ပေါက်ကြားလာသော Moto G6 ရဲ့ ပုံရိပ်နှင့် အချက်အလက်များ

0
428

Zawgyi Version






Unicode Version

Motorola မှာ အတွင်းပိုင်းပြောင်းလဲမှုတွေကို တွေ့ရနိုင်တယ်လို့ အရင်တုန်းက ကျွန်တော်တို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ကတော့ Moto G6 ဖုန်းတွေကို launch လုပ်တော့မှာပါ။ သူတို့တွေကတော့ မကြာသေးခင်ကမှ မြင်တွေ့ခဲ့ရတဲ့ Moto Z3 Play နဲ့ Moto E5 Plus နောက်မှာ ထွက်ရှိလာတာဖြစ်ပါတယ်။ Moto G6 အတွက်ကတော့ Moto G ဗားရှင်းအသစ်တွေထွက်မယ်ဆိုတာ ဇန်နဝါရီလောက်ကတည်းက ကြားထားပါတယ်။ Moto G6 Play ရဲ့ပုံရိပ်တွေကို တော့ 360-degree video လေးနဲ့ တင်ပေးခဲ့ဖူးပါတယ်။ အသေးစိတ်အချက်အလက်တွေနဲ့ ပုံရိပ်တွေကတော့ G6 Plus အတွက် ထပ်မံထွက်ရှိလာပြန်ပါပြီ။ G6 Play ကတော့ ထိုင်ဝမ်က NCC ကို ရောက်လာမယ်လို့ ပြောထားပါတယ်။

Moto G6 စမတ်ဖုန်းတွေနဲ့ ပတ်သတ်ပြီးတော့ update တွေ ထပ်ရထားပါတယ်။ ဖုန်းတစ်လုံးချင်းစီအတွက် အသေးစိတ်အချက်အလက်တွေကိုလည်း သိရတော့မှာပါ။ အဲဒီဖုန်းတွေမှာ 18:9 display ၊ အရှေ့ဘက် LED flash ၊ လက်ဗွေစနစ်နဲ့ အနောက်ကင်မရာနှစ်လုံးပါဝင်မှာဖြစ်ကြောင်း အတည်ပြုချက်တွေ ရထားပါတယ်။ Moto G6 Play တစ်ခုတည်းကသာ လက်ဗွေစနစ်ကို အနောက်မှာတပ်ဆင်ထားပြီးတော့ အရှေ့ဘက်မှာ sensor အသုံးပြုထားတဲ့ဖုန်းတွေကတော့ Moto G6 နဲ့ G6 Plus တို့ပဲဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအရကြည့်မယ်ဆိုရင်တော့ သုံးလုံးစလုံးက အတူတူလောက်ပါပဲ။

Moto G6 ကတော့ ၅.၇လက်မ မျက်နှာပြင် ၊ 2160 x 1080 pixel resolution ၊ Full HD+ 18:9 IPS display ၊ 1.8GHz Octa-Core Snapdragon 450 processor ၊ Adreno 506 GPU, 3GB RAM ၊ 32GB or 64GB onboard storage ၊ 128GB အထိချဲ့ထွင်နိုင်တဲ့ microSD card slot ၊ လက်ဗွေစနစ်၊ 3000mAh ဘတ်ထရီ၊ Turbo Charging ၊ 12MP + 5MP အနောက်ကင်မရာ၊ LED flash ပါဝင်တဲ့ 16MP ဆယ်လ်ဖီကင်မရာ၊ standard GPS ၊ WiFi ၊ Bluetooth 4.2 ၊ 4G VoLTE တို့ ပါဝင်မှာပါ။ Android 8.0 Oreo ကိုလည်း ချက်ချင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Moto G6 Play ကတော့ ၅.၇လက်မမျက်နှာပြင် ၊ 18:9 IPS display ၊ 1440 × 720 HD+ resolution ၊ 2GB or 3GB RAM ၊ 16GB or 32GB storage ၊ LED flash ပါဝင်တဲ့ 12MP + 13MP အနောက်ကင်မရာ ၊ 5MP ဆယ်လ်ဖီကင်မရာ၊ fast charging နဲ့ 4000mAh ဘတ်ထရီတို့ကို အသုံးပြုထားပါတယ်။

Moto G6 Plus ကတော့ ပိုကြီးတဲ့ ၅.၉၃လက်မမျက်နှာပြင်၊ 2160 x 1080 pixel resolution ၊ Full HD+ 18:9 IPS display ၊ 2.2 GHz Octa-Core Snapdragon 630 processor ၊ 4GB or 6GB RAM ၊ 32GB or 64GB storage ၊ 12MP နဲ့ 5MP အနောက်ကင်မရာ၊ LED flash ပါဝင်တဲ့ 16MP အရှေ့ကင်မရာ၊ Turbo charging နဲ့ 3200mAh ဘတ်ထရီ တို့ကို တွေ့မြင်ရမှာပါ။ ဒီတစ်ခုမှာတော့ Bluetooth 5 LE ၊ GPS ၊ NFC ၊ GLONASS ၊ WiFi ၊ 4G VoLTE တို့ ပါဝင်ပြီး ဖြစ်ပါတယ်။

Aung Phyo Oo (Myanmar Mobile App)