက 1/1000 ရာခိုင်နှုန်းလောက်သာ ရှိမယ်လို့ သိရပါတယ်။
အခြေအနေကတော့ စောင့်ကြည့်ရမှာပါပဲ။