၂၀၁၈အတြက္ အေကာင္းဆံုး Fitness စမတ္နာရီမ်ား

0
499

Zawgyi Version

Samsung Gear Sport

Image result for Samsung Gear Sport

ေန႕စဥ္သံုးနဲ႕ activity tracking အတြက္ အေကာင္းဆံုးစမတ္နာရီကိုေျပာပါဆိုရင္ေတာ့ Samsung Gear Sport ျဖစ္ပါတယ္။ 5ATM ေရစိုခံနဲ႕တည္ေဆာက္ထားျပီးေတာ့ လိုအပ္တဲ့ sensor ေတြ၊ ေရဒီယိုစနစ္ေတြကိုလည္း ထည့္သြင္းေပးထားပါတယ္။ Samsung Health ကလည္း ေရရွည္ပန္းတုိင္ေတြအတြက္ workout တုိင္းကို ေကာင္းေကာင္းလုုပ္ေဆာင္ေပးႏုိင္ပါတယ္။ Under Armour နဲ႕ MapMyFitness တို႕လို နာမည္ၾကီးေတြနဲ႕ မိတ္ဖက္လုပ္ေဆာင္ထားတာေၾကာင့္ သင္လိုအပ္မယ္ဆိုရင္ သင့္ရဲ႕အခ်က္အလက္ေတြကို မတူညီတဲ့စနစ္ေတြေပၚကို တင္ႏုိင္ဦးမွာပါ။

Gear Sport ရဲ႕ အေကာင္းဆံုး feature တစ္ခုကေတာ့ အားကစားမဆန္ျခင္းပါပဲ။ ေန႕စဥ္ေန႕တုိင္း အ၀တ္အစားမေရြးဘဲ ၀တ္ဆင္ႏုိင္သလို အရမ္းၾကီးလည္း ထူးျခားမေနပါဘူး။ ဟုတ္ပါတယ္။ fitness အတြက္ထုတ္ထားတဲ့ အျခားစမတ္နာရီေတြနဲ႕ မတူညီတာျဖစ္ပါတယ္။ လည့္ေနတဲ့ေဘာင္ေလးေတြကလည္း ၾကည့္လို႕ေကာင္းပါတယ္။ မ်က္ႏွာျပင္က ေကာင္းမြန္ျပီးေတာ့ software ကလည္း စြမ္းေဆာင္ရည္ျမင့္ပါတယ္။ ဘတ္ထရီသက္တမ္းကေတာ့ ေကာင္းပါတယ္။ အသံုးျပဳမႈအေပၚမူတည္ျပီးေတာ့ ၂ရက္ ၃ရက္ခံပါတယ္။

ေနာက္ဆံုးအေနနဲ႕ Gear Sport ကေတာ့ သမားရိုးက် စမတ္နာရီေလးတစ္ခုျဖစ္ျပီးေတာ့ အေတာ္မ်ားမ်ားလုပ္ေဆာင္ႏုိင္တဲ့ fitness tracker ေလး ျဖစ္ပါတယ္။

ေနာက္တစ္ခုက အားကစားဆန္တဲ့သြင္ျပင္တဲ့ ၾကံ႕ခုိင္တဲ့ဒီဇုိင္းမွာလည္း ရာဘာလက္ပတ္ေတြကို ႏုိင္လြန္၊ သားေရအစား အသံုုးျပဳထားပါေသးတယ္။

