iPhone မ်ားကို ဒရုန္းနဲ႕ခ်ိတ္ဆြဲျပီး ျမိဳ႕ႏွစ္ျမိဳ႕အၾကား သယ္ပို႕ခဲ့တဲ့ ရာဇ၀တ္မႈ

0
691

Zawgyi Version

ေဟာင္ေကာင္ကေန ရွန္က်န္းကို ဒရုန္းေတြပ်ံသန္းေနစဥ္မွာ တရုတ္အာဏာပိုင္ေတြက ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ အဲဒီဖုန္းေတြရဲ႕ စုစုေပါင္းတန္ဖိုးဟာ ေဒၚလာ၇၉သန္းရွိပါတယ္။ အဲဒီထဲမွာ ျပန္လည္တပ္ဆင္ထားတဲ့ iPhone ေတြေတာင္ ပါ၀င္ေနပါတယ္။ ဒရုန္းကိုအသံုးျပဳျပီးေတာ့ နယ္စပ္ေက်ာ္ျဖတ္တဲ့ျဖစ္စဥ္ဟာ ပထမဆံုးျဖစ္ပါတယ္။

ဒီသတင္းကိုေတာ့ ျပည္နယ္ျပန္ၾကားေရး Legal Daily မွ ရခဲ့တာျဖစ္ျပီးေတာ့ ဒရုန္းတစ္စင္းကို iPhone ဆယ္လံုးပါတဲ့အိတ္ေလးနဲ႕ ဖမ္းမိခဲ့တာပါ။ အေသးစိတ္ကေတာ့ မရွင္းလင္းေသးပါဘူး။ အဲဒီနယ္ေျမႏွစ္ခုအၾကားမွာ ခ်ိတ္ဆက္ထားတဲ့ ၾကိဳးေတြကို ေတြ႕ျမင္ရတယ္လို႕လည္း ၾကားထားပါတယ္။

iPhone ပါတဲ့အိတ္အေသးေလးေတြကေတာ့ ၾကိဳးနဲ႕ခ်ိတ္ဆက္ထားျပီး ေနာက္တစ္ေနရာကို ကူးေျပာင္းေအာင္လုပ္ေဆာင္ထားပါတယ္။ ဒီျဖစ္ရပ္ကေတာ့ သန္းေခါင္မွာ ျဖစ္ပ်က္ခဲ့တာပါ။ တစ္ညကို iPhone အလံုးေရ ၁၅ ၀၀၀ ေလာက္ ကူးေျပာင္းေနတယ္လို႕ သိရပါတယ္။

ဒီလိုလုပ္ေဆာင္ေနတဲ့သူ ၂၆ဦးကိုလည္း လက္ရဖမ္းဆီးထားပါတယ္။ ဒီျဖစ္ရပ္ေတြက ၂၀၁၇ ကတည္းက ျဖစ္ပ်က္ေနခဲ့တာလို႕ အတြင္းလူတစ္ဦးရဲ႕ေျပာခ်က္အရ သိရပါတယ္။ ဒါဟာ သာမန္အမႈမျဖစ္ႏုိင္ဘဲ ေနာက္ကြယ္ကၾကိဳးကိုင္သူေတြရွိေနမလား။

Unicode Version

ဟောင်ကောင်ကနေ ရှန်ကျန်းကို ဒရုန်းတွေပျံသန်းနေစဉ်မှာ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီဖုန်းတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ၇၉သန်းရှိပါတယ်။ အဲဒီထဲမှာ ပြန်လည်တပ်ဆင်ထားတဲ့ iPhone တွေတောင် ပါဝင်နေပါတယ်။ ဒရုန်းကိုအသုံးပြုပြီးတော့ နယ်စပ်ကျော်ဖြတ်တဲ့ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်ပါတယ်။
ဒီသတင်းကိုတော့ ပြည်နယ်ပြန်ကြားရေး Legal Daily မှ ရခဲ့တာဖြစ်ပြီးတော့ ဒရုန်းတစ်စင်းကို iPhone ဆယ်လုံးပါတဲ့အိတ်လေးနဲ့ ဖမ်းမိခဲ့တာပါ။ အသေးစိတ်ကတော့ မရှင်းလင်းသေးပါဘူး။ အဲဒီနယ်မြေနှစ်ခုအကြားမှာ ချိတ်ဆက်ထားတဲ့ ကြိုးတွေကို တွေ့မြင်ရတယ်လို့လည်း ကြားထားပါတယ်။
iPhone ပါတဲ့အိတ်အသေးလေးတွေကတော့ ကြိုးနဲ့ချိတ်ဆက်ထားပြီး နောက်တစ်နေရာကို ကူးပြောင်းအောင်လုပ်ဆောင်ထားပါတယ်။ ဒီဖြစ်ရပ်ကတော့ သန်းခေါင်မှာ ဖြစ်ပျက်ခဲ့တာပါ။ တစ်ညကို iPhone အလုံးရေ ၁၅ ၀၀၀ လောက် ကူးပြောင်းနေတယ်လို့ သိရပါတယ်။
ဒီလိုလုပ်ဆောင်နေတဲ့သူ ၂၆ဦးကိုလည်း လက်ရဖမ်းဆီးထားပါတယ်။ ဒီဖြစ်ရပ်တွေက ၂၀၁၇ ကတည်းက ဖြစ်ပျက်နေခဲ့တာလို့ အတွင်းလူတစ်ဦးရဲ့ပြောချက်အရ သိရပါတယ်။ ဒါဟာ သာမန်အမှုမဖြစ်နိုင်ဘဲ နောက်ကွယ်ကကြိုးကိုင်သူတွေရှိနေမလား။

Aung Phyo Oo (Myanmar Mobile App)