Intel ရဲ႕ new 6-core processors အသုံးျပဳထားတဲ့ Gaming Laptop သစ္မ်ား

0
530

Zawgyi Version

Gaming Laptop ေတြက ပိုမိုျမန္ဆန္ ပါးလႊာလာျပီ။

Intel ကေတာ့ သူ႕ရဲ႕ laptopအတြက္ ပထမဆံုးေသာ Core i9 chip ကိုဒီေန႕ပဲ ထုတ္ျပလိုက္ပါတယ္။ ပံုမွန္ quad-core သာပါ၀င္တဲ့ Core i5 နဲ႕ i7 processor ေတြကို 6 core နဲ႕ အစားထိုးလိုက္တာျဖစ္ပါတယ္။ အဲဒီ processor အသစ္ေတြကို gaming နဲ႕ high-performance laptop ေတြအတြက္ ရည္ရြယ္ထားပါတယ္။ ဒါေၾကာင့္ notebook အသစ္ေတြကို ေမွ်ာ္မွန္းထားႏုိင္ပါတယ္။ modern GPU ေလာက္ processor ေတြက ဂိမ္းအတြက္ အေရးမပါေပမယ့္လည္း OEM ေတြကေတာ့ Intel ရဲ႕ ေနာက္ဆံုးထြက္ processor ေတြကို Nvidia graphics card ေတြနဲ႕ တြဲဖက္ျပီးေတာ့ ထုတ္လုပ္လာၾကပါတယ္။

Acer ၊ Asus ၊ Gigabyte နဲ႕ Samsung တို႕ကလည္း Intel ရဲ႕ ေနာက္ဆံုးထြက္ processor ေတြကုိအသံုးျပဳထားပါတယ္။

ACER NITRO 5

Acer ရဲ႕ Nitro 5 ကေတာ့ 15.6-inch Full HD IPS display ၊ 8th generation Core i7 နဲ႕ Core i7+ processor ၊ Nvidia GeForce GTX 1050 Ti graphics card ၊ Gigabit WiFi / Ethernet တို႕ကို အသံုးျပဳထားျပီးေတာ့ update လုပ္ထားပါတယ္။ Core i7+ ေမာ္ဒယ္လ္ကေတာ့ Intel’s Optane cache memory ပါ၀င္လို႕ RAM နဲ႕ storage ၾကားမွာ ဆက္သြယ္ျပီးေတာ့ game load time ေတြရဲ႕အျမန္ႏႈန္းကို တုိးျမွင့္ေပးႏုိင္ပါတယ္။ Acer Nitro 5 ကေတာ့ 32GB RAM နဲ႕ 512GB NVMe PCIe storage ပါ၀င္မွာျဖစ္ပါတယ္။ Acer က Nitro 5 ကို Type-C ၊ HDMI 2.0 တို႕နဲ႕ တြဲဖက္ထားမွာျဖစ္ပါတယ္။ ေမလမွာ စတင္ေရာင္းခ်မွာျဖစ္ျပီး ေစ်းႏႈန္းကေတာ့ ေဒၚလာ၇၄၉ ျဖစ္ပါတယ္။

GIGABYTE AERO 15 / 15X

Gigabyte ရဲ႕ AERO 15 ကေတာ့ 1080p 15.6-inch display ၊ 144Hz refresh rate ၊ ေသးငယ္တဲ့ ၅မီလီမီတာေဘာင္ေလးေတြကို ေတြ႕ျမင္ရမွာပါ။ display မွာေတာ့ wide viewing angle ၊ IPS ပါ၀င္ျပီးေတာ့ AERO 15X မွာ 4K display အတြက္ ခ်ိန္ညွိလို႕ရပါတယ္။ ေမာ္ဒယ္လ္ေတြၾကားမွာ ျခားနားမႈကေတာ့ ေသးငယ္ျခင္းပဲ ျဖစ္ပါတယ္။ graphics cards နဲ႕ displays ကြာျခားမႈေတြလည္း ရွိပါတယ္။ ပံုမွန္ AERO 15 ကေတာ့ Nvidia ရဲ႕ GTX 1060 ျဖစ္ျပီးေတာ့ AERO 15X မွာ GTX 1070 အထိ အသံုးျပဳထားပါတယ္။

