Intel CPU အစား Kalamata CPU ကိုေျပာင္းလဲအသုံးျပဳမယ့္ Apple

0
515

Zawgyi Version

Apple ကေတာ့ ၂၀၂၀ေရာက္တဲ့အခါ သူ႕ရဲ႕ custom-designed ARM chip ေတြကို Mac ကြန္ပ်ဴတာေတြမွာ အသံုးျပဳဖို႕ စီစဥ္ေနတယ္ဆိုတဲ့သတင္း ထြက္လာပါတယ္။ ဒါကေတာ့ Intel အတြက္ မ်က္ခံုးလႈပ္ရမယ့္သတင္းျဖစ္ပါတယ္။ Inel ရဲ႕ ပရိုဆက္ဆာေတြကို သူ႕ရဲ႕ desktop နဲ႕ laptop ေတြမွာ အသံုးမျပဳေတာ့ဘူးဆိုေတာ့ main customer တစ္ေယာက္ ေလ်ာ့နည္းသြားျပီပဲ။

Apple ကေတာ့ ကေတာ့ iPhone ၊ iPad နဲ႕ အျခားေသာ idevice မ်ားအတြက္ A စီးရီး custom chip ေတြကို ျပဳလုပ္ေနျပီးေတာ့ Mac အတြက္ Intel x64 silicon ကို အသံုးျပဳလ်က္ရွိပါတယ္။ Apple ဟာ သူ႕ရဲ႕ကိုယ္ပိုင္ဖန္တီးထားတဲ့ CPU ေတြကို အသံုးျပဳေတာ့မယ္လို႕ Bloomberg က တင္ျပခဲ့တာပါ။

အဲဒီသတင္းထဲမွာေတာ့ Apple အမႈေဆာင္ေတြဟာ “Kalamata” လို႕ နာမည္ေပးထားတဲ့ ပေရာဂ်က္တစ္ခုကို လုပ္ေဆာင္ေနေၾကာင္း၊ ပေရာဂ်က္ရဲ႕တာ၀န္က desktop-grade Arm-compatible processor ေတြကို သူ႕ရဲ႕ထုတ္ကုန္လိုင္းေတြနဲ႕ အဆင္ေျပမယ့္ ဖြဲ႕စည္းပံုကို ျပဳလုပ္ရမွာျဖစ္ေၾကာင္း ေျပာထားပါတယ္။

ဒါေၾကာင့္ iOS ပစၥည္းေတြနဲ႕ Mac ေတြကို တစ္ခ်ိန္တည္း တစ္ျပိဳင္နက္တည္းမွာ ကူးေျပာင္းႏုိင္ေစမွာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ iOS app ေတြကို Mac ေပၚမွာသံုးႏုိင္မယ့္ software cross-compatibility ကိုလည္း ရရွိေစမွာျဖစ္ပါတယ္။

ဒီလိုေျပာင္းလဲမႈကေတာ့ Intel chip architecture နဲ႕ အျခားေသာ chip ထုတ္လုပ္သူေတြရဲ႕ လံုျခံဳေရးကိစၥေတြ ေတြ႕ၾကံဳလာရလို႕လည္း ျဖစ္နုိင္ပါတယ္။ Apple ဟာ ၁၉၉၁ ခုႏွစ္တုန္းက PowerPC architecture ကို အသံုးျပဳျပီးေတာ့ ၂၀၀၆ခုႏွစ္မွာ Intel ကို ေျပာင္းခဲ့ပါတယ္။

ဒီလိုေျပာင္းလဲမႈနဲ႕အတူ Apple ဟာ Intel ကုိ တစ္ႏွစ္စာ၀င္ေငြရဲ႕ ၅%ကို မွ်ေ၀မေပးရေတာ့ပါဘူး။ ဒါေၾကာင့္ ဆန္းသစ္တီထြင္မႈေတြကိုလည္း အလြယ္တကူနဲ႕ ကူးခ်မခံရႏိုင္ေတာ့ပါဘူး။

ကိုယ္ပိုင္ chip ေတြကိုေျပာင္းလဲလိုက္ျခင္းက သူ႕ရဲ႕ hardware roadmap ေတြကို ပိုမိုေကာင္းမြန္ေအာင္ ထိန္းခ်ဳပ္နုိင္သလို အေကာင္းစား performance ေတြကိုလည္း သူ႕ရဲ႕သံုးစြဲသူေတြထံ ျဖန္႕ခ်ိေပးႏုိင္ေတာ့မွာပါ။

Bloomberg ကေတာ့ Mac Pro laptops ကို Apple ဖန္တီးထားတဲ့ chip နဲ႕ ေနာက္ႏွစ္မွာ ထြက္လာလိမ့္မယ္လို႕ ဆိုထားပါတယ္။ ဒီႏွစ္ရဲ႕ Mac laptop ေတြမွာလည္း အလားတူ chip ေတြကို အသံုးျပဳသြားမယ္လို႕ ေျပာထားပါတယ္။

အဲဒီလိုတင္ျပမႈမ်ိဳးကို Bloomberg ဆီကျမင္အျပီးမွာေတာ့ Intel ရဲ႕ စေတာ့ေစ်းကြက္ဟာ ၉.၂ရာခုိင္ႏႈန္း က်ဆင္းသြားခဲ့ပါတယ္။ ႏွစ္ႏွစ္အတြင္းမွာ အၾကီးမားဆံုးက်ဆင္းသြားျခင္းျဖစ္ပါတယ္။ ၆.၀၇ရာခုိင္ႏႈန္းဆိုေတာ့ ေဒၚလာ ၄၈.၉၂ ျဖစ္ပါတယ္။

