ဒီလို Huawei P20 Pro feature ဟာ Android ဖုန်းတိုင်းမှာ ရှိသင့်
0
464
Zawgyi Version
Unicode Version
Essential ၊ Sharp နဲ့ Apple တို့ဟာ အတူတူနီးပါးလောက်ပါပဲ။ သူတို့ဟာ အဟိုက်လေးကို ဒီဇိုင်းမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ကြတဲ့ ပထမဆုံးလုပ်ငန်းတွေဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့နေရာကို ကျယ်ပြန့်လာစေပြီးတော့ လက်ရှိစမတ်ဖုန်းဒီဇိုင်းတွေကို လူကြိုက်များလာအောင်လုပ်နိင်ခဲ့ကြတယ်။ အဟိုက်လေးကတော့ OnePlus 6 မှာတောင် တွေ့နေရပါပြီ။
Notch ကတော့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုလိုကို ဖြစ်နေပါတယ်။ iPhone X ကို လအနည်းငယ်ကြာအောင် အသုံးပြုကြည့်ပါတယ်။ ကျွန်တော်ကတော့ မကြိုက်ဘူးလို့ ပြောချင်ပါတယ်။ Huawei P20 Pro မှာ notch လေးပါပေမယ့်လည်း ပိတ်ထားလို့ရတယ်။
သူ့ရဲ့ display settings menu ထဲမှာ notch အတွက် option လေးပါတယ်။ ပိတ်ထားလို့ရတယ်။ အပေါ်ကနေရာလေးမှာ ပုံမှန်လိုမျိုးထားနိုင်တယ်။ အနားလေးတွေကွေးနေပြီးတော့ ကိုင်နေကျဖုန်းလို ပြောင်းနိုင်တယ်။
နှစ်ဖက်ကြည့်ပါတယ်။ notch နဲ့လည်း သုံးတယ်။ ပိတ်ပြီးတော့လည်းသုံးတယ်။ ဒီ notch လေးက Android ဖန်တွေအတွက် လူပြောများနေတဲ့ အကြောင်းအရာတစ်ခုဖြစ်လာတယ်။ အဲဒီလို software feature လေးထည့်ပေးလိုက်တော့ ကြိုက်သူ၊ မကြိုက်သူအားလုံးအတွက် အဆင်ပြေတာပေါ့။