သင္ရဲ႕သက္တမ္းဘယ္ေလာက္ရွိမလဲေျပာႏုိင္တဲ့ AI

0
478

Zawgyi Version

Neural network ကေတာ့ ေဆးစစ္ခ်က္ေတြမလုပ္ႏုိင္တာေတြကုိ လုပ္ႏုိင္လာပါတယ္။

သင့္ရဲ႕ဗီဇ ဒါမွမဟုတ္ ေသြးလည္ပတ္ႏႈန္း စတဲ့ ရုပ္ပိုင္းဆုိင္ရာအခ်က္အလက္ေတြကို အေျခခံျပီးေတာ့ သင့္ရဲ႕သက္တမ္းကို သုေတသီေတြက ခန္႕မွန္းႏုိင္ပါတယ္။ ဒါေပမယ့္လည္း လက္ေတြ႕ေတာ့အသံုးမျပဳႏုိင္ေသးပါဘူး။ ဒါဟာ shortcut တစ္ခုျဖစ္လာႏုိင္ပါတယ္။ ဒါေပမယ့္ ရုရွား သိပၸံပညာရွင္ေတြက AI အေျချပဳ အယ္ဂိုရစ္သမ္ေလးကို ဖန္တီးလိုက္ပါတယ္။ အဲဒါေလးကေတာ့ စမတ္ဖုန္းနဲ႕ စမတ္နာရီတို႕မွ အခ်က္အလက္ေတြကိုစုေဆာင္းျပီးေတာ့ အရင္ေမာ္ဒယ္လ္ေတြထက္ ပိုမိုတိက်တဲ့ သက္တမ္းကိုခန္႕မွန္းႏုိင္ပါတယ္။

convolutional neural network ကို အသံုးျပဳထားျပီးေတာ့ ဇီ၀ပိုင္းနဲ႕သက္ဆုိင္ရဲ႕pattern ေတြကို ယူအက္စ္က်န္းမာေရးစစ္တမ္းက အခ်က္အလက္ေတြနဲ႕တုိက္ဆိုက္ၾကည့္ပါတယ္။ တူညီျပီးကိုက္ညီတဲ့သက္တမ္းေတြနဲ႕ က်န္းမာေရးအေျခအေနေတြကို ယူပါတယ္။ သူဟာ လမ္းေလွ်ာက္ႏႈန္း၊ လႈပ္ရွားတဲ့အခ်ိန္၊ မလႈပ္ရွားတဲ့အခ်ိန္ေတြကိုလည္း ေလ့လာျပီးေတာ့ သင့္ရဲ႕ဘ၀အတြက္အေရးပါေနတဲ့ အိပ္ခ်ိန္၊ အားကစားလုပ္ႏႈန္းေတြကိုလည္း တုိင္းတာပါတယ္။ အဲဒီေနာက္မွာေတာ့ တစ္ပတ္လံုးအတြက္ တြက္ခ်က္မႈကို ဖုန္းကေနျပီးေတာ့ ယူပါတယ္။ Gero Lifespan ဆိုတဲ့ iPhone app ေလးကေနလည္း စမ္းသပ္ၾကည့္ႏိုင္ပါတယ္။

ဒါဟာ သင့္ရဲ႕က်န္းမာေရးနဲ႕ပတ္သတ္ျပီးေတာ့ အားလံုးမေျပာႏုိင္ပါဘူး။ စားေသာက္ပံု၊ ဗီဇနဲ႕ အျခားအေရးပါတဲ့အခ်က္ေတြ မသိရွိတဲ့အတြက္ေၾကာင့္ပါ။ mobile app နဲ႕ ေဆးခန္းကေလ့လာမႈ ႏွစ္ခုစလံုးကို အသံုးျပဳျပီးေတာ့ သင့္ေတာ္တဲ့ခန္႕မွန္းခ်က္ေတြကို ေပးႏုိင္မွာပါ။ သိပၸံပညာရွင္ေတြကလည္း တိက်တဲ့က်န္းမာေရးအႏၱရယ္ေမာ္ဒယ္လ္ေတြကို တည္ေဆာက္ျပီးေတာ့ အာမခံ ကုမၸဏီမွ အသက္အရြယ္အိုမင္းမႈကာကြယ္ေရးလုပ္ငန္းေတြအထိ ေထာက္ပံ့ေပးသြားႏုိင္ဖို႕ ရည္ရြယ္ထားပါတယ္။

