GIF တွေကိုပါ ပြသနိုင်တော့မည့် Samsung Always On Display (AOD)

0
359

Zawgyi Version


Unicode Version

Smsungဟာ ခေတ်မီစမတ်ဖုန်းအသုံးပြုသူများအတွက် always on diaplay ဆိုတဲ့ option တစ်ခုကိုထည့်သွင်းပေးလိုက်ပါတယ်။
android police (စောင့်ကြည့်) အရ ဖုန်းပိတ်သွားတဲ့အခါမှာ ဖုန်းမျက်နှာပြင်ပေါ်မှာ GIF တွေကို ပြသထားမှာဖြစ်ပါတယ်။
always on display က ဖုန်းကို lock ချထားတဲ့ အခါ ပေါ်လာမှာဖြစ်ပီး
အချိန်၊အချက်အလက်တွေ(noti)၊ကျန်ရှိနေတဲ့ဘတ်ထရီပမာဏနဲ့ တခြားအရေးကြီးတဲ့အချက်
အလက်တွေကို ပြသထားမှာပါ။
ဖုန်းအသုံးပြုသူတွေဟာ အရောင်၊နာရီဒီဇိုင်းနဲ့AOD (android)ရဲ့တခြားကဏ္ဍတွေကိုလည်းမိမိစိတ်ကြိုက်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေကတည်းက Samsung ဟာ ဖုန်းအသုံးပြုသူတွေကို ၎င်းတို့ ကြိုက်နှစ်သက်တဲ့ပုံတွေရွေးချယ်ပီး ဖုန်းမျက်နှာပြင်မှာ အစုလိုက်ကပ်လျက်တွဲတင်လို့
ရအောင် လုပ်ပေးခဲ့ပါသေးတယ်။ အဲ့မှာမိမိချစ်သူရဲ့ပုံ မိသားစုပုံ မိမိကလေးပုံ စသဖြင့် မိမိကြိုက်တာတွေတင်လို့ရပါတယ်။ အခုလုပ်ပေးတဲ့GIF မှာတော့ ပိုပီးရွေးချယ်စရာတွေများပြားလာပါတယ်။ ကိုယ်တိုင်ဖန်တီးယူနိုင်တာတွေလည်း ရှိလာပါတယ်။
နောက်ဆုံးပေါ် Samsung ဖုန်းတွေမှာ android software တွေအတွက် ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ GIF တွေပါဝင်လာပါတယ်။ ကိုယ့်ဖုန်းထဲမှာရှိတဲ့ ကြိုက်တဲ့ဓာတ်ပုံကိုအသုံးပြုနိုင်ပါတယ်။တစ်ခုသိရမှာကတော့ အများဆုံး သုံးနိုင်တဲ့ အတိုင်းအတာကတော့ကန့်သတ်ထားပါတယ်။ ဒါ့အပြင် မလိုအပ်ဘဲ ဘတ်ထရီ မကုန်အောင်လို့ GIF တွေကိုအမြဲတမ်းပွင့်မနေအောင်လည်း လုပ်ထားပါသေးတယ်။ GIF တစ်ခုကို တစ်ခါပဲ ပြသမှာဖစ်ပီး တခြားတစ်ခု ထပ်မံပြသဖို့ GIF ပေါ်ကို၂ ချက် ဆက်တိုက်နှိပ်ရမှာဖစ်ပါတယ်။
ထို GIF ကဏ္ဍလေးကို ရယူချင်တယ် ဆိုရင်တော့ ယခုသင်သုံးနေတဲ့ ဖုန်းရဲ့ ဗားရှင်းမှာ always on display ကို အဆင့်မြှင့်ထားရမှာပါ။ အခုလောလောဆယ်တော့ version 3 က စသုံးလို့ရပါတယ်။
GIF တွေက galaxy S8, S8+, note8 တွေမှာရရှိနေပြီဖြစ်ပီး S9 နဲ့ S9+ မှာလည်း ရဖို့မျှော်လင့်နေပါတယ်။ S9 နဲ့ S9+ တွေမှာလည်း အသုံးပြုနိုင်အောင် စိတ်ကူးထားပါတယ်

Swe Yee Yee Latt (Myanmar Mobile App)