Google ကေရာ April Fools ေန႕ကို ဘယ္လိုဆင္ႏႊဲခဲ့သလဲ

0
437

Zawgyi Version

တကယ့္အားလပ္ရက္အစစ္မဟုတ္ေပမယ့္လည္း brand အေတာ္မ်ားမ်ားကေတာ့ April Foolsေန႔ကို အခ်ိန္ေပးၿပီးေတာ့ ျပင္ဆင္ထားၾကပါတယ္။ သူတို႔ရဲ႕သုံးစြဲသူေတြကို တကယ္မဟုတ္မွန္းသိသြားတဲ့အခ်ိန္မွာ ရယ္ေမာမိေအာင္ လုပ္ေဆာင္ေပးတတ္ၾကပါတယ္။ Google ရဲ႕လက္ေအာက္မွာ brand ေတြအမ်ားႀကီးရွိတာမို႔ April 1 ေန႔ေရာက္တဲ့အခါမွာ သူ႔ရဲ႕ဟာသေတြကလည္း အမ်ားႀကီးလုပ္လို႔ရတယ္ဆိုတာကို သင္မွန္းဆၿပီးေလာက္ေရာေပါ့။ ဟုတ္ပါတယ္။ သူတို႔ရဲ႕ဟာသေလးေတြက လူအမ်ားႀကီးကို ရယ္ေမာႏိုင္ေစခဲ့ပါတယ္။ အဲဒါေတြကေတာ့ Maps ထဲမွာ Waldo ပါဝင္လာျခင္း၊ Google Israel မွာ hummus ထုတ္လုပ္ျခင္း၊ Gboard မွာ physical handwriting keyboard ရွိလာျခင္း၊ Files Go မွာ Bad Joke Detector ထည့္သြင္းျခင္း၊ Chromebook မွာ renewable charging ေတြပါဝင္လာျခင္းတို႔ ျဖစ္ပါတယ္။


Google Maps ကေတာ့ ေပ်ာ္စရာအေကာင္းဆုံးပါပဲ။ သူ႔ရဲ႕လုပ္ေဆာင္ခ်က္ေလးကို သင့္ရဲ႕ app ထဲမွာျမင္ေနရလို႔ပါပဲ။ သုံးစြဲသူေတြက သူတို႔ရဲ႕ app screenမွာ Waldo ေလးလက္ျပေနတာကို ေတြ႕ျမင္ရမွာျဖစ္ၿပီးေတာ့ သူ႔ကိုလိုခ်င္တယ္ဆိုရင္ေတာ့ လက္ျပေနတဲ့အိုင္ကြန္ေလးကိုႏွိပ္လိုက္ပါ။ သူရွိတဲ့ကမာၻတစ္လႊားကေနရာေတြကို ပို႔ေဆာင္ေပးမွာျဖစ္ပါတယ္။ တကယ့္ေနရာအစစ္ကိုလိုက္ရွာေနတာမဟုတ္ဘူးဆိုရင္ေတာ့ Waldo ရွာပုံေတာ္ဂိမ္းေလးက ေပ်ာ္ဖို႔ေကာင္းမွာပါ။ ဒါေပမယ့္ တစ္ေနရာရာကို သြားဖို႔ရွာေနတယ္ဆိုရင္ေတာ့ စိတ္ပ်က္၊ စိတ္တိုမိမွာအမွန္ပါပဲ။

ေနာက္တစ္ခုကေတာ့ အစၥေရး႐ုံးမွာ Hummus Taste API ဆိုတဲ့ ႏိုင္ငံတစ္ဝွမ္းကအစားအစာေတြရဲ႕ အရသာကို သင့္ခံတြင္းနဲ႔ကိုက္မယ့္ဆိုင္ကို ရွာေပးႏိုင္တဲ့ပစၥည္းေလးကို ထုတ္မယ္လို႔ေျပာခဲ့တာပါ။ ႏွစ္မိနစ္စာဗြီဒီယိုေလးထဲမွာ ဘယ္လိုေတြဖန္တီးခဲ့ေၾကာင္းျပသထားပါတယ္။ သင္ကမသိလိုက္ဘူးဆိုရင္ေတာ့ အရမ္းကိုအံ့ၾသေနမိမွာပါ။

Google ဂ်ပန္ကလည္း Gboard ရဲ႕ physical handwriting ဗားရွင္းေလးကို မိတ္ဆက္လိုက္ပါတယ္။ ကီးဘုတ္ေပၚမွာ ဂ်ပန္လိုေရးလိုက္မယ္ဆိုရင္ AI က ကိုက္ညီတဲ့စာသားေတြအျဖစ္ကို ေျပာင္းလဲေပးသြားမွာျဖစ္ပါတယ္။


Files Go ကေတာ့ Bad Jokes Detector ေလးနဲ႔ ထြက္ေပၚလာပါတယ္။ သင့္ရဲ႕ဖုန္းကို scan ဖတ္ၿပီးေတာ့ Bad Jokes ေတြကို အလိုအေလ်ာက္ဖ်က္ေပးသြားမွာပါ။ ဒါေၾကာင့္ သိုေလွာင္စရာေနရာကို ပိုမိုရႏိုင္ေတာ့မွာပါ။


