လြန္ခဲ့တဲ့ႏွစ္၂၀ေလာက္တုန္းက ႏွစ္၂၀ျပည့္အထိမ္းအမွတ္ Mac ေလးကို အဆံုးသတ္ခဲ့တဲ့ Apple

0
622

Zawgyi Version

၁၉၉၀ခုႏွစ္တုန္းက ေဒၚလာ ၇ ၄၉၉တန္ Mac ေလးကို မွတ္မိၾကေသးရဲ႕လား။ ေအာက္မွာ ဗြီဒီယိုေလးရွိပါတယ္။

Twentieth Anniversary Mac (TAM) ကိုေတာ့ လြန္္ခဲ့တဲ့ႏွစ္၂၀ေလာက္ (၁၉၉၈ခုႏွစ္ မတ္လ)မွာ ရပ္တံ့လုိက္ပါတယ္။ ပထမဆံုး iMac ကိုေတာ့ ၁၉၉၈ခုႏွစ္မွာ စတင္မိတ္ဆက္ခဲ့ျပီးေတာ့ expandable desktop ဒါမွမဟုတ္ tower မလိုအပ္ေတာ့တဲ့ တြက္ခ်က္မႈေခတ္အသစ္ကို ေရာက္လာခဲ့ပါတယ္။ Bondi blue all-in-one ေလးက စိတ္၀င္စားမႈအမ်ားၾကီး ရခဲ့ေပမယ့္ Apple ရဲ႕ သမားရိုးက်ဒီဇိုင္းနဲ႕ ခ်စ္စရာပံုစံေလးက ပထမဆံုးမဟုတ္ခဲ့ပါဘူး။ Twentieth Anniversary Macintosh ကိုေတာ့ ၁၉၉၇ခုႏွစ္မွာ မိတ္ဆက္ခဲ့ျပီးေတာ့ ၁၉၉၈ခုႏွစ္ မတ္လ ၁၄ရက္ေန႕မွာ ရပ္ဆုိင္းခဲ့ပါတယ္။ ဒါဟာ iMac ထြက္မလာခင္ ငါးလအလိုေလာက္ျဖစ္ပါတယ္။ built-in TV နဲ႕ FM tuner တို႕ပါ၀င္တာမို႕ သံုးစြဲသူေတြက ကြန္ပ်ဴတာနဲ႕ တီဗြီ mode ကို အလြယ္တကူေျပာင္းလဲႏုိင္ပါတယ္။ အဲဒီစက္ကို Apple ရဲ႕ ပထမဆံုးေသာ ကြန္ပ်ဴတာထုတ္လုပ္ခဲ့တဲ့ ၁၉၉၆ခုႏွစ္ ဧျပီလအတြက္ ႏွစ္၂၀ျပည့္အထိမ္းအမွတ္အေနနဲ႕ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက Apple ဟာ ၾကီးမားတဲ့ Box ၾကီးေတြကို အသံုးျပဳခဲ့တာမို႕ TAM ရဲ႕ ျပားကပ္တဲ့ဒီဇုိင္းနဲ႕ in-one nature တို႕က အရမ္းမိုက္သြားခဲ့ပါတယ္။

TAM ရဲ႕ သက္တမ္းတိုခဲ့ေပမယ့္လည္း ယူအက္စ္ေအ၊ ဂ်ပန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ယူေကတို႕ကို မိတ္ဆက္ခဲ့ျပီးေတာ့ ၾသစေတးလ်ကို Apple ထုတ္ကုန္ေတြ ပို႕ႏုိင္ခဲ့တယ္။ ဒီပစၥည္းေလးကို ၁၉၉၇ခုႏွစ္ ဇန္န၀ါရီလမွာက်င္းပတဲ့ Macworld Expo မွာ ပထမဆံုး ထုတ္ျပခဲ့ပါတယ္။ ေဒၚလာ ၉ ၀၀၀ ေလာက္ ကုန္က်မယ္လို႕ ခန္႕မွန္းထားခဲ့ပါတယ္။ ၁၉၉၇ခုႏွစ္ မတ္လမွာထြက္ရွိတဲ့အခါ ေဒၚလာ ၇ ၄၉၉ အထိ ေလွ်ာ့ခ်ခဲ့ပါတယ္။ PowerMac 6500 နဲ႕ဆိုရင္ ရာဂဏန္းေလာက္က်သြားတာေတြ႕ရပါတယ္။

ေဒၚလာ ၇ ၄၉၉ မွာေတာ့ ၁၉၉၇ခုႏွစ္္ရဲ႕ ေစ်းႏႈန္းကိုတြက္ၾကည့္လိုက္မယ္ဆုိရင္ မ်က္လံုးျပဴးသြားပါလိမ့္မယ္။ တစ္ႏွစ္တည္းထုတ္ခဲ့တာကေတာ့ အံ့ၾသစရာမေကာင္းပါဘူး။ ၁၉၉၈ခုႏွစ္မွာ ရပ္တံ့ေၾကာင္းေၾကညာျပီးေတာ့ ေဒၚလာ ၁ ၉၉၅ နဲ႕ ေရာင္းခ်ခဲ့ပါတယ္။ ဒါေပမယ့္ တမူထူးျခားတဲ့ပီစီျဖစ္တဲ့အတြက္ေၾကာင့္ စုေဆာင္းသူေတြက အၾကိဳက္ေတြ႕လာၾကပါတယ္။ အခုဆိုရင္ေတာ့ eBay ေပၚမွာ $8,000 ကေန $15,000 ၾကားမွာ မကိုင္ရေသးတဲ့ အသစ္ေတြကို ေရာင္းခ်ေနပါျပီ။