Unicode Version

Neural network ကတော့ ဆေးစစ်ချက်တွေမလုပ်နိုင်တာတွေကို လုပ်နိုင်လာပါတယ်။

သင့်ရဲ့ဗီဇ ဒါမှမဟုတ် သွေးလည်ပတ်နှုန်း စတဲ့ ရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေကို အခြေခံပြီးတော့ သင့်ရဲ့သက်တမ်းကို သုတေသီတွေက ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့်လည်း လက်တွေ့တော့အသုံးမပြုနိုင်သေးပါဘူး။ ဒါဟာ shortcut တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရုရှား သိပ္ပံပညာရှင်တွေက AI အခြေပြု အယ်ဂိုရစ်သမ်လေးကို ဖန်တီးလိုက်ပါတယ်။ အဲဒါလေးကတော့ စမတ်ဖုန်းနဲ့ စမတ်နာရီတို့မှ အချက်အလက်တွေကိုစုဆောင်းပြီးတော့ အရင်မော်ဒယ်လ်တွေထက် ပိုမိုတိကျတဲ့ သက်တမ်းကိုခန့်မှန်းနိုင်ပါတယ်။

convolutional neural network ကို အသုံးပြုထားပြီးတော့ ဇီဝပိုင်းနဲ့သက်ဆိုင်ရဲ့pattern တွေကို ယူအက်စ်ကျန်းမာရေးစစ်တမ်းက အချက်အလက်တွေနဲ့တိုက်ဆိုက်ကြည့်ပါတယ်။ တူညီပြီးကိုက်ညီတဲ့သက်တမ်းတွေနဲ့ ကျန်းမာရေးအခြေအနေတွေကို ယူပါတယ်။ သူဟာ လမ်းလျှောက်နှုန်း၊ လှုပ်ရှားတဲ့အချိန်၊ မလှုပ်ရှားတဲ့အချိန်တွေကိုလည်း လေ့လာပြီးတော့ သင့်ရဲ့ဘဝအတွက်အရေးပါနေတဲ့ အိပ်ချိန်၊ အားကစားလုပ်နှုန်းတွေကိုလည်း တိုင်းတာပါတယ်။ အဲဒီနောက်မှာတော့ တစ်ပတ်လုံးအတွက် တွက်ချက်မှုကို ဖုန်းကနေပြီးတော့ ယူပါတယ်။ Gero Lifespan ဆိုတဲ့ iPhone app လေးကနေလည်း စမ်းသပ်ကြည့်နိုင်ပါတယ်။

ဒါဟာ သင့်ရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီးတော့ အားလုံးမပြောနိုင်ပါဘူး။ စားသောက်ပုံ၊ ဗီဇနဲ့ အခြားအရေးပါတဲ့အချက်တွေ မသိရှိတဲ့အတွက်ကြောင့်ပါ။ mobile app နဲ့ ဆေးခန်းကလေ့လာမှု နှစ်ခုစလုံးကို အသုံးပြုပြီးတော့ သင့်တော်တဲ့ခန့်မှန်းချက်တွေကို ပေးနိုင်မှာပါ။ သိပ္ပံပညာရှင်တွေကလည်း တိကျတဲ့ကျန်းမာရေးအန္တရယ်မော်ဒယ်လ်တွေကို တည်ဆောက်ပြီးတော့ အာမခံ ကုမ္ပဏီမှ အသက်အရွယ်အိုမင်းမှုကာကွယ်ရေးလုပ်ငန်းတွေအထိ ထောက်ပံ့ပေးသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Aung Phyo Oo (Myanmar Mobile App)