ႏွစ္ခုလံုးမွာေတာ့ Intel ရဲ႕ 8th generation Core i7 processor ၊ 32GB RAM နဲ႕ M.2 SSD slot ႏွစ္ခုကို ေထာက္ပံ့ေပးထားပါတယ္။ Gigabye ကေတာ့ Thunderbolt 3 USB-C port ၊ HDMI 2.0 port နဲ႕ ပံုမွန္ USB port ႏွစ္ခုကို ေမာ္ဒယ္လ္ႏွစ္ခုလံုးမွာ အသံုးျပဳထားျပီးေတာ့ SD reader နဲ႕ ethernet port ေတြလည္း ပါ၀င္ပါတယ္။

Gigabyte ကေတာ့ လက္ရွိမွာ ေစ်းႏႈန္းကို အတိအက်ေျပာမထားသလို ဘယ္လိုေတြရႏုိင္မလဲဆိုတာလည္း မသိရေသးပါဘူး။

SAMSUNG NOTEBOOK ODYSSEY Z

Samsung ရဲ႕ ေနာက္ဆံုးထြက္ 15.6-inch gaming laptop ကေတာ့ Intel ရဲ႕ ေနာက္ဆံုးထြက္ 8th generation Core i7 processor ကိုအသံုးျပဳထားျပီးေတာ့ 16GB RAM ၊ 1TB NVMe PCIe storage ကို အသံုးျပဳထားပါတယ္။ display ကေတာ့ 4K resolution ကို မရႏုိင္ပါဘူး။ 15.6-inch 1080p display ကို Nvidia ရဲ႕ GeForce GTX 1060 Max-P graphics card နဲ႕ တြဲဖက္ထားပါတယ္။ Samsung ကေတာ့ Odyssey Z ကို USB-C port တစ္ခု၊ USB 3.0 port ႏွစ္ခု၊ USB 2.0 port တစ္ခု၊ HDMI displayအတြက္ ေထာက္ပံ့မႈေတြနဲ႕ ထြက္ရွိေပးမွာပါ။ Samsung’s Notebook Odyssey Z ကိုေတာ့ ယူအက္စ္မွာ ၂၀၁၈ အလယ္ပိုင္းေလာက္မွာ ရႏုိင္မွာပါ။ ဒါေပမယ့္ ေစ်းႏႈန္းကိုေတာ့ မေျပာထားေသးပါဘူး။

ASUS ROG ZEPHYRUS M (GM501)

Asus ကေတာ့ ဂိမ္းlaptop ေတြထုတ္လို႕ နာမည္ရေနတဲ့ brand တစ္ခုျဖစ္ပါတယ္။ ROG Zephyrus M မွာေတာ့ Intel ရဲ႕ ေနာက္ဆံုးထြက္ 8th generation Core i7 processor ၊ 16GB RAM ၊ 256GB NVMe PCIe storage ေတြကို ေတြ႕ျမင္ရမွာပါ။ 15.6-inch 1080p IPS display မွာလည္း 144Hz response rate နဲ႕ Nvidia’s G-Sync နည္းပညာကို ေထာက္ပံ့ေပးထားပါတယ္။ Asus က ေမာ္ဒယ္လ္သံုးမ်ိဳးနဲ႕ ျဖန္႕ခ်ိမွာပါ။ G-Sync displayမပါဘဲ Nvidia GTX 1060 နဲ႕ တစ္လံုး၊ refresh rate ျမင့္ျမင့္ display နဲ႕ GTX 1060 ဒါမွမဟုတ္ GTX 1070 တို႕ကႏွစ္လံုး ျဖစ္ပါတယ္။ Asus က Thunderbolt 3 USB-C port ၊ USB port ေလးခုနဲ႕ HDMI 2.0 port တစ္ခုကို ေမာ္ဒယ္လ္သံုးမ်ိဳးမွာ ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။