ေနာက္တစ္မ်ိဳး – Fitbit Ionic

Image result for Fitbit Ionic

Fitbit ကေတာ့ ေအာင္ျမင္တဲ့ fitness band လုိင္းကေန ခြဲထြက္လာတဲ့ စမတ္နာရီျဖစ္ပါတယ္။ ဒါက Ionic ကို activity tracking ကို အေလးေပးခ်င္တဲ့သူအတြက္ ျပီးျပည့္စံုတဲ့ စမတ္နာရီတစ္လံုး ျဖစ္ပါတယ္။ စမတ္နာရီရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ဒုတိယအေနနဲ႕ ဦးစားေပးထားပါတယ္။ သူဟာ ၾကီးမားျပီးေတာ့ အထည္လိုက္ၾကီးျဖစ္ေပမယ့္ Fitbit Ionic မွာ ေတာက္ပတဲ့မ်က္ႏွာျပင္၊ GPS tracking ၊ optical heart rate sensor ၊ SpO2 sensor ၊ မီတာ၅၀အထိ ေရစိုခံျခင္း၊ NFC နဲ႕ 2.5GB သိုေလွာင္မႈေတြကိုလည္း ေတြ႕ျမင္ရမွာပါ။ ဘတ္ထရီသက္တမ္းက ေလးရက္ခံတဲ့အတြက္ေၾကာင့္ ျပိဳင္ႏိုင္စြမ္းအလြန္ျမင့္ေနပါတယ္။

Fitbit ကို fitness tracking ပိုင္းမွာ အေတာ္ေလးယံုၾကည္ထားတဲ့လူေတြရွိေနတဲ့အတြက္ေၾကာင့္ ေဒၚလာ၃၀၀ နဲ႕ေရာင္းခ်ေနပါတယ္။ အတြင္းပိုင္းမွာလည္း Wear OS ဒါမွမဟုတ္ Samsung watch လိုမ်ိဳး Android ဖုန္းနဲ႕ တြဲႏုိင္မွာေတာ့ မဟုတ္ပါဘူး။ ဒီအခ်က္နဲ႕ fitness အတြက္ ေကာင္းလားမေကာင္းလားဆိုတာ ျငင္းလို႕မရပါဘူး။

ေနာက္ဆံုးတစ္ခ်က္ – fitness ကသာ သင့္ရဲ႕ပထမဆံုးပန္းတုိင္ဆိုရင္ေတာ့ Fitbit ကိုလည္း အရင္ကသံုးဖူးတယ္ဆိုုရင္ေတာ့ Ionic က သင့္ရဲ႕စာရင္းမွာ ထိပ္ဆံုးျဖစ္သင့္ပါတယ္။

ေနာက္တစ္ခုက Fitbit Versa အသစ္မွာ အိမ္အေသးေလးပါ၀င္ျပီးေတာ့ စမတ္နာရီေကာင္းေကာင္းေလး ျဖစ္လာပါတယ္။ ဒါေပမယ့္လည္း Ionic လိုေတာ့ GPS မပါ၀င္ပါဘူး။

Wear OS ထဲမွာအေကာင္းဆံုးကေတာ့ Huawei Watch 2 Sport

Image result for Huawei Watch 2 Sport

Wear OS ေလာကကေတာ့ lifestyle နဲ႕ fashion brand ဘက္ကို သြားေနပါတယ္။ fitness ဦးတည္ထားတဲ့အပိုင္းမွာလည္း ေမာ္ဒန္ေရြးခ်ယ္မႈေတြကို လုပ္ေဆာင္ႏုိင္လာပါတယ္။ Huawei Watch 2 Sport ကေတာ့ ေပါ့ပါးျပီး အၾကမ္းခံတဲ့ဒီဇိုင္းရွိပါတယ္။ ေခၽြးထြက္တာေလာက္ေတာ့ ခံႏုိင္ပါတယ္။ ဒီဇုိင္းပိုင္းမွာ ဆုမရျခင္းကေတာ့ ေစ်းေပါျပီးေတာ့ အေပါစားဆန္တယ္လို႕ ထင္ရေလာက္တဲ့ဒီဇိုင္းျဖစ္ေနလို႕ပါပဲ။ ေဒၚလာ၂၀၀ ေလာက္အတြက္နဲ႕ေတာ့ လက္မွာ၀တ္ဆင္လို႕ရတဲ့ ကြန္ပ်ဴတာတစ္လံုးအေနနဲ႕ သင့္ပါတယ္။

