Googleရဲ႕ URL ေတြကိုတုိေအာင္လုပ္ေပးေနတဲ့ goo.gl ကိုပိတ္သိမ္း

0
565

Zawgyi Version

ဒီေန႕မွာပဲ goo.gl ကို ဧျပီမွာစျပီး ပိတ္သိမ္းေတာ့မွာျဖစ္ေၾကာင္း Google က ေၾကညာလုိက္ပါတယ္။ ရွိျပီးသားလင့္ေတြကေတာ့ အလုပ္လုပ္ေနဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဧျပီ၁၃ရက္ေန႕မွာေတာ့ အသံုးမျပဳေသးတဲ့သူမ်ား (ဒါမွမဟုတ္ အမည္မေဖာ္ဘဲသံုးေနတဲ့သူမ်ား)ကေတာ့ လင့္အတုိေတြလုပ္လို႕မရေတာ့ပါဘူး။ goo.gl လင့္ေတြကို ဖန္တီးျပီးသားသူေတြကေတာ့ အဲဒီအေကာင့္ကေနျပီးေတာ့ ၂၀၁၉ခုႏွစ္ မတ္လ၃၀ရက္ေန႕အထိ ဖန္တီးျပီးသားလင့္ေတြကို အသံုးျပဳခြင့္ရရွိမွာပါ။

ဟုတ္ပါတယ္။ ဒီေန႕အထိ မသံုးဖူးသူေတြကေတာ့ ဆက္လက္အသံုးျပဳခြင့္ရေတာ့မွာ မဟုတ္ဘဲ သံုးေနတဲ့သူေတြကေတာ့ ၂၀၁၉ မတ္လ၃၀ရက္ေန႕အထိ အသံုးျပဳႏုိင္မွာပါ။

Firebase Dynamic Link ေတြနဲ႕ အသံုးျပဳတဲ့ေနရာအေပၚမွာမူတည္ျပီးေတာ့ အမ်ိဳးမ်ိဳးေသာေနရာေတြကို ေရာက္ေပးႏုိင္တဲ့ လင့္ေတြကို goo.gl က ေထာက္ပံ့မေပးႏုိင္ေတာ့ပါဘူး။ Firebase Dynamic Link ေတြကေတာ့ goo.gl လင့္တိုေတြနဲ႕ အစားထိုးလို႕မရပါဘူး။ တကယ္လို႕သံုးခ်င္ေသးတယ္ဆိုရင္ေတာ့ Bitly နဲ႕ Ow.ly တုိ႕ကို အသံုးျပဳဖို႕ Google က ေထာက္ခံေပးထားပါတယ္။

Unicode Version

ဒီနေ့မှာပဲ goo.gl ကို ဧပြီမှာစပြီး ပိတ်သိမ်းတော့မှာဖြစ်ကြောင်း Google က ကြေညာလိုက်ပါတယ်။ ရှိပြီးသားလင့်တွေကတော့ အလုပ်လုပ်နေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီ၁၃ရက်နေ့မှာတော့ အသုံးမပြုသေးတဲ့သူများ (ဒါမှမဟုတ် အမည်မဖော်ဘဲသုံးနေတဲ့သူများ)ကတော့ လင့်အတိုတွေလုပ်လို့မရတော့ပါဘူး။ goo.gl လင့်တွေကို ဖန်တီးပြီးသားသူတွေကတော့ အဲဒီအကောင့်ကနေပြီးတော့ ၂၀၁၉ခုနှစ် မတ်လ၃၀ရက်နေ့အထိ ဖန်တီးပြီးသားလင့်တွေကို အသုံးပြုခွင့်ရရှိမှာပါ။

ဟုတ်ပါတယ်။ ဒီနေ့အထိ မသုံးဖူးသူတွေကတော့ ဆက်လက်အသုံးပြုခွင့်ရတော့မှာ မဟုတ်ဘဲ သုံးနေတဲ့သူတွေကတော့ ၂၀၁၉ မတ်လ၃၀ရက်နေ့အထိ အသုံးပြုနိုင်မှာပါ။

Firebase Dynamic Link တွေနဲ့ အသုံးပြုတဲ့နေရာအပေါ်မှာမူတည်ပြီးတော့ အမျိုးမျိုးသောနေရာတွေကို ရောက်ပေးနိုင်တဲ့ လင့်တွေကို goo.gl က ထောက်ပံ့မပေးနိုင်တော့ပါဘူး။ Firebase Dynamic Link တွေကတော့ goo.gl လင့်တိုတွေနဲ့ အစားထိုးလို့မရပါဘူး။ တကယ်လို့သုံးချင်သေးတယ်ဆိုရင်တော့ Bitly နဲ့ Ow.ly တို့ကို အသုံးပြုဖို့ Google က ထောက်ခံပေးထားပါတယ်။

Aung Phyo Oo (Myanmar Mobile App)