Apple Watch ကို ၾသစေတးလ်ရဲ႕ မႈခင္းစစ္ေဆးကိရိယာအျဖစ္ အသံုးျပဳခဲ့

0
530

Zawgyi Version

၀ါး Apple ကေတာ့ ဂုဏ္ယူေနေတာ့မွာ အေသအခ်ာပါပဲ။ ဟုတ္ပါတယ္။ ၾသစေတးလ်အာဏာပိုင္ေတြက အလြန္တရာစက္ဆုပ္ဖြယ္ေကာင္းတဲ့ လူသတ္မႈေတြအတြက္ သံသယရွိသူေတြကို စစ္ေဆးတဲ့ေနရာမွာ Apple Watch ကို အသံုးျပဳဖို႕ အမိန္႕ခ်ေပးလိုက္ပါျပီ။ အသံုးျပဳပံုကေတာ့ ႏွလံုးခုန္ႏႈန္းကို တုိင္းတာမွာျဖစ္ပါတယ္။ ပထမဆံုးျဖစ္စဥ္ကေတာ့ ၂၀၁၆ခုႏွစ္ စက္တင္ဘာလမွာ သူမရဲ႕ေနအိမ္မွာေသဆံုးေနခဲ့တဲ့ အသက္၅၇ႏွစ္အရြယ္ မာနာနယ္လ္ဆန္ရဲ႕အမႈ ျဖစ္ပါတယ္။

ျဖစ္ရပ္ကို စံုစမ္းတဲ့အခ်ိန္မွာ နယ္လ္ဆန္ရဲ႕ လင္ပါသမီးက အေၾကာင္းစံုရွင္းျပပါတယ္။ သူမဟာ လမ္းေပၚမွာ လူတစ္စုနဲ႕ရန္ျဖစ္ခဲ့ျပီးေနာက္ သူတို႕ဟာအိမ္အထိလိုက္လာခဲ့ၾကတယ္။ ဒါေပမယ့္လည္း သူမရဲ႕ေျပာၾကားခ်က္နဲ႕ အခ်ိန္အခါေတြဟာ ေသဆံုးသူ႕ရဲ႕ Apple Watch ကေနယူထားတဲ့ အခ်က္အလက္ေတြနဲ႕ မကိုက္ညီတာကိုေတြ႕ရပါတယ္။ Apple Watch ရဲ႕ heart rate sensor ေလးက ယူထားတဲ့အခ်က္အလက္ေတြအရ တုိက္ခုိက္မႈဘယ္အခ်ိန္မွာျဖစ္တာလဲ၊ ဘယ္အခ်ိန္မွာေသဆံုးသြားတာလဲဆိုတာေတြကို ရရွိခဲ့ပါတယ္။

တိတိက်က်ေျပာရမယ္ဆိုရင္ေတာ့ စံုစမ္းသူေတြဟာ တုိက္ခိုက္မႈနဲ႕ ေသဆံုးခ်ိန္အတုိင္းအတာကို ၇မိနစ္အထိ အက်ဥ္းခ်ံဳးေပးလိုက္ႏုိင္ပါတယ္။ အခ်က္အလက္ေတြအရ တစ္ေနရာရာကေန ထြက္လာျပီးေတာ့ ရုတ္တရက္တုိက္ခိုက္ခံလိုက္ရတဲ့အေနအထားမ်ိဳး၊ ျပင္းထန္တဲ့လႈပ္ရွားမႈေတြကို ေတြ႕ရပါတယ္။ ဒီတုိက္ခိုက္မႈဟာ အသတ္ခံရသူရဲ႕ သိစိတ္လြတ္ေနခ်ိန္မွာ တုိက္ခိုက္ခံရတာျဖစ္ႏုိင္ပါတယ္။  အဲဒီေနာက္မၾကာခင္မွာပဲ သူမရဲ႕ႏွလံုးခုန္ႏႈန္းက ရပ္သြားခဲ့ပါတယ္။

ဟုတ္ပါတယ္။ သူတို႕ဟာ အခ်ိန္အတုိင္းအတာကို သိရွိသြားခဲ့တာေၾကာင့္ လင္ပါသမီးရဲ႕ေျပာစကားေတြက အခ်ိန္အခါမညီေနတာကို သိရွိခဲ့ပါတယ္။ ျပီးေတာ့ အိမ္ကိုလူအုပ္စု၀င္ေရာက္ခဲ့တယ္ဆိုတဲ့ အေနအထားမ်ိဳးကိုလည္း သက္ေသမျပႏုိင္ခဲ့ပါဘူး။ ဒါေၾကာင့္ သူမကို သံသယရွိသူအျဖစ္နဲ႕ ထိန္းသိမ္းထားျပီး စစ္ေမးေနပါျပီ။