ဒီသတင္းကေတာ့ ဆယ္စုႏွစ္ေလာက္ တစ္ခါေျပာင္းတတ္တဲ့ Apple ေၾကာင့္ျဖစ္ေလမလား။ ျပီးခဲ့တဲ့ စက္တင္ဘာလတုန္းကလည္း သတင္းထြက္ခဲ့ေပမယ့္ ဘာမွမျဖစ္ခဲ့ပါဘူး။

Apple နဲ႕ Intel ကေတာ့ ဒီအေၾကာင္းကို တုံ႕ျပန္ထားျခင္း မရွိေသးပါဘူး။

Unicode Version

Apple ကတော့ ၂၀၂၀ရောက်တဲ့အခါ သူ့ရဲ့ custom-designed ARM chip တွေကို Mac ကွန်ပျူတာတွေမှာ အသုံးပြုဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ ဒါကတော့ Intel အတွက် မျက်ခုံးလှုပ်ရမယ့်သတင်းဖြစ်ပါတယ်။ Inel ရဲ့ ပရိုဆက်ဆာတွေကို သူ့ရဲ့ desktop နဲ့ laptop တွေမှာ အသုံးမပြုတော့ဘူးဆိုတော့ main customer တစ်ယောက် လျော့နည်းသွားပြီပဲ။
Apple ကတော့ ကတော့ iPhone ၊ iPad နဲ့ အခြားသော idevice များအတွက် A စီးရီး custom chip တွေကို ပြုလုပ်နေပြီးတော့ Mac အတွက် Intel x64 silicon ကို အသုံးပြုလျက်ရှိပါတယ်။ Apple ဟာ သူ့ရဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့ CPU တွေကို အသုံးပြုတော့မယ်လို့ Bloomberg က တင်ပြခဲ့တာပါ။
အဲဒီသတင်းထဲမှာတော့ Apple အမှုဆောင်တွေဟာ “Kalamata” လို့ နာမည်ပေးထားတဲ့ ပရောဂျက်တစ်ခုကို လုပ်ဆောင်နေကြောင်း၊ ပရောဂျက်ရဲ့တာဝန်က desktop-grade Arm-compatible processor တွေကို သူ့ရဲ့ထုတ်ကုန်လိုင်းတွေနဲ့ အဆင်ပြေမယ့် ဖွဲ့စည်းပုံကို ပြုလုပ်ရမှာဖြစ်ကြောင်း ပြောထားပါတယ်။
ဒါကြောင့် iOS ပစ္စည်းတွေနဲ့ Mac တွေကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာ ကူးပြောင်းနိုင်စေမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် iOS app တွေကို Mac ပေါ်မှာသုံးနိုင်မယ့် software cross-compatibility ကိုလည်း ရရှိစေမှာဖြစ်ပါတယ်။
ဒီလိုပြောင်းလဲမှုကတော့ Intel chip architecture နဲ့ အခြားသော chip ထုတ်လုပ်သူတွေရဲ့ လုံခြုံရေးကိစ္စတွေ တွေ့ကြုံလာရလို့လည်း ဖြစ်နိုင်ပါတယ်။ Apple ဟာ ၁၉၉၁ ခုနှစ်တုန်းက PowerPC architecture ကို အသုံးပြုပြီးတော့ ၂၀၀၆ခုနှစ်မှာ Intel ကို ပြောင်းခဲ့ပါတယ်။
ဒီလိုပြောင်းလဲမှုနဲ့အတူ Apple ဟာ Intel ကို တစ်နှစ်စာဝင်ငွေရဲ့ ၅%ကို မျှဝေမပေးရတော့ပါဘူး။ ဒါကြောင့် ဆန်းသစ်တီထွင်မှုတွေကိုလည်း အလွယ်တကူနဲ့ ကူးချမခံရနိုင်တော့ပါဘူး။
ကိုယ်ပိုင် chip တွေကိုပြောင်းလဲလိုက်ခြင်းက သူ့ရဲ့ hardware roadmap တွေကို ပိုမိုကောင်းမွန်အောင် ထိန်းချုပ်နိုင်သလို အကောင်းစား performance တွေကိုလည်း သူ့ရဲ့သုံးစွဲသူတွေထံ ဖြန့်ချိပေးနိုင်တော့မှာပါ။
Bloomberg ကတော့ Mac Pro laptops ကို Apple ဖန်တီးထားတဲ့ chip နဲ့ နောက်နှစ်မှာ ထွက်လာလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒီနှစ်ရဲ့ Mac laptop တွေမှာလည်း အလားတူ chip တွေကို အသုံးပြုသွားမယ်လို့ ပြောထားပါတယ်။
အဲဒီလိုတင်ပြမှုမျိုးကို Bloomberg ဆီကမြင်အပြီးမှာတော့ Intel ရဲ့ စတော့ဈေးကွက်ဟာ ၉.၂ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ နှစ်နှစ်အတွင်းမှာ အကြီးမားဆုံးကျဆင်းသွားခြင်းဖြစ်ပါတယ်။ ၆.၀၇ရာခိုင်နှုန်းဆိုတော့ ဒေါ်လာ ၄၈.၉၂ ဖြစ်ပါတယ်။
ဒီသတင်းကတော့ ဆယ်စုနှစ်လောက် တစ်ခါပြောင်းတတ်တဲ့ Apple ကြောင့်ဖြစ်လေမလား။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း သတင်းထွက်ခဲ့ပေမယ့် ဘာမှမဖြစ်ခဲ့ပါဘူး။
Apple နဲ့ Intel ကတော့ ဒီအကြောင်းကို တုံ့ပြန်ထားခြင်း မရှိသေးပါဘူး။