zawgyi version
unicode version
Xiaomi ဟာ English-subtitled နဲ့ Xiao AI ပါဝင်ထားတဲ့ ဗွီဒီယို တစ်ခုကို upload လုပ်ခဲ့ပါတယ်။ Xiao AI ဟာ Xiaomi ဖုန်းရဲ့ voice assistant တစ်ယောက်လဲဖြစ်ပါတယ်။ ၎င်းဟာ Siri နဲ့ Google Assistant တို့နဲ့ ဆင်သယောင်ယောင်ရှိပါတယ်။ ပီးတော့ သူဟာ WeChat တွေ တခြား social app တွေနဲ့အတူ တရုတ်ဈေးကွက်ကို ချုပ်ကိုင်လိုက်ပါပီ။
ပြောရေးဆိုခွင့်ရှိတဲ့သူဖြစ်တဲ့ Xiao AI က Mi Mix 2S မှာအရင်ထည့်ထားတာဖြစ်ပြီး ခုချိန်မှာတော့ MIUI software ရဲ့ တရုတ် version ကို update လုပ်ပီး တစ်ခြား Xiaomi ဖုန်းတွေမှာလဲသုံးနိုင်ပြီ ဖြစ်ပါတယ်။
အခုမှာတော့ Xiao AI ဟာ India ကိုမလာတော့သလို Xiaomi အဓိက ရှိတဲ့ တရုတ်ပြည်ကနေ ဘယ်မှမသွားတော့တာပါ။ Xiaomi ဟာ Microsoft နဲ့ ပါတနာဖြစ်သွားပီလို့ ကြော်ငြာတဲ့အချိန်တုန်းက Cortana နဲ့ Mi AI Speaker တို့ ပူးပေါင်းလိုက်ပါတယ်။ India မှာ Xiaomi ဖုန်းတွေကို Google Assistant အသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ တရုတ်ပြည်မှာတော့ အကုန်မရသေးပါဘူး။ ဟင်ဒီ နဲ့ အင်္ဂလိပ် ဘာသာစကားပဲ ရပါသေးတယ်။