စိတ္၀င္စားစရာပါပဲ။ ဒါေပမယ့္လည္း ဒီျဖစ္ရပ္တစ္ခုတည္းလားဆိုေတာ့ မဟုတ္ပါဘူး။ ျပီးခဲ့တဲ့လေတြတုန္းကလည္း လူသတ္တရားခံက လူသတ္ခဲ့လားဆိုတာကို Apple Watch ေလးရဲ႕ အခ်က္အလက္ေတြကို အကူညီယူျပီးေတာ့ ေျဖရွင္းခဲ့ပါေသးတယ္။

Unicode Version

ဝါး Apple ကတော့ ဂုဏ်ယူနေတော့မှာ အသေအချာပါပဲ။ ဟုတ်ပါတယ်။ သြစတေးလျအာဏာပိုင်တွေက အလွန်တရာစက်ဆုပ်ဖွယ်ကောင်းတဲ့ လူသတ်မှုတွေအတွက် သံသယရှိသူတွေကို စစ်ဆေးတဲ့နေရာမှာ Apple Watch ကို အသုံးပြုဖို့ အမိန့်ချပေးလိုက်ပါပြီ။ အသုံးပြုပုံကတော့ နှလုံးခုန်နှုန်းကို တိုင်းတာမှာဖြစ်ပါတယ်။ ပထမဆုံးဖြစ်စဉ်ကတော့ ၂၀၁၆ခုနှစ် စက်တင်ဘာလမှာ သူမရဲ့နေအိမ်မှာသေဆုံးနေခဲ့တဲ့ အသက်၅၇နှစ်အရွယ် မာနာနယ်လ်ဆန်ရဲ့အမှု ဖြစ်ပါတယ်။

ဖြစ်ရပ်ကို စုံစမ်းတဲ့အချိန်မှာ နယ်လ်ဆန်ရဲ့ လင်ပါသမီးက အကြောင်းစုံရှင်းပြပါတယ်။ သူမဟာ လမ်းပေါ်မှာ လူတစ်စုနဲ့ရန်ဖြစ်ခဲ့ပြီးနောက် သူတို့ဟာအိမ်အထိလိုက်လာခဲ့ကြတယ်။ ဒါပေမယ့်လည်း သူမရဲ့ပြောကြားချက်နဲ့ အချိန်အခါတွေဟာ သေဆုံးသူ့ရဲ့ Apple Watch ကနေယူထားတဲ့ အချက်အလက်တွေနဲ့ မကိုက်ညီတာကိုတွေ့ရပါတယ်။ Apple Watch ရဲ့ heart rate sensor လေးက ယူထားတဲ့အချက်အလက်တွေအရ တိုက်ခိုက်မှုဘယ်အချိန်မှာဖြစ်တာလဲ၊ ဘယ်အချိန်မှာသေဆုံးသွားတာလဲဆိုတာတွေကို ရရှိခဲ့ပါတယ်။

တိတိကျကျပြောရမယ်ဆိုရင်တော့ စုံစမ်းသူတွေဟာ တိုက်ခိုက်မှုနဲ့ သေဆုံးချိန်အတိုင်းအတာကို ၇မိနစ်အထိ အကျဉ်းချုံးပေးလိုက်နိုင်ပါတယ်။ အချက်အလက်တွေအရ တစ်နေရာရာကနေ ထွက်လာပြီးတော့ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့အနေအထားမျိုး၊ ပြင်းထန်တဲ့လှုပ်ရှားမှုတွေကို တွေ့ရပါတယ်။ ဒီတိုက်ခိုက်မှုဟာ အသတ်ခံရသူရဲ့ သိစိတ်လွတ်နေချိန်မှာ တိုက်ခိုက်ခံရတာဖြစ်နိုင်ပါတယ်။ အဲဒီနောက်မကြာခင်မှာပဲ သူမရဲ့နှလုံးခုန်နှုန်းက ရပ်သွားခဲ့ပါတယ်။

ဟုတ်ပါတယ်။ သူတို့ဟာ အချိန်အတိုင်းအတာကို သိရှိသွားခဲ့တာကြောင့် လင်ပါသမီးရဲ့ပြောစကားတွေက အချိန်အခါမညီနေတာကို သိရှိခဲ့ပါတယ်။ ပြီးတော့ အိမ်ကိုလူအုပ်စုဝင်ရောက်ခဲ့တယ်ဆိုတဲ့ အနေအထားမျိုးကိုလည်း သက်သေမပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူမကို သံသယရှိသူအဖြစ်နဲ့ ထိန်းသိမ်းထားပြီး စစ်မေးနေပါပြီ။
စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့်လည်း ဒီဖြစ်ရပ်တစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လတွေတုန်းကလည်း လူသတ်တရားခံက လူသတ်ခဲ့လားဆိုတာကို Apple Watch လေးရဲ့ အချက်အလက်တွေကို အကူညီယူပြီးတော့ ဖြေရှင်းခဲ့ပါသေးတယ်။

Aung Phyo Oo (Myanmar Mobile App)