Posted on

Facebook ရဲ႕ အီးေမးလ္ကိုတားဂတ္ထားျပီး ေၾကာ္ျငာတဲ့လုပ္ငန္းေတြကို ကန္႕သတ္သြားႏုိင္

Zawgyi Version

ဟုတ္ပါတယ္။ CA အရွဳပ္ေတာ္ပံုျပီးတဲ့ေနာက္မွာေတာ့ Facebook Delete ဆိုတဲ့ ကမ္ပိန္းေတြလုပ္လာၾကတယ္။ Settings ထဲက Download a copy ဆိုတာေလးကို ႏွိပ္ျပီးေတာ့ Facebook သိမ္းထားတဲ့ အခ်က္အလက္ေလးေတြကို ၾကည့္ၾကည့္လိုက္တဲ့အခါ upload လုပ္ထားတဲ့ပံုေတြသာမကဘဲ sync ဆိုျပီးေတာ့ ဖုန္းထဲကပံုေတြအားလံုးကို scan ဖတ္ျပီးယူထားတဲ့ပံုစံနဲ႕ ေတြ႕ရပါေသးတယ္။ ဒီေတာ့ အေတာ္ေလးေၾကာက္ဖို႕ေကာင္းလာပါတယ္။

ဒီကိစၥေတြအျပင္ ၀က္ဘ္ဆိုက္တစ္ခုခုကို ၀င္ေရာက္ဖို႕အတြက္ ကၽြန္ေတာ္တို႕ေတြဟာ gmail နဲ႕၀င္မွာလား၊ facebook နဲ႕ ၀င္မွာလားဆိုျပီးေတာ့ ေမးတဲ့အခိန္မွာ အသစ္တင္တုိင္းသိေနေအာင္လို႕ဆိုျပီးေတာ့ gmail နဲ႕၀င္တတ္ၾကပါတယ္။ အဲဒီအခ်ိန္မွာပဲ ကၽြန္ေတာ္တို႕ရဲ႕ gmail အေကာင့္က သူတို႕လက္ထဲကို ေရာက္သြားပါတယ္။ မ်ားေသာအားျဖင့္ အဲဒီgamil ကို ေပးလိုက္တဲ့၀က္ဘ္ဆိုက္ကပဲ ကိုင္တြယ္တာမ်ိဳးရွိေပမယ့္ တခ်ိဳ႕၀က္ဘ္ဆိုက္ေတြကေတာ့ ျပန္ေရာင္းစားတာမ်ိဳးေတြရွိပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႕ရဲ႕ gmail ကို အျခားေသာေၾကာ္ျငာသူေတြကရရွိျပီးေတာ့ ကၽြန္ေတာ္တို႕ရဲ႕ ၀က္ဘ္ဆိုက္ၾကည့္ရွဳမႈေတြ၊ ပစၥည္းစိတ္၀င္စားမႈေတြကို ေလ့လာျပီးေတာ့ မားကတ္တင္းဆင္းၾကပါေတာ့တယ္။ ရံဖန္ရံခါမွာလည္း လင့္အတုေတြလုပ္ျပီးေတာ့ gmail အေကာင့္ကိုရေအာင္ စြမ္းေဆာင္ၾကတာမ်ိဳးေတြလည္း ရွိပါေသးတယ္။

ဒီလိုျဖစ္ရပ္ေတြကို ေလွ်ာ့ခ်ဖို႕အတြက္ facebook ကေနျပီးေတာ့ mail ေတြကို ဘယ္လိုနည္းလမ္းနဲ႕ရရွိတာလဲ။ ေကာင္းေကာင္းမြန္မြန္နည္းလမ္းနဲ႕ရတာလား။ သံုးစြဲသူရဲ႕ Mail ကို ကုမၸဏီတစ္ခုတည္းကသံုးတာလား။ ဒါမွမဟုတ္ အေကာင့္အမ်ားၾကီးကို ေ၀မွ်ျပီးေတာ့ သံုးေနတာလားဆိုတာကို စစ္ေဆးဖို႕အတြက္ tool တစ္ခုတည္ေဆာက္ေနတယ္လို႕ သိရပါတယ္။

ေနာက္ျပီး သံုးစြဲသူေတြကို ပညာေပးတဲ့အစီအစဥ္ကလည္း မျဖစ္မေနလုပ္ရမွာပါ။ ေပးလိုက္ရတယ္ဆိုတာကို သိေပမယ့္လည္း ဘာမွမျဖစ္ေလာက္ပါဘူးကြာဆိုျပီးေတာ့ ေနေနၾကတဲ့သူေတြအမ်ားၾကီးပါ။ ျဖစ္လာႏုိင္တဲ့အက်ိဳးဆက္ေတြကို မသိတာလည္း ပါႏုိင္ပါတယ္။ ဒီကိစၥကို ျမန္ျမန္အေကာင္အထည္ေဖာ္သင့္ပါတယ္။

ဒါေၾကာင့္ ဘယ္လုပ္ငန္းေတြကေတာ့ျဖင့္ ဘယ္လိုအခ်က္အလက္ေတြကို အသံုးျပဳေနသလဲ၊ ဘာေၾကာင့္အသံုးျပဳေနသလဲဆိုတာကို တရား၀င္စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ လုပ္ငန္းေတြကို ျပန္လည္သံုးသပ္ၾကည့္ေနျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္လုပ္ငန္းေတြကို္ေတာ့ ဒီ၀န္ေဆာင္မႈကေန ပစ္ပယ္လိုက္ျပီလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

