အီလွန်မက်ကြောင့် Telsa ကြီး တစ်ရက်တာ ဒေ၀ါလီခံခဲ့ရ
0
508
Zawgyi Version
https://platform.twitter.com/widgets.js
Unicode Version
အီလွန်မက်ကတော့ April Fools လုပ်ဖို့အတွက်ကို တွစ်တာပေါ်မှာ တွစ်တွေအများကြီးနဲ့ ပြင်ဆင်ထားခဲ့ပုံရပါတယ်။
April 1 ရက်နေ့မှာ အတော်လေးလှုပ်ခတ်သွားစေတဲ့ ပို့စ်တွေ၊ တွစ်တွေ အများကြီးတွေ့ရပါတယ်။ နာမည်ဆိုးထွက်လာတာကတော့ အီလွန်မက်ဆီကနေပြီးတော့ပါ။
အဲဒီနေ့စောပိုင်းမှာ အရေးကြီးသတင်းကြေညာစရာရှိတယ်ဆိုပြီးတော့ တွစ်တစ်ခုတင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူ့ရဲ့လျှပ်စစ်ကား ကုမ္ပဏီဖြစ်တဲ့ Telsa အကြောင်း ရေးသားခဲ့ပါတယ်။ ဒေဝါလီခံသွားရကြောင်းကို ဖော်ပြထားတဲ့တွစ်တွေ ဖြစ်ပါတယ်။ အရင်တုန်းက သူ့ကိုဒေဝါလီခံရနိုင်တယ်ဆိုတဲ့ ဟောကိန်းတွေကို လှည့့်စားလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
သူ့ရဲ့အရူးလုပ်မှုကတော့ အတော်လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ အချိန်အခါကိုက် လှုပ်ရှားတတ်တယ်လို့ ဆိုရမလား။
အဲဒီနောက်မှာတော့ မက်က သူ့ရဲ့နောက်ဆုံးတွစ်လေးနဲ့အတူ ပြန်ဖြည်ထားတာကိုတွေ့ရပါတယ်။ Tesla Model 3 ကားနဲ့အတူ “Bankwupt!” စာတန်းလေးကို ကိုင်ထားခဲ့ပါတယ်။ Happy New Month လို့ရေးသားထားပါတယ်။
ဒီတစ်ခုအပြင် မက်ဟာ Boring Company မီးသေနတ်တွေကိုလည်း ဟာသလုပ်ခဲ့ဖူးပါတယ်။ အဲဒီသေနတ်တွေကတော့ တကယ်ကိုရောင်းခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကိုလည်း နည်းနည်းစဉ်းစားရပါလိမ့်မယ်။ သူတို့ဆီကနေ တုံ့ပြန်မှုကို ကျွန်တော်တို့စောင့်နေပါတယ်။
Aung Phyo Oo (Myanmar Mobile App)