Chromebook ရွိမယ္ဆိုရင္ေတာ့ သင့္ရဲ႕လက္ပ္ေတာ့ကို ေလအား၊ ဆိုလာအားနဲ႔ အေကာင္းဆုံးကေတာ့ အေဆြးအျမည့္ပစၥည္းေတြနဲ႔အားသြင္းႏိုင္ေတာ့မွာပါ။
ေနာက္ထပ္သင္ျမင္ထားတဲ့ Google ရဲ႕ ဟာသေတြေရာ ရွိေသးလား။

Unicode Version

တကယ့်အားလပ်ရက်အစစ်မဟုတ်ပေမယ့်လည်း brand အတော်များများကတော့ April Foolsနေ့ကို အချိန်ပေးပြီးတော့ ပြင်ဆင်ထားကြပါတယ်။ သူတို့ရဲ့သုံးစွဲသူတွေကို တကယ်မဟုတ်မှန်းသိသွားတဲ့အချိန်မှာ ရယ်မောမိအောင် လုပ်ဆောင်ပေးတတ်ကြပါတယ်။ Google ရဲ့လက်အောက်မှာ brand တွေအများကြီးရှိတာမို့ April 1 နေ့ရောက်တဲ့အခါမှာ သူ့ရဲ့ဟာသတွေကလည်း အများကြီးလုပ်လို့ရတယ်ဆိုတာကို သင်မှန်းဆပြီးလောက်ရောပေါ့။ ဟုတ်ပါတယ်။ သူတို့ရဲ့ဟာသလေးတွေက လူအများကြီးကို ရယ်မောနိုင်စေခဲ့ပါတယ်။ အဲဒါတွေကတော့ Maps ထဲမှာ Waldo ပါဝင်လာခြင်း၊ Google Israel မှာ hummus ထုတ်လုပ်ခြင်း၊ Gboard မှာ physical handwriting keyboard ရှိလာခြင်း၊ Files Go မှာ Bad Joke Detector ထည့်သွင်းခြင်း၊ Chromebook မှာ renewable charging တွေပါဝင်လာခြင်းတို့ ဖြစ်ပါတယ်။
Google Maps ကတော့ ပျော်စရာအကောင်းဆုံးပါပဲ။ သူ့ရဲ့လုပ်ဆောင်ချက်လေးကို သင့်ရဲ့ app ထဲမှာမြင်နေရလို့ပါပဲ။ သုံးစွဲသူတွေက သူတို့ရဲ့ app screenမှာ Waldo လေးလက်ပြနေတာကို တွေ့မြင်ရမှာဖြစ်ပြီးတော့ သူ့ကိုလိုချင်တယ်ဆိုရင်တော့ လက်ပြနေတဲ့အိုင်ကွန်လေးကိုနှိပ်လိုက်ပါ။ သူရှိတဲ့ကမ္ဘာတစ်လွှားကနေရာတွေကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ တကယ့်နေရာအစစ်ကိုလိုက်ရှာနေတာမဟုတ်ဘူးဆိုရင်တော့ Waldo ရှာပုံတော်ဂိမ်းလေးက ပျော်ဖို့ကောင်းမှာပါ။ ဒါပေမယ့် တစ်နေရာရာကို သွားဖို့ရှာနေတယ်ဆိုရင်တော့ စိတ်ပျက်၊ စိတ်တိုမိမှာအမှန်ပါပဲ။
နောက်တစ်ခုကတော့ အစ္စရေးရုံးမှာ Hummus Taste API ဆိုတဲ့ နိုင်ငံတစ်ဝှမ်းကအစားအစာတွေရဲ့ အရသာကို သင့်ခံတွင်းနဲ့ကိုက်မယ့်ဆိုင်ကို ရှာပေးနိုင်တဲ့ပစ္စည်းလေးကို ထုတ်မယ်လို့ပြောခဲ့တာပါ။ နှစ်မိနစ်စာဗွီဒီယိုလေးထဲမှာ ဘယ်လိုတွေဖန်တီးခဲ့ကြောင်းပြသထားပါတယ်။ သင်ကမသိလိုက်ဘူးဆိုရင်တော့ အရမ်းကိုအံ့သြနေမိမှာပါ။
Google ဂျပန်ကလည်း Gboard ရဲ့ physical handwriting ဗားရှင်းလေးကို မိတ်ဆက်လိုက်ပါတယ်။ ကီးဘုတ်ပေါ်မှာ ဂျပန်လိုရေးလိုက်မယ်ဆိုရင် AI က ကိုက်ညီတဲ့စာသားတွေအဖြစ်ကို ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။
Files Go ကတော့ Bad Jokes Detector လေးနဲ့ ထွက်ပေါ်လာပါတယ်။ သင့်ရဲ့ဖုန်းကို scan ဖတ်ပြီးတော့ Bad Jokes တွေကို အလိုအလျောက်ဖျက်ပေးသွားမှာပါ။ ဒါကြောင့် သိုလှောင်စရာနေရာကို ပိုမိုရနိုင်တော့မှာပါ။
Chromebook ရှိမယ်ဆိုရင်တော့ သင့်ရဲ့လက်ပ်တော့ကို လေအား၊ ဆိုလာအားနဲ့ အကောင်းဆုံးကတော့ အဆွေးအမြည့်ပစ္စည်းတွေနဲ့အားသွင်းနိုင်တော့မှာပါ။
နောက်ထပ်သင်မြင်ထားတဲ့ Google ရဲ့ ဟာသတွေရော ရှိသေးလား။

Aung Phyo Oo (Myanmar Mobile App)