ဒါမွမဟုတ္လည္း Wear OS fare ပါ၀င္တဲ့ စမတ္နာရီေလးျဖစ္ႏုိင္ပါတယ္။ Android ရဲ႕ notification နဲ႕ messaging စနစ္ေတြကို ျပီးျပည့္စံုေအာင္ေပါင္းစပ္ထားပါတယ္။ ဒါေၾကာင့္ Google Play နဲ႕ ခ်ိတ္ဆက္ထားျပီးေတာ့ watch face ေတြနဲ႕ app extension ေတြကို စမ္းၾကည့္ႏုိင္ပါတယ္။ Google Pay အတြက္လည္း NFC ေတြ ထည့္ေပးထားပါတယ္။ ဒါေပမယ့္ Samsung ၊ Fitbit တို႕ေလာက္မေကာင္းေပမယ့္လည္း Wear OS မွာေတာ့ ဖုန္းနဲ႕ခ်ိတ္ဆက္ႏုိင္တဲ့အတြက္ ေကာင္းမြန္တယ္လို႕ ဆိုရမွာပါ။

ေနာက္ဆံုးတစ္ခ်က္ – Wear OS ၀တ္ခ်င္တယ္ဆိုရင္ေတာ့ Watch 2 Sport က အၾကမ္းခံတဲ့အိမ္ေလးကို တတ္ႏုိင္တဲ့ေစ်းနဲ႕ ေပးထားႏုိင္ပါတယ္။

ေနာက္ထပ္တစ္ခ်က္ကေတာ့ Watch 2 Sport က အျမင္မဖမ္းစားႏုိင္ပါဘူး။ လေပါင္းမ်ားစြာ ေနာက္က်ေနပါျပီ။

အႏွစ္ခ်ဳပ္

စမတ္နာရီကေတာ့ ေန႕စဥ္သံုးနဲ႕ fitness tracker နွစ္မ်ိဳးစလံုးအတြက္ဆိုရင္ေတာ့ Samsung Gear Sport က အေကာင္းဆံုးပါပဲ။ Fitbit ရဲ႕ Ionic ကေတာ့ ေန႕စဥ္သံုးစမတ္နာရီျဖစ္ပါတယ္။ ဒါေပမယ့္လည္း Fitbit brand ထက္ ပိုေကာင္းပါတယ္။ Wear OS ပို္င္းလိုခ်င္တယ္ဆိုရင္၊ စမတ္ဖုန္းနဲ႕ခ်ိတ္ဆက္ခ်င္တယ္ဆိုရင္ေတာ့ Huawei Watch 2 Sport က ေစ်းမၾကီးတဲ့နာရီေလးတစ္ခုပါပဲ။

Unicode Version

Samsung Gear Sport

နေ့စဉ်သုံးနဲ့ activity tracking အတွက် အကောင်းဆုံးစမတ်နာရီကိုပြောပါဆိုရင်တော့ Samsung Gear Sport ဖြစ်ပါတယ်။ 5ATM ရေစိုခံနဲ့တည်ဆောက်ထားပြီးတော့ လိုအပ်တဲ့ sensor တွေ၊ ရေဒီယိုစနစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ Samsung Health ကလည်း ရေရှည်ပန်းတိုင်တွေအတွက် workout တိုင်းကို ကောင်းကောင်းလုုပ်ဆောင်ပေးနိုင်ပါတယ်။ Under Armour နဲ့ MapMyFitness တို့လို နာမည်ကြီးတွေနဲ့ မိတ်ဖက်လုပ်ဆောင်ထားတာကြောင့် သင်လိုအပ်မယ်ဆိုရင် သင့်ရဲ့အချက်အလက်တွေကို မတူညီတဲ့စနစ်တွေပေါ်ကို တင်နိုင်ဦးမှာပါ။