ေစ်းအသက္သာဆံုးကေတာ့ GTX 1060 ၊ GTX 1060 ျဖစ္ျပီးေတာ့ ေဒၚလာ ၁ ၄၉၉ ျဖစ္ပါတယ္။ 144Hz display နဲ႕ GTX 1060 ေမာ္ဒယ္လ္ကေတာ့ ေဒၚလာ ၁ ၈၉၉ ျဖစ္ျပီး 144Hz display နဲ႕ GTX 1070 ကေတာ့ ေဒၚလာ ၂ ၁၉၉ ျဖစ္ပါတယ္။ ေမာ္ဒယ္လ္သံုးမ်ိဳးလံုးကို ဒီေန႕ပဲ ေအာ္ဒါမွာႏုိင္ပါျပီ။ ျဖန္႕ခ်ိမယ့္ရက္ကေတာ့ ဒီလေနာက္ပိုင္းလို႕ သိထားပါတယ္။

ASUS ROG G703

Asus ကေတာ့ Intel Core i9 laptop ကို ဒီေန႕ပဲ ေၾကညာထားပါတယ္။ 17.3-inch G703 မွာ Intel ရဲ႕ processor အသစ္နဲ႕ Nvidia ရဲ႕ GTX 1080 graphics card ကို အသံုးျပဳထားပါတယ္။ 17.3-inch 1080p IPS displayၾကီးမွာေတာ့ 144Hz refresh rates နဲ႕ Nvidia ရဲ႕ G-Sync နည္းပညာကို အသံုးျပဳထားပါတယ္။ အတြင္းပုိင္းမွာေတာ့ 64GB RAM နဲ႕ M.2 drive သံုးခုကို raid configuration နဲ႕ ေထာက္ပံ့ထားပါတယ္။

Asus ကေတာ့ သင္စိတ္ကူးထားသမွ် port တုိင္းကို ထည့္ေပးထားပါတယ္။ USB port သံုးမ်ိဳး၊ Thunderport 3 USB-C တစ္မ်ိဳး၊ mini DisplayPort တစ္ခု၊ ethernet port ၊ HDMI port ၊ card reader ေတာင္ပါေသးတယ္။ အားနည္းခ်က္ကေတာ့ ပါ၀ါနဲ႕ ခ်ိတ္ဆက္ႏုိင္မႈပါပဲ။ အေလးခ်ိန္ကေတာ့ ၁၀ေပါင္ ေလးပါတယ္။ Asus ရဲ႕  ROG G703 ကိုေတာ့ ဒီလေနာက္ပိုင္းမွာစတင္ျပီးေတာ့ ေဒၚလာ ၃ ၄၉၉ နဲ႕ ရႏုိင္ပါျပီ။

Unicode Version

Gaming Laptop တွေက ပိုမိုမြန်ဆန် ပါးလွှာလာပြီ။
Intel ကတော့ သူ့ရဲ့ laptopအတွက် ပထမဆုံးသော Core i9 chip ကိုဒီနေ့ပဲ ထုတ်ပြလိုက်ပါတယ်။ ပုံမှန် quad-core သာပါဝင်တဲ့ Core i5 နဲ့ i7 processor တွေကို 6 core နဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။ အဲဒီ processor အသစ်တွေကို gaming နဲ့ high-performance laptop တွေအတွက် ရည်ရွယ်ထားပါတယ်။ ဒါကြောင့် notebook အသစ်တွေကို မျှော်မှန်းထားနိုင်ပါတယ်။ modern GPU လောက် processor တွေက ဂိမ်းအတွက် အရေးမပါပေမယ့်လည်း OEM တွေကတော့ Intel ရဲ့ နောက်ဆုံးထွက် processor တွေကို Nvidia graphics card တွေနဲ့ တွဲဖက်ပြီးတော့ ထုတ်လုပ်လာကြပါတယ်။
Acer ၊ Asus ၊ Gigabyte နဲ့ Samsung တို့ကလည်း Intel ရဲ့ နောက်ဆုံးထွက် processor တွေကိုအသုံးပြုထားပါတယ်။

