Huawei P20 နဲ့ Pixel 2 XL တို့နဲ့ ညဓါတ်ပုံယှဉ်ရိုက်ချက်များ

0
636

Huawei ရဲ့ ညရိုက်ချက်တွေအတွက် night mode ကတော့ မျက်စိကျစရာပါပဲ။

ဒီတစ်ပတ်မှာတော့ Huawei P20 Pro ကို တွေ့မြင်ရပါတယ်။ မိုဘိုင်းလ်ဓါတ်ပုံလောကကို လွှမ်းမိုးမယ့်အထာနဲ့ ကင်မရာရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို ဖုန်းအသစ်မှာ ချပြခဲ့တာပါ။ ရလဒ်ကတော့ စမ်းသုံးကြည့်တဲ့အခါမှာ အမြင့်တွေနဲ့သိပ်မကွာတာကို တွေ့ရပါတယ်။ အကောင်းဆုံး စမတ်ဖုန်းကင်မရာအတွက် သရဖူကိုဆောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုဂုဏ်ပြုခြင်းတွေနဲ့ ထိုက်တန်ရဲ့လားဆိုတာ စဉ်းစားနေဆဲပါပဲ။ ဒါပေမယ့် P20 Pro ရဲ့ night mode ကတော့ ဖုန်းနဲ့ရိုက်ချက်တွေအားလုံးထက် သာလွန်တယ်ဆိုတာတော့ လက်ခံရမှာပါ။ Google Pixel 2 XL ဟာ P20 Pro ကို ယှဉ်ဖို့ကြိုးစားနေရပါတယ်။

ပဲရစ်မြို့မှာလှည့်လည်နေရင်း Pixel 2 XL နဲ့ P20 Pro အတွက် ဓါတ်ပုံလေးတွေ စမ်းဖြစ်ခဲ့တယ်။ အသိသာဆုံးဖြစ်နိုင်မယ့်အရာလေးတွေကို တင်ပြပေးထားလိုက်ပါတယ်။

ကင်မရာရဲ့ shutter ဟာ လေးစက္ကန့်အပြည့်ပွင့်ပါတယ်။ ညမြင်ကွင်းတွေကို နေ့မြင်ကွင်းလိုမျိုးမြင်ရအောင် exposure ငြိမ်အောင်စောင့်နေစဉ်မှာ အသုံးဝင်ပါတယ်။ အဲဒီနောက်မှာတော့ စုစည်းထားတဲ့အချက်အလက်တွေကြောင့် ဓါတ်ပုံဟာ ရှင်းလင်းပြီးတော့ ပြတ်သားနေပါတယ်။ နည်းနည်းလေးပျော့ပျောင်းပြီးတော့ ၀ါးမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့်လည်း  Huawei ဟာ Pixel ထက် သာလွန်နေတာကို တွေ့လိုက်ရပါတယ်။ P20 နဲ့ saturation ကောင်းကောင်းကိုလည်း ဖရိန်အတွင်းမှာ မှတ်တမ်းတင်နိုင်စေမှာပါ။

P20 Pro
Google Pixel 2 XL

ဒီပုံလေးကိုကြည့်လိုက်မယ်ဆိုရင်တော့ P20 Pro ဟာ Pixel 2 XL ထက် ပိုမိုရှင်းလင်းတဲ့ညကောင်းကင်ကို မြင်ရမှာပါ နောက်ခံအဆောက်အဦးတွေကတော့ Huawei ရဲ့ ရိုက်ချက်မှာ ပိုပြီးပြီပြင်ပါတယ်။ ဓါတ်ပုံတွေကို ပြတ်သားအောင်၊ noise လျော့အောင်လုပ်ထားတာမို့ pop ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းလ်အချင်းချင်း မျှဝေလိုက်ရင် Pixel လျှော့သွားမှာပါ။ ဒါကအရေးသိပ်မကြီးပါဘူး။ လေးစက္ကန့်လောက် shutter ဖွင့်ထားတာဆိုတော့ ရွေ့လျားနေတဲ့အရာတွေကိုလည်း နေသားတကျရှိစေပါတယ်။

P20 Pro
Google Pixel 2 XL

ဒီနှစ်ပုံမှာတော့ အကုန်ကောင်းပါတယ်။ Huawei ဟာ noise မပါတဲ့ ကောင်းကင်ကို လှလှပပ ပြနိုင်ပါတယ်။ exposure ကောင်းတယ်၊ ရောင်ပြန်တွေကိုလည်း ကောင်းကောင်းဖော်ကျူးသွားနိုင်တယ်။

P20 Pro
Google Pixel 2 XL

ဒီနှစ်ကောင်ကို အလင်းကောင်းကောင်းနဲ့ယှဉ်မယ်ဆိုရင်တော့ ပြောဖို့ခက်ပါလိမ့်မယ်။ Huawei ရဲ့ Master AI လုပ်ဆောင်ချက်ကတော့ ကွာပါတယ်။ သူဟာ သင်ရိုက်ချင်နေတဲ့အရာကို auto-detect ဖြစ်ပြီးတော့ လုပ်ဆောင်ချက်တွေကလည်း မိုက်ပါတယ်။ P20 Pro ဟာ အပြာရောင်ကောင်းကင်ကို ဖမ်းနိုင်ပြီးတော့ ရှေ့ကအရာတွေကို exposure နည်းနည်းမြှင့်ပေးထားပါတယ်။ အီဖယ်မျှော်စင်ကို ကြည့်လိုက်ပါ။ သဘာဝဆန်အောင် လုပ်ထားပါတယ်။

P20 Pro
Google Pixel 2 XL

အတော်များများကတော့ Huawei ရဲ့ AI လုပ်ဆောင်မှုက ပိုကောင်းအောင်လုပ်ပေးပါတယ်။ P20 Pro ကင်မရာဟာ အစိမ်းရောင်အဖြစ်နားလည်ပြီးတော့ contrast နဲ့ saturation ကို ထိန်းပေးထားတာကို လေ့လာကြည့်ပါ။ သဘာဝအဆန်ဆုံးလို့မပြောနိုင်ပေမယ့်လည်း Huawei ဖုန်းတွေလုပ်ဆောင်ချက်ကို ကောင်းကောင်းပြပေးလို့ရပါတယ်။ သူကတော့ ပြတ်သားပြီးတော့ ရှင်းလင်းနေပါတယ်။ Pixel 2 XL ကတော့ နည်းနည်းပြားကပ်နေပြီး အသက်မပါသလိုခံစားရပါတယ်။

အနှစ်ချုပ်ပေးရမယ်ဆိုရင်တော့ သင့်အနေနဲ့ စိတ်ကျေနပ်မှာမဟုတ်ပါဘူး။ သူတို့နှစ်ခုကြားမှာ ဘယ်သူအနိုင်ရတယ်ဆိုတာ ပြောမှာမဟုတ်ပါဘူး။ Huawei P20 Pro ၊ Google Pixel 2 XL နဲ့ Samsung Galaxy S9 တို့ကတော့ သူတို့ရဲ့ကိုယ်ပိုင်အစွမ်းတွေနဲ့ သာလွန်နေကြတဲ့သူတွေပါ။ သူတို့တွေဟာ iPhone X့ ပြိုင်ဘက်တွေဖြစ်ကြပါတယ်။ Huawei P20 Pro ကတော့ ကင်မရာသုံးလုံးနဲ့ဈေးကွက်ကို ပထမဆုံးရောက်လာတဲ့သူဖြစ်ပြီးတော့ Pixel ကို ဆွဲချနိုင်လောက်တဲ့အထိ မိုက်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

Aung Phyo Oo (Myanmar Mobile App)