သိမ္းထားတဲ့ unpublished ဗီြဒီယိုမ်ားအားဖ်က္ပစ္မည္ဟု Facebook က်ိန္ဆို

0
396

Zawgyi Version

လူမႈကြန္ရက္ေပၚကေန သူတို႕ရဲ႕အခ်က္အလက္ေတြကို ေဒါင္းလုတ္ဆြဲၾကည့္ပါဆိုလို႕ သံုးစြဲသူေတြက ျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒီမွာမေမွ်ာ္လင့္တဲ့အရာတစ္ခုကို ေတြ႕လိုက္ရပါတယ္။ သူတို႕ဖန္တီးထားေပမယ့္လည္း save မလုပ္ထားတဲ့ဗြီဒီယိုေတြကို ေတြ႕လုိက္ရတာပါပဲ။ အဲဒါေတြကေတာ့ Facebook ရဲ႕ tools အေဟာင္းေတြကေန မွတ္တမ္းတင္ထားတဲ့ဗြီဒီယိုေတြျဖစ္ျပီးေတာ့ publish လုုပ္မယ့္အစား discard လုပ္လိုက္ၾကတဲ့ဟာေတြျဖစ္ပါတယ္။ သံုးစြဲသူေတြကေတာ့ အဲဒီဗြီဒီယိုေတြ မရွိေတာ့ဘူးလို႕ ေတြးထားၾကပါတယ္။ ဒါေပမယ့္ ေဒါင္းလုတ္ဆြဲလိုက္တဲ့အထဲမွာ ပါ၀င္ေနတာေၾကာင့္ စိတ္မသက္မသာျဖစ္ရတယ္လို႕ သူတုိ႕ကေျပာပါတယ္။

ဒီတစ္ၾကိမ္အတြက္ေတာ့ Facebook ဆီကေန သတင္းၾကားထားတာမ်ိဳး မရွိေသးပါဘူး။ အဲဒီဗြီဒီယိုေတြ ဘာလို႕ပါေနရတာလဲဆိုတကို ၾကည့္လုိက္မယ္ဆိုတာမ်ိဳးေပါ့။ အခုေတာ့ တံု႕ျပန္မႈတစ္ခု ထြက္လာပါျပီ။ unpublished ျဖစ္ေနတဲ့အရာေတြကု draft အျဖစ္နဲ႕သိမ္းထားတဲ့ ခ်ိဳ႕ယြင္းခ်က္တစ္ခုျဖစ္ေနတာလို႕ သိရပါတယ္။ NY Magazine ကိုေျပာၾကားထားတာကေတာ့ အဲဒီဗြီဒီယိုေတြကို ဖ်က္ပစ္လိုက္ပါမယ္။

အဲဒီခ်ိဳ႕ယြင္းခ်က္ရဲ႕ သေဘာသဘာ၀ ဒါမွမဟုတ္ ဒါေၾကာင့္ သံုးစြဲသူရဲ႕အေကာင့္ cache ထဲမွာ က်န္ေနရတာလဲဆိုတဲ့အေၾကာင္းေတြကို အေသးစိတ္ေျပာမထားပါဘူး။ ဒါေပမယ့္ အဆင္မေျပမႈမ်ားအတြက္ ေတာင္းပန္ပါတယ္လို႕ ေျပာထားျပီးေတာ့ ဖ်က္သိမ္းေပးမွာပါလို႕ က်ိန္ဆိုခဲ့ပါတယ္။ “Download Your Information” tool ေလးကိုအသံုးျပဳျပီးေတာ့ ခင္ဗ်ားတို႕လည္း စစ္ၾကည့္ၾကပါဦး။ ကၽြန္ေတာ္ကေတာ့ မတင္ထားတဲ့ပံုေတြ အမ်ားၾကီးေတြ႕လို႕ စိတ္ညစ္ရပါတယ္။

Facebook ရဲ႕ စကားသံအျပည့္အစံုကို ဖတ္ၾကည့္ရေအာင္။

Download Your Information tool ေလးကေနျပီးေတာ့ ရလာတဲ့ေဒတာေတြထဲမွာ သူတို႕ရဲ႕ အရင္တုန္းက draft ဗီြဒီယိုေတြ ေတြ႕ျမင္ေနရတယ္လုိ႕ ကၽြန္ေတာ္တို႕ဆီကုိ လူအခ်ိဳ႕ကအစီရင္ခံစာေတြ ေပးလာတဲ့အတြက္ေၾကာင့္ စံုစမ္းခဲ့ပါတယ္။ ခ်ိဳ႕ယြင္းခ်က္ေလးတစ္ခုက draft ဗြီဒီယိုေတြကို ဖ်က္မပစ္ေအာင္တားဆီးထားတာကို ေတြ႕လိုက္ရပါတယ္။ သူတို႕ကို ဖ်က္ပစ္မွာျဖစ္ျပီးေတာ့ အဆင္မေျပမႈမ်ားအတြက္လည္း ေတာင္းပန္ပါတယ္။ ဒီအေၾကာင္းကို ေျပာေပးတဲ့ New York Magazine ကိုလည္း ေက်းဇူးတင္မိပါတယ္။

လက္ရွိနဲ႕ အရင္တုန္းက Facebook သံုးစြဲသူေတြကေတာ့ CA အရွဳပ္ေတာ္ပံုေၾကာင့္ သံုးရတာ စိတ္ပ်က္ေနတဲ့ပံုေတြ ေတြ႕ေနရပါတယ္။ တခ်ိဳ႕သံုးစြဲသူေတြက ေဒါင္းလုတ္ဆြဲၾကည့္တဲ့ အခ်က္အလက္ေတြအေပၚ ဘ၀င္မက်တာမ်ိဳးေတြလည္း ျဖစ္ေနပါတယ္။ ဖုန္းေခၚဆိုမႈအေသးစိတ္နဲ႕ Android သံုးစြဲသူေတြထံက မက္ေဆ့ခ်္အေသးစိတ္ေတြကို ယူထားတဲ့အတြက္ေၾကာင့္ပါ။

