Moto G6 Plus ရဲ႕ပံုရိပ္မ်ား launch မတုိင္ခင္ ထြက္ရွိလာ

0
437

Zawgyi Version

တစ္ႏွစ္ေလာက္ၾကာျပီျဖစ္ေပမယ့္လည္း Moto G5 Plus ကေကာင္းမြန္ေနဆဲျဖစ္ပါတယ္။ အဲဒီစမတ္ဖုန္းမွာ ေကာင္းမြန္တဲ့ ကင္မရာ လုပ္ေဆာင္ခ်က္ေတြရွိပါတယ္။ Moto G5s Plus လိုမ်ိဳး ကင္မရာႏွစ္လံုးအသံုးျပဳထားတဲ့ဖုန္းကို မၾကာခင္ မိတ္ဆက္ေပးမွာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့အပတ္ေတြတုန္းက Moto G6 series ရဲ႕ပံုရိပ္ေတြ ေပါက္ၾကားလာတာကိုေတြ႕ခဲ့ရျပီးျဖစ္ပါတယ္။ Motorola က Moto G6 ၊ G6 Play နဲ႕ G6 Plus ေတြကို လာမဲ့အပတ္မွာ အိႏၵိယေစ်းကြက္ဆီ ေၾကာ္ျငာေတာ့မွာ ျဖစ္ပါတယ္။

Moto G6 Plus ရဲ့ ေနာက္ခံ ပံုရိပ္ေတြက Moto X4 ဒီဇို္င္းတူညီမွာ ျဖစ္ျပီး ကင္မရာႏွစ္လံုးလည္း ပါ၀င္မွာ ျဖစ္ပါတယ္။ စမတ္ဖုန္းဟာ ပါးလႊာျပီးေတာ့ 18:9 aspect ratio ရွိပါတယ္။ “Motorola” brand ဟာ “Moto” ေနရာမွာ အစားထိုးမွာ ျဖစ္ျပီး ဖုန္းရဲ့ အေနာက္ဖက္မွာ “M” logo ကုိ fingerprint sensor အျဖစ္ထားရွိမွာ ျဖစ္ပါတယ္။

Moto G6 Plus အေသးစိတ္အခ်က္အလက္မ်ား

Moto G6 Plus  မွာ 5.93-inch 2160 x 1080p IPS LCD display ပါရွိပါတယ္။ 2.5D အပူခံဖန္မ်က္နွာျပင္ေကြးလဲ ပါရွိပါတယ္။ Qualcomm Snapdragon 630 Octa-core chipset နဲ႕ အားျဖည့္ထားပီး 6GB RAM နဲ႕ 64GB storage အသီးသီးရွိပါတယ္။

ဖုန္းမွာ 12 MP RGB sensor ပါရွိပီး ဖုန္းေနာက္မွာ 5 MP telephoto မွန္ဘီလူးလဲ ပါရွိပါတယ္။ Moto devices ေတြနဲ့ ကြဲျပားေအာင္ ျပဳလုပ္ထားပါတယ္။ front-facing camera(အေရွ႕ဘက္ ကင္မရာ) မွာေတာ့ 16MP sensor ရွိပီး အေရွက LED flash  လည္းပါ၀င္ပါတယ္။     Android 8 Oreo OS နဲ႕ထြက္ရွိမွာျဖစ္ျပီးေတာ့ Moto G6 Play က Android 8.0 ကိုျပင္ဆင္ထားတဲ့  ZUK UI နဲ႕တြဲဖက္ထြက္ရွိလာမွာျဖစ္ပါတယ္။

Unicode Version

တစ်နှစ်လောက်ကြာပြီဖြစ်ပေမယ့်လည်း Moto G5 Plus ကကောင်းမွန်နေဆဲဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းမှာ ကောင်းမွန်တဲ့ ကင်မရာ လုပ်ဆောင်ချက်တွေရှိပါတယ်။ Moto G5s Plus လိုမျိုး ကင်မရာနှစ်လုံးအသုံးပြုထားတဲ့ဖုန်းကို မကြာခင် မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့အပတ်တွေတုန်းက Moto G6 series ရဲ့ပုံရိပ်တွေ ပေါက်ကြားလာတာကိုတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ Motorola က Moto G6 ၊ G6 Play နဲ့ G6 Plus တွေကို လာမဲ့အပတ်မှာ အိန္ဒိယဈေးကွက်ဆီ ကြော်ငြာတော့မှာ ဖြစ်ပါတယ်။

Moto G6 Plus ရဲ့ နောက်ခံ ပုံရိပ်တွေက Moto X4 ဒီဇိုင်းတူညီမှာ ဖြစ်ပြီး ကင်မရာနှစ်လုံးလည်း ပါဝင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းဟာ ပါးလွှာပြီးတော့ 18:9 aspect ratio ရှိပါတယ်။ “Motorola” brand ဟာ “Moto” နေရာမှာ အစားထိုးမှာ ဖြစ်ပြီး ဖုန်းရဲ့ အနောက်ဖက်မှာ “M” logo ကို fingerprint sensor အဖြစ်ထားရှိမှာ ဖြစ်ပါတယ်။

Moto G6 Plus အသေးစိတ်အချက်အလက်များ
Moto G6 Plus မှာ 5.93-inch 2160 x 1080p IPS LCD display ပါရှိပါတယ်။ 2.5D အပူခံဖန်မျက်နှာပြင်ကွေးလဲ ပါရှိပါတယ်။ Qualcomm Snapdragon 630 Octa-core chipset နဲ့ အားဖြည့်ထားပီး 6GB RAM နဲ့ 64GB storage အသီးသီးရှိပါတယ်။

ဖုန်းမှာ 12 MP RGB sensor ပါရှိပီး ဖုန်းနောက်မှာ 5 MP telephoto မှန်ဘီလူးလဲ ပါရှိပါတယ်။ Moto devices တွေနဲ့ ကွဲပြားအောင် ပြုလုပ်ထားပါတယ်။ front-facing camera(အရှေ့ဘက် ကင်မရာ) မှာတော့ 16MP sensor ရှိပီး အရှေက LED flash လည်းပါဝင်ပါတယ်။ Android 8 Oreo OS နဲ့ထွက်ရှိမှာဖြစ်ပြီးတော့ Moto G6 Play က Android 8.0 ကိုပြင်ဆင်ထားတဲ့ ZUK UI နဲ့တွဲဖက်ထွက်ရှိလာမှာဖြစ်ပါတယ်။

Swe Yee Yee Latt (Myanmar Mobile App)