Twentieth Anniversary Mac ရဲ႕ အေၾကာင္းကို သိခ်င္ေသးတယ္ဆိုရင္ေတာ့ YouTube ေပၚမွာ Apple designer Jony Ive ရွင္းျပထားတဲ့ ဗြီဒီယိုေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

Unicode Version

၁၉၉၀ခုနှစ်တုန်းက ဒေါ်လာ ၇ ၄၉၉တန် Mac လေးကို မှတ်မိကြသေးရဲ့လား။ အောက်မှာ ဗွီဒီယိုလေးရှိပါတယ်။

Twentieth Anniversary Mac (TAM) ကိုတော့ လွန်ခဲ့တဲ့နှစ်၂၀လောက် (၁၉၉၈ခုနှစ် မတ်လ)မှာ ရပ်တံ့လိုက်ပါတယ်။ ပထမဆုံး iMac ကိုတော့ ၁၉၉၈ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီးတော့ expandable desktop ဒါမှမဟုတ် tower မလိုအပ်တော့တဲ့ တွက်ချက်မှုခေတ်အသစ်ကို ရောက်လာခဲ့ပါတယ်။ Bondi blue all-in-one လေးက စိတ်ဝင်စားမှုအများကြီး ရခဲ့ပေမယ့် Apple ရဲ့ သမားရိုးကျဒီဇိုင်းနဲ့ ချစ်စရာပုံစံလေးက ပထမဆုံးမဟုတ်ခဲ့ပါဘူး။ Twentieth Anniversary Macintosh ကိုတော့ ၁၉၉၇ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီးတော့ ၁၉၉၈ခုနှစ် မတ်လ ၁၄ရက်နေ့မှာ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါဟာ iMac ထွက်မလာခင် ငါးလအလိုလောက်ဖြစ်ပါတယ်။ built-in TV နဲ့ FM tuner တို့ပါဝင်တာမို့ သုံးစွဲသူတွေက ကွန်ပျူတာနဲ့ တီဗွီ mode ကို အလွယ်တကူပြောင်းလဲနိုင်ပါတယ်။ အဲဒီစက်ကို Apple ရဲ့ ပထမဆုံးသော ကွန်ပျူတာထုတ်လုပ်ခဲ့တဲ့ ၁၉၉၆ခုနှစ် ဧပြီလအတွက် နှစ်၂၀ပြည့်အထိမ်းအမှတ်အနေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Apple ဟာ ကြီးမားတဲ့ Box ကြီးတွေကို အသုံးပြုခဲ့တာမို့ TAM ရဲ့ ပြားကပ်တဲ့ဒီဇိုင်းနဲ့ in-one nature တို့က အရမ်းမိုက်သွားခဲ့ပါတယ်။

TAM ရဲ့ သက်တမ်းတိုခဲ့ပေမယ့်လည်း ယူအက်စ်အေ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ယူကေတို့ကို မိတ်ဆက်ခဲ့ပြီးတော့ သြစတေးလျကို Apple ထုတ်ကုန်တွေ ပို့နိုင်ခဲ့တယ်။ ဒီပစ္စည်းလေးကို ၁၉၉၇ခုနှစ် ဇန်နဝါရီလမှာကျင်းပတဲ့ Macworld Expo မှာ ပထမဆုံး ထုတ်ပြခဲ့ပါတယ်။ ဒေါ်လာ ၉ ၀၀၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ ၁၉၉၇ခုနှစ် မတ်လမှာထွက်ရှိတဲ့အခါ ဒေါ်လာ ၇ ၄၉၉ အထိ လျှော့ချခဲ့ပါတယ်။ PowerMac 6500 နဲ့ဆိုရင် ရာဂဏန်းလောက်ကျသွားတာတွေ့ရပါတယ်။

ဒေါ်လာ ၇ ၄၉၉ မှာတော့ ၁၉၉၇ခုနှစ်ရဲ့ ဈေးနှုန်းကိုတွက်ကြည့်လိုက်မယ်ဆိုရင် မျက်လုံးပြူးသွားပါလိမ့်မယ်။ တစ်နှစ်တည်းထုတ်ခဲ့တာကတော့ အံ့သြစရာမကောင်းပါဘူး။ ၁၉၉၈ခုနှစ်မှာ ရပ်တံ့ကြောင်းကြေညာပြီးတော့ ဒေါ်လာ ၁ ၉၉၅ နဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် တမူထူးခြားတဲ့ပီစီဖြစ်တဲ့အတွက်ကြောင့် စုဆောင်းသူတွေက အကြိုက်တွေ့လာကြပါတယ်။ အခုဆိုရင်တော့ eBay ပေါ်မှာ $8,000 ကနေ $15,000 ကြားမှာ မကိုင်ရသေးတဲ့ အသစ်တွေကို ရောင်းချနေပါပြီ။

Twentieth Anniversary Mac ရဲ့ အကြောင်းကို သိချင်သေးတယ်ဆိုရင်တော့ YouTube ပေါ်မှာ Apple designer Jony Ive ရှင်းပြထားတဲ့ ဗွီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

Aung Phyo Oo (Myanmar Mobile App)