OnePlus 6 မွာ ဘာလို႕အဟုိက္ပါရသလဲ

0
530

Zawgyi Version

OnePlus flagship ဖုန္းမွာလည္း အဟုိက္ေလးနဲ႕။ ဟုတ္ပါတယ္။ တရား၀င္ပံုရိပ္ေတြ ထြက္ရွိလာပါျပီ။ OnePlus ဟာ Android ခ်စ္သူေတြအတြက္ စြဲမက္ေနၾကဆဲပါပဲ။ ဒီႏွစ္ကေတာ့ အဟုိက္ display ေတြေခတ္ပဲမလား။ ဒါေၾကာင့္ အဟုိက္ေရစီးေၾကာင္းကို သူလည္းလိုက္ပါတယ္။ သူဟာ iPhone X ကို ေကာ္ပီကူးခ်တာထက္ ဘာေတြမ်ားျခားနားေအာင္လုပ္ျပမလဲ။

အဟိုက္ၾကီးတယ္မၾကီးဘူးဆိုတာ ကုမၸဏီရဲ႕ေရြးခ်ယ္မႈတစ္ခုလို႕ ေျပာပါတယ္။ OnePlus ကလည္း အျခားေသာဖုန္းထုတ္လုပ္သူေတြလိုပဲ ဖုန္းရဲ႕ဒီဇုိင္းပိုင္းကို ေကာင္းမြန္ေအာင္လုပ္ေဆာင္ေနသူတစ္ေယာက္ပါ။ “ဘာေတြလုပ္ေနတာလဲဆုိေတာ့ notification bar တစ္ခုလံုးကို အေပၚကိုတိုးသြားေစျပီးေတာ့ screen ေပၚမွာ content ေတြကို ပိုျမင္ရေစပါတယ္။”

ဒါေပမယ့္လည္း Essential Phone နဲ႕ Sharp Aquos တို႕ေနာက္မွာထြက္ခဲ့တဲ့ ၂၀၁၇ Apple ကေတာ့ အဟုိက္ေလးကို လူၾကိဳက္မ်ားျပီးေတာ့ iPhone X ရဲ႕ဟာလို႕ ထင္ေအာင္လုပ္ႏုိင္ခဲ့ပါတယ္။ X ဟာ လူေတြအရူးအမူးျဖစ္ေစမယ့္ဒီဇိုင္းနဲ႕ ပထမဆံုးအၾကိမ္ ရုိက္ခတ္ႏုိင္ခဲ့တယ္။ ဒါဟာ iPhone ကို လံုး၀ကြဲထြက္သြားေစခဲ့ျပီးေတာ့ Apple flagship  လို႕ သိသာသြားေစခဲ့တယ္။ Android ဖန္အေတာ္မ်ားမ်ားကလည္း နည္းနည္းေတာ့ အားငယ္သြားခဲ့တယ္။ Apple က အဟုိက္ကို အပိုင္သိမ္းလိုက္သလိုျဖစ္သြားတာကိုး။ ဒါေပမယ့္ MWC မွာေတာ့ iPhone X လိုမ်ိဳး အဟုိက္ေတြကို ေတြ႕ျမင္ခဲ့ရေပမယ့္ function မဲ့ဖုန္းေတြျဖစ္လာခဲ့တယ္။ ဒါဟာ ရွက္စရာအေကာင္းဆံုးအခ်ိန္ျဖစ္ခဲ့တယ္။

OnePlus ရဲ႕အဟုိက္ကေတာ့ ျခားနားတယ္လို႕ စီအီးအို Pei က ယူဆထားပါတယ္။ ေသခ်ာေလးဂရုစိုက္ျပီးေတာ့ ဖန္တီးခဲ့တာပါ။ Essential အဟုိက္ေလးထက္ ၾကီးပါတယ္။ OnePlusက ေတာ့ အသံအရည္အေသြးကို ထိခိုက္သြားမွာစိုးတဲ့အတြက္ေၾကာင့္ ဒီထက္မေသးခဲ့တာပါ။ အဲဒီမွာ အေရွ႕ကင္မရာ ၊ earpiece ၊ proximity နဲ႕ ambient light sensors ၊ LED notification light ေတြကို ထည့္သြင္းထားတာပါ။ သူတို႕ရဲ႕အဟုိ္ကေလးကေတာ့ Essential Phone ထက္ၾကီးျပီးေတာ့ iPhone ထက္ေသးပါတယ္။ 19.616mm