Unicode Version

လူမှုကွန်ရက်ပေါ်ကနေ သူတို့ရဲ့အချက်အလက်တွေကို ဒေါင်းလုတ်ဆွဲကြည့်ပါဆိုလို့ သုံးစွဲသူတွေက ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီမှာမမျှော်လင့်တဲ့အရာတစ်ခုကို တွေ့လိုက်ရပါတယ်။ သူတို့ဖန်တီးထားပေမယ့်လည်း save မလုပ်ထားတဲ့ဗွီဒီယိုတွေကို တွေ့လိုက်ရတာပါပဲ။ အဲဒါတွေကတော့ Facebook ရဲ့ tools အဟောင်းတွေကနေ မှတ်တမ်းတင်ထားတဲ့ဗွီဒီယိုတွေဖြစ်ပြီးတော့ publish လုုပ်မယ့်အစား discard လုပ်လိုက်ကြတဲ့ဟာတွေဖြစ်ပါတယ်။ သုံးစွဲသူတွေကတော့ အဲဒီဗွီဒီယိုတွေ မရှိတော့ဘူးလို့ တွေးထားကြပါတယ်။ ဒါပေမယ့် ဒေါင်းလုတ်ဆွဲလိုက်တဲ့အထဲမှာ ပါဝင်နေတာကြောင့် စိတ်မသက်မသာဖြစ်ရတယ်လို့ သူတို့ကပြောပါတယ်။
ဒီတစ်ကြိမ်အတွက်တော့ Facebook ဆီကနေ သတင်းကြားထားတာမျိုး မရှိသေးပါဘူး။ အဲဒီဗွီဒီယိုတွေ ဘာလို့ပါနေရတာလဲဆိုတကို ကြည့်လိုက်မယ်ဆိုတာမျိုးပေါ့။ အခုတော့ တုံ့ပြန်မှုတစ်ခု ထွက်လာပါပြီ။ unpublished ဖြစ်နေတဲ့အရာတွေကု draft အဖြစ်နဲ့သိမ်းထားတဲ့ ချို့ယွင်းချက်တစ်ခုဖြစ်နေတာလို့ သိရပါတယ်။ NY Magazine ကိုပြောကြားထားတာကတော့ အဲဒီဗွီဒီယိုတွေကို ဖျက်ပစ်လိုက်ပါမယ်။
အဲဒီချို့ယွင်းချက်ရဲ့ သဘောသဘာ၀ ဒါမှမဟုတ် ဒါကြောင့် သုံးစွဲသူရဲ့အကောင့် cache ထဲမှာ ကျန်နေရတာလဲဆိုတဲ့အကြောင်းတွေကို အသေးစိတ်ပြောမထားပါဘူး။ ဒါပေမယ့် အဆင်မပြေမှုများအတွက် တောင်းပန်ပါတယ်လို့ ပြောထားပြီးတော့ ဖျက်သိမ်းပေးမှာပါလို့ ကျိန်ဆိုခဲ့ပါတယ်။ “Download Your Information” tool လေးကိုအသုံးပြုပြီးတော့ ခင်ဗျားတို့လည်း စစ်ကြည့်ကြပါဦး။ ကျွန်တော်ကတော့ မတင်ထားတဲ့ပုံတွေ အများကြီးတွေ့လို့ စိတ်ညစ်ရပါတယ်။
Facebook ရဲ့ စကားသံအပြည့်အစုံကို ဖတ်ကြည့်ရအောင်။
Download Your Information tool လေးကနေပြီးတော့ ရလာတဲ့ဒေတာတွေထဲမှာ သူတို့ရဲ့ အရင်တုန်းက draft ဗွီဒီယိုတွေ တွေ့မြင်နေရတယ်လို့ ကျွန်တော်တို့ဆီကို လူအချို့ကအစီရင်ခံစာတွေ ပေးလာတဲ့အတွက်ကြောင့် စုံစမ်းခဲ့ပါတယ်။ ချို့ယွင်းချက်လေးတစ်ခုက draft ဗွီဒီယိုတွေကို ဖျက်မပစ်အောင်တားဆီးထားတာကို တွေ့လိုက်ရပါတယ်။ သူတို့ကို ဖျက်ပစ်မှာဖြစ်ပြီးတော့ အဆင်မပြေမှုများအတွက်လည်း တောင်းပန်ပါတယ်။ ဒီအကြောင်းကို ပြောပေးတဲ့ New York Magazine ကိုလည်း ကျေးဇူးတင်မိပါတယ်။
လက်ရှိနဲ့ အရင်တုန်းက Facebook သုံးစွဲသူတွေကတော့ CA အရှုပ်တော်ပုံကြောင့် သုံးရတာ စိတ်ပျက်နေတဲ့ပုံတွေ တွေ့နေရပါတယ်။ တချို့သုံးစွဲသူတွေက ဒေါင်းလုတ်ဆွဲကြည့်တဲ့ အချက်အလက်တွေအပေါ် ဘဝင်မကျတာမျိုးတွေလည်း ဖြစ်နေပါတယ်။ ဖုန်းခေါ်ဆိုမှုအသေးစိတ်နဲ့ Android သုံးစွဲသူတွေထံက မက်ဆေ့ချ်အသေးစိတ်တွေကို ယူထားတဲ့အတွက်ကြောင့်ပါ။

Aung Phyo Oo (Myanmar Mobile App)