လက်နဲ့ထိသုံးစရာမလိုသည့် iPhone ကိုထုတ်လုပ်မယ့် Apple

0
501

Zawgyi version






Unicode version

နောက်လာမယ့် iPhone မော်ဒယ်လ်တွေမှာ လက်နဲ့ထိသုံးစရာမလိုအပ်တော့ဘဲ gesture တွေနဲ့သားထိန်းချုပ်နိုင်ဖို့အတွက် မှန်ကွေးတွေကို အသုံးပြုသွားမှာပါ။ လက်ရှိ စမတ်ဖုန်းဈေးကွက်ရေစီးကြောင်းအရ ခေတ်စားနေတဲ့စမတ်ဖုန်းတွေနဲ့ ဘယ်လိုများကွာခြားသွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Apple ဖန်တွေရဲ့ စကားသံအရ လက်နဲ့ထိသုံးစရာမလိုအပ်တော့ဘဲ gestureတွေဆိုာက ဖုန်းမျက်နှာပြင်အနီးမှာ လှုပ်ရှားလိုက်တာနဲ့ ထိန်းချုပ်မှုတွေကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဖုန်းမျက်နှာပြင်နားမှာ လှုပ်ရှားနေတဲ့လက်ကို သိရှိဖို့အတွက်ကတော့ နှစ်နှစ်လောက်အချိန်ယူပြင်ဆင်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

Gurman ကတော့ Apple ရဲ့ gesture ဒီဇိုင်းကို Samsung ရဲ့ Air Gestures ၊ Google ရဲ့ Project Soli(radar နည်းပညာကိုသုံးထားတဲ့ sensor) တို့နဲ့ နှိုင်းယှဉ်ကြည့်ခဲ့ရာမှာ Apple ရဲ့ နောက်ထွက်မဲ့ iPhone က screen နဲ့ ပိုနီးမဲ့ gestures တွေ လိုအပ်ပါသေးတယ်။

Samsung ဖုန်းနဲ့မတူတာက Samsung က ဘေးအစွန်းတွေက ကွေးဝင်သွားတာဖြစ်ပြီး Apple ရဲ့ iPhone display က အပေါ်ကနေ အောက်ဖက်ကိုကွေးဝင်သွားမှာဖြစ်ပါတယ်။ Company က curved display rumours နဲ့ ချိန်ဆက်ထားပြီး  October 2017 တုန်းကလည်း iPhone ကို LG ရဲ့
foldable display နဲ့ အလုပ်လုပ်နေတယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။

Apple company က OLED technology ကို device တော်တော်များများမှာ ထည့်သွင်းချင်နေတာပါ။ နောက်ထွက်မဲ့ iPhone ကိုတော့ ပိုပြီးကြီးမားတဲ့ 6.5-inch screen နဲ့ အပေါ်အောက် 5.8-inch ဆိုပီး ရည်ရွယ်ထားပါတယ်။ Company က iPhone X’s size ကို တိုးမြှင့်ပြင်ဆင်ဖို့လုပ်ဆောင်နေပြီးတော့ တန်ဖိုးနည်း LCD model အသစ်တစ်လုံးကိုလည်း  စီစဉ်ထားပါတယ်။