Facebook ဘယ္လိုေတြလုပ္ျပီးေတာ့ သံုးစြဲသူေတြကို ယံုၾကည္ေအာင္လုပ္ေဆာင္သြားမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။

Unicode Version

ဟုတ်ပါတယ်။ CA အရှုပ်တော်ပုံပြီးတဲ့နောက်မှာတော့ Facebook Delete ဆိုတဲ့ ကမ်ပိန်းတွေလုပ်လာကြတယ်။ Settings ထဲက Download a copy ဆိုတာလေးကို နှိပ်ပြီးတော့ Facebook သိမ်းထားတဲ့ အချက်အလက်လေးတွေကို ကြည့်ကြည့်လိုက်တဲ့အခါ upload လုပ်ထားတဲ့ပုံတွေသာမကဘဲ sync ဆိုပြီးတော့ ဖုန်းထဲကပုံတွေအားလုံးကို scan ဖတ်ပြီးယူထားတဲ့ပုံစံနဲ့ တွေ့ရပါသေးတယ်။ ဒီတော့ အတော်လေးကြောက်ဖို့ကောင်းလာပါတယ်။
ဒီကိစ္စတွေအပြင် ဝက်ဘ်ဆိုက်တစ်ခုခုကို ဝင်ရောက်ဖို့အတွက် ကျွန်တော်တို့တွေဟာ gmail နဲ့ဝင်မှာလား၊ facebook နဲ့ ဝင်မှာလားဆိုပြီးတော့ မေးတဲ့အခိန်မှာ အသစ်တင်တိုင်းသိနေအောင်လို့ဆိုပြီးတော့ gmail နဲ့ဝင်တတ်ကြပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ gmail အကောင့်က သူတို့လက်ထဲကို ရောက်သွားပါတယ်။ များသောအားဖြင့် အဲဒီgamil ကို ပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကပဲ ကိုင်တွယ်တာမျိုးရှိပေမယ့် တချို့ဝက်ဘ်ဆိုက်တွေကတော့ ပြန်ရောင်းစားတာမျိုးတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ gmail ကို အခြားသောကြော်ငြာသူတွေကရရှိပြီးတော့ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကြည့်ရှုမှုတွေ၊ ပစ္စည်းစိတ်ဝင်စားမှုတွေကို လေ့လာပြီးတော့ မားကတ်တင်းဆင်းကြပါတော့တယ်။ ရံဖန်ရံခါမှာလည်း လင့်အတုတွေလုပ်ပြီးတော့ gmail အကောင့်ကိုရအောင် စွမ်းဆောင်ကြတာမျိုးတွေလည်း ရှိပါသေးတယ်။
ဒီလိုဖြစ်ရပ်တွေကို လျှော့ချဖို့အတွက် facebook ကနေပြီးတော့ mail တွေကို ဘယ်လိုနည်းလမ်းနဲ့ရရှိတာလဲ။ ကောင်းကောင်းမွန်မွန်နည်းလမ်းနဲ့ရတာလား။ သုံးစွဲသူရဲ့ Mail ကို ကုမ္ပဏီတစ်ခုတည်းကသုံးတာလား။ ဒါမှမဟုတ် အကောင့်အများကြီးကို ဝေမျှပြီးတော့ သုံးနေတာလားဆိုတာကို စစ်ဆေးဖို့အတွက် tool တစ်ခုတည်ဆောက်နေတယ်လို့ သိရပါတယ်။
နောက်ပြီး သုံးစွဲသူတွေကို ပညာပေးတဲ့အစီအစဉ်ကလည်း မဖြစ်မနေလုပ်ရမှာပါ။ ပေးလိုက်ရတယ်ဆိုတာကို သိပေမယ့်လည်း ဘာမှမဖြစ်လောက်ပါဘူးကွာဆိုပြီးတော့ နေနေကြတဲ့သူတွေအများကြီးပါ။ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို မသိတာလည်း ပါနိုင်ပါတယ်။ ဒီကိစ္စကို မြန်မြန်အကောင်အထည်ဖော်သင့်ပါတယ်။
ဒါကြောင့် ဘယ်လုပ်ငန်းတွေကတော့ဖြင့် ဘယ်လိုအချက်အလက်တွေကို အသုံးပြုနေသလဲ၊ ဘာကြောင့်အသုံးပြုနေသလဲဆိုတာကို တရားဝင်စာချုပ်ချုပ်ဆိုထားတဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ကြည့်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လုပ်ငန်းတွေကိုတော့ ဒီဝန်ဆောင်မှုကနေ ပစ်ပယ်လိုက်ပြီလဲဆိုတာကိုတော့ မသိရသေးပါဘူး။
Facebook ဘယ်လိုတွေလုပ်ပြီးတော့ သုံးစွဲသူတွေကို ယုံကြည်အောင်လုပ်ဆောင်သွားမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Aung Phyo Oo (Myanmar Mobile App)