ACER NITRO 5
Acer ရဲ့ Nitro 5 ကတော့ 15.6-inch Full HD IPS display ၊ 8th generation Core i7 နဲ့ Core i7+ processor ၊ Nvidia GeForce GTX 1050 Ti graphics card ၊ Gigabit WiFi / Ethernet တို့ကို အသုံးပြုထားပြီးတော့ update လုပ်ထားပါတယ်။ Core i7+ မော်ဒယ်လ်ကတော့ Intel’s Optane cache memory ပါဝင်လို့ RAM နဲ့ storage ကြားမှာ ဆက်သွယ်ပြီးတော့ game load time တွေရဲ့အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်ပါတယ်။ Acer Nitro 5 ကတော့ 32GB RAM နဲ့ 512GB NVMe PCIe storage ပါဝင်မှာဖြစ်ပါတယ်။ Acer က Nitro 5 ကို Type-C ၊ HDMI 2.0 တို့နဲ့ တွဲဖက်ထားမှာဖြစ်ပါတယ်။ မေလမှာ စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ၇၄၉ ဖြစ်ပါတယ်။

GIGABYTE AERO 15 / 15X
Gigabyte ရဲ့ AERO 15 ကတော့ 1080p 15.6-inch display ၊ 144Hz refresh rate ၊ သေးငယ်တဲ့ ၅မီလီမီတာဘောင်လေးတွေကို တွေ့မြင်ရမှာပါ။ display မှာတော့ wide viewing angle ၊ IPS ပါဝင်ပြီးတော့ AERO 15X မှာ 4K display အတွက် ချိန်ညှိလို့ရပါတယ်။ မော်ဒယ်လ်တွေကြားမှာ ခြားနားမှုကတော့ သေးငယ်ခြင်းပဲ ဖြစ်ပါတယ်။ graphics cards နဲ့ displays ကွာခြားမှုတွေလည်း ရှိပါတယ်။ ပုံမှန် AERO 15 ကတော့ Nvidia ရဲ့ GTX 1060 ဖြစ်ပြီးတော့ AERO 15X မှာ GTX 1070 အထိ အသုံးပြုထားပါတယ်။
နှစ်ခုလုံးမှာတော့ Intel ရဲ့ 8th generation Core i7 processor ၊ 32GB RAM နဲ့ M.2 SSD slot နှစ်ခုကို ထောက်ပံ့ပေးထားပါတယ်။ Gigabye ကတော့ Thunderbolt 3 USB-C port ၊ HDMI 2.0 port နဲ့ ပုံမှန် USB port နှစ်ခုကို မော်ဒယ်လ်နှစ်ခုလုံးမှာ အသုံးပြုထားပြီးတော့ SD reader နဲ့ ethernet port တွေလည်း ပါဝင်ပါတယ်။
Gigabyte ကတော့ လက်ရှိမှာ ဈေးနှုန်းကို အတိအကျပြောမထားသလို ဘယ်လိုတွေရနိုင်မလဲဆိုတာလည်း မသိရသေးပါဘူး။

SAMSUNG NOTEBOOK ODYSSEY Z
Samsung ရဲ့ နောက်ဆုံးထွက် 15.6-inch gaming laptop ကတော့ Intel ရဲ့ နောက်ဆုံးထွက် 8th generation Core i7 processor ကိုအသုံးပြုထားပြီးတော့ 16GB RAM ၊ 1TB NVMe PCIe storage ကို အသုံးပြုထားပါတယ်။ display ကတော့ 4K resolution ကို မရနိုင်ပါဘူး။ 15.6-inch 1080p display ကို Nvidia ရဲ့ GeForce GTX 1060 Max-P graphics card နဲ့ တွဲဖက်ထားပါတယ်။ Samsung ကတော့ Odyssey Z ကို USB-C port တစ်ခု၊ USB 3.0 port နှစ်ခု၊ USB 2.0 port တစ်ခု၊ HDMI displayအတွက် ထောက်ပံ့မှုတွေနဲ့ ထွက်ရှိပေးမှာပါ။ Samsung’s Notebook Odyssey Z ကိုတော့ ယူအက်စ်မှာ ၂၀၁၈ အလယ်ပိုင်းလောက်မှာ ရနိုင်မှာပါ။ ဒါပေမယ့် ဈေးနှုန်းကိုတော့ မပြောထားသေးပါဘူး။