Gear Sport ရဲ့ အကောင်းဆုံး feature တစ်ခုကတော့ အားကစားမဆန်ခြင်းပါပဲ။ နေ့စဉ်နေ့တိုင်း အဝတ်အစားမရွေးဘဲ ဝတ်ဆင်နိုင်သလို အရမ်းကြီးလည်း ထူးခြားမနေပါဘူး။ ဟုတ်ပါတယ်။ fitness အတွက်ထုတ်ထားတဲ့ အခြားစမတ်နာရီတွေနဲ့ မတူညီတာဖြစ်ပါတယ်။ လည့်နေတဲ့ဘောင်လေးတွေကလည်း ကြည့်လို့ကောင်းပါတယ်။ မျက်နှာပြင်က ကောင်းမွန်ပြီးတော့ software ကလည်း စွမ်းဆောင်ရည်မြင့်ပါတယ်။ ဘတ်ထရီသက်တမ်းကတော့ ကောင်းပါတယ်။ အသုံးပြုမှုအပေါ်မူတည်ပြီးတော့ ၂ရက် ၃ရက်ခံပါတယ်။

နောက်ဆုံးအနေနဲ့ Gear Sport ကတော့ သမားရိုးကျ စမတ်နာရီလေးတစ်ခုဖြစ်ပြီးတော့ အတော်များများလုပ်ဆောင်နိုင်တဲ့ fitness tracker လေး ဖြစ်ပါတယ်။

နောက်တစ်ခုက အားကစားဆန်တဲ့သွင်ပြင်တဲ့ ကြံ့ခိုင်တဲ့ဒီဇိုင်းမှာလည်း ရာဘာလက်ပတ်တွေကို နိုင်လွန်၊ သားရေအစား အသုံုးပြုထားပါသေးတယ်။

နောက်တစ်မျိုး – Fitbit Ionic

Fitbit ကတော့ အောင်မြင်တဲ့ fitness band လိုင်းကနေ ခွဲထွက်လာတဲ့ စမတ်နာရီဖြစ်ပါတယ်။ ဒါက Ionic ကို activity tracking ကို အလေးပေးချင်တဲ့သူအတွက် ပြီးပြည့်စုံတဲ့ စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ စမတ်နာရီရဲ့ လုပ်ဆောင်ချက်တွေကို ဒုတိယအနေနဲ့ ဦးစားပေးထားပါတယ်။ သူဟာ ကြီးမားပြီးတော့ အထည်လိုက်ကြီးဖြစ်ပေမယ့် Fitbit Ionic မှာ တောက်ပတဲ့မျက်နှာပြင်၊ GPS tracking ၊ optical heart rate sensor ၊ SpO2 sensor ၊ မီတာ၅၀အထိ ရေစိုခံခြင်း၊ NFC နဲ့ 2.5GB သိုလှောင်မှုတွေကိုလည်း တွေ့မြင်ရမှာပါ။ ဘတ်ထရီသက်တမ်းက လေးရက်ခံတဲ့အတွက်ကြောင့် ပြိုင်နိုင်စွမ်းအလွန်မြင့်နေပါတယ်။

Fitbit ကို fitness tracking ပိုင်းမှာ အတော်လေးယုံကြည်ထားတဲ့လူတွေရှိနေတဲ့အတွက်ကြောင့် ဒေါ်လာ၃၀၀ နဲ့ရောင်းချနေပါတယ်။ အတွင်းပိုင်းမှာလည်း Wear OS ဒါမှမဟုတ် Samsung watch လိုမျိုး Android ဖုန်းနဲ့ တွဲနိုင်မှာတော့ မဟုတ်ပါဘူး။ ဒီအချက်နဲ့ fitness အတွက် ကောင်းလားမကောင်းလားဆိုတာ ငြင်းလို့မရပါဘူး။

နောက်ဆုံးတစ်ချက် – fitness ကသာ သင့်ရဲ့ပထမဆုံးပန်းတိုင်ဆိုရင်တော့ Fitbit ကိုလည်း အရင်ကသုံးဖူးတယ်ဆိုုရင်တော့ Ionic က သင့်ရဲ့စာရင်းမှာ ထိပ်ဆုံးဖြစ်သင့်ပါတယ်။

