LG က Huawei ကို smartphone display တွေ ထောက်ပံ့

0
438

Zawgyi version


 

Unicode version

စမတ်ဖုန်းတွေဟာ company တော်တော်များများနဲ့ ပူးပေါင်းမှုတွေ ပြုလုပ်လာကြပါတယ်။ Apple ရဲ့ arch-rival ဖြစ်တဲ့ Samsung ဟာ iPhone အမျိုးမျိုးအတွက် chip နဲ့ display တွေကို ထောက်ပံ့ပေးထားပါတယ်။ Sony ကတော့ camera parts တွေကို တစ်ခြား smartphone manufacturers တွေဖြစ်တဲ့ OnePlus တွေမှာ ထောက်ပံ့ပေးထားပါတယ်။ ခုခါမှာတော့ LG က Huawei မှာ Porsche Design Huawei Mate RS ကို အသုံးပြုဖို့အတွက် OLED displays ကိုထောက်ပံ့ပေးထားပါတယ်။
LG ဟာ OLED panels နဲ့ ဝင်ငွေတော်တော်ရလာပါတယ်။ အများစုကတော့ TV ကနေရတာဖြစ်ပါတယ်။ ဖုန်းဈေးကွက်မှာတော့ LG ရဲ့ OLED panel က ရှယ်ယာအသင့်အတင့် ရှိပါတယ်။ Huawei က LG display ကို ရွေးချယ်လိုက်တာက $2,000 တန် superphone မှာ ထည့်သွင်းဖို့ ဖြစ်ပါတယ်။
Porsche Design Huawei Mate RS မှာ feature တစ်ခုကတော့ under-glass fingerprint sensor ပဲဖြစ်ပါတယ်။ Synaptics technology နဲ့ပြုလုပ်ထားပီး Vivo Apex မှာ under glass sensor ပါဝင်ပါတယ်။ display က sensor technology နဲ့ပေါင်းပီး အလုပ်လုပ်မှာ ဖြစ်ပါတယ်။ LG ဟာ စမတ်ဖုန်း display ဈေးကွက်မှာ under glass sensor နဲ့ နာမည်တစ်လုံးရနိုင်ပါ့မလား။
LG က Porsche Design Huawei Mate RS အတွက် display ကိုထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ device ကအရမ်းဈေးကြီးတဲ့အတွက်ကြောင့် ဈေနှုန်းအများကြီးနဲ့လဲ မရောင်းရဲဘူး ဖြစ်နေကြတာပါ။
Huawei ဟာခုချိန်မှာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူပဲ ဖြစ်နေချိန်မှာ LG ကလဲ top five ကို မစွန့်လွှတ်ပါဘူး။ LG ဟာ Huawei နဲ့ partnership ဖြစ်လာတော့မှာပါ။