ASUS ROG ZEPHYRUS M (GM501)
Asus ကတော့ ဂိမ်းlaptop တွေထုတ်လို့ နာမည်ရနေတဲ့ brand တစ်ခုဖြစ်ပါတယ်။ ROG Zephyrus M မှာတော့ Intel ရဲ့ နောက်ဆုံးထွက် 8th generation Core i7 processor ၊ 16GB RAM ၊ 256GB NVMe PCIe storage တွေကို တွေ့မြင်ရမှာပါ။ 15.6-inch 1080p IPS display မှာလည်း 144Hz response rate နဲ့ Nvidia’s G-Sync နည်းပညာကို ထောက်ပံ့ပေးထားပါတယ်။ Asus က မော်ဒယ်လ်သုံးမျိုးနဲ့ ဖြန့်ချိမှာပါ။ G-Sync displayမပါဘဲ Nvidia GTX 1060 နဲ့ တစ်လုံး၊ refresh rate မြင့်မြင့် display နဲ့ GTX 1060 ဒါမှမဟုတ် GTX 1070 တို့ကနှစ်လုံး ဖြစ်ပါတယ်။ Asus က Thunderbolt 3 USB-C port ၊ USB port လေးခုနဲ့ HDMI 2.0 port တစ်ခုကို မော်ဒယ်လ်သုံးမျိုးမှာ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။
ဈေးအသက်သာဆုံးကတော့ GTX 1060 ၊ GTX 1060 ဖြစ်ပြီးတော့ ဒေါ်လာ ၁ ၄၉၉ ဖြစ်ပါတယ်။ 144Hz display နဲ့ GTX 1060 မော်ဒယ်လ်ကတော့ ဒေါ်လာ ၁ ၈၉၉ ဖြစ်ပြီး 144Hz display နဲ့ GTX 1070 ကတော့ ဒေါ်လာ ၂ ၁၉၉ ဖြစ်ပါတယ်။ မော်ဒယ်လ်သုံးမျိုးလုံးကို ဒီနေ့ပဲ အော်ဒါမှာနိုင်ပါပြီ။ ဖြန့်ချိမယ့်ရက်ကတော့ ဒီလနောက်ပိုင်းလို့ သိထားပါတယ်။

ASUS ROG G703
Asus ကတော့ Intel Core i9 laptop ကို ဒီနေ့ပဲ ကြေညာထားပါတယ်။ 17.3-inch G703 မှာ Intel ရဲ့ processor အသစ်နဲ့ Nvidia ရဲ့ GTX 1080 graphics card ကို အသုံးပြုထားပါတယ်။ 17.3-inch 1080p IPS displayကြီးမှာတော့ 144Hz refresh rates နဲ့ Nvidia ရဲ့ G-Sync နည်းပညာကို အသုံးပြုထားပါတယ်။ အတွင်းပိုင်းမှာတော့ 64GB RAM နဲ့ M.2 drive သုံးခုကို raid configuration နဲ့ ထောက်ပံ့ထားပါတယ်။
Asus ကတော့ သင်စိတ်ကူးထားသမျှ port တိုင်းကို ထည့်ပေးထားပါတယ်။ USB port သုံးမျိုး၊ Thunderport 3 USB-C တစ်မျိုး၊ mini DisplayPort တစ်ခု၊ ethernet port ၊ HDMI port ၊ card reader တောင်ပါသေးတယ်။ အားနည်းချက်ကတော့ ပါဝါနဲ့ ချိတ်ဆက်နိုင်မှုပါပဲ။ အလေးချိန်ကတော့ ၁၀ပေါင် လေးပါတယ်။ Asus ရဲ့ ROG G703 ကိုတော့ ဒီလနောက်ပိုင်းမှာစတင်ပြီးတော့ ဒေါ်လာ ၃ ၄၉၉ နဲ့ ရနိုင်ပါပြီ။