နောက်တစ်ခုက Fitbit Versa အသစ်မှာ အိမ်အသေးလေးပါဝင်ပြီးတော့ စမတ်နာရီကောင်းကောင်းလေး ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း Ionic လိုတော့ GPS မပါဝင်ပါဘူး။

Wear OS ထဲမှာအကောင်းဆုံးကတော့ Huawei Watch 2 Sport

Wear OS လောကကတော့ lifestyle နဲ့ fashion brand ဘက်ကို သွားနေပါတယ်။ fitness ဦးတည်ထားတဲ့အပိုင်းမှာလည်း မော်ဒန်ရွေးချယ်မှုတွေကို လုပ်ဆောင်နိုင်လာပါတယ်။ Huawei Watch 2 Sport ကတော့ ပေါ့ပါးပြီး အကြမ်းခံတဲ့ဒီဇိုင်းရှိပါတယ်။ ချွေးထွက်တာလောက်တော့ ခံနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ ဆုမရခြင်းကတော့ ဈေးပေါပြီးတော့ အပေါစားဆန်တယ်လို့ ထင်ရလောက်တဲ့ဒီဇိုင်းဖြစ်နေလို့ပါပဲ။ ဒေါ်လာ၂၀၀ လောက်အတွက်နဲ့တော့ လက်မှာဝတ်ဆင်လို့ရတဲ့ ကွန်ပျူတာတစ်လုံးအနေနဲ့ သင့်ပါတယ်။

ဒါမှမဟုတ်လည်း Wear OS fare ပါဝင်တဲ့ စမတ်နာရီလေးဖြစ်နိုင်ပါတယ်။ Android ရဲ့ notification နဲ့ messaging စနစ်တွေကို ပြီးပြည့်စုံအောင်ပေါင်းစပ်ထားပါတယ်။ ဒါကြောင့် Google Play နဲ့ ချိတ်ဆက်ထားပြီးတော့ watch face တွေနဲ့ app extension တွေကို စမ်းကြည့်နိုင်ပါတယ်။ Google Pay အတွက်လည်း NFC တွေ ထည့်ပေးထားပါတယ်။ ဒါပေမယ့် Samsung ၊ Fitbit တို့လောက်မကောင်းပေမယ့်လည်း Wear OS မှာတော့ ဖုန်းနဲ့ချိတ်ဆက်နိုင်တဲ့အတွက် ကောင်းမွန်တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတစ်ချက် – Wear OS ဝတ်ချင်တယ်ဆိုရင်တော့ Watch 2 Sport က အကြမ်းခံတဲ့အိမ်လေးကို တတ်နိုင်တဲ့ဈေးနဲ့ ပေးထားနိုင်ပါတယ်။

နောက်ထပ်တစ်ချက်ကတော့ Watch 2 Sport က အမြင်မဖမ်းစားနိုင်ပါဘူး။ လပေါင်းများစွာ နောက်ကျနေပါပြီ။

အနှစ်ချုပ်

စမတ်နာရီကတော့ နေ့စဉ်သုံးနဲ့ fitness tracker နှစ်မျိုးစလုံးအတွက်ဆိုရင်တော့ Samsung Gear Sport က အကောင်းဆုံးပါပဲ။ Fitbit ရဲ့ Ionic ကတော့ နေ့စဉ်သုံးစမတ်နာရီဖြစ်ပါတယ်။ ဒါပေမယ့်လည်း Fitbit brand ထက် ပိုကောင်းပါတယ်။ Wear OS ပိုင်းလိုချင်တယ်ဆိုရင်၊ စမတ်ဖုန်းနဲ့ချိတ်ဆက်ချင်တယ်ဆိုရင်တော့ Huawei Watch 2 Sport က ဈေးမကြီးတဲ့နာရီလေးတစ်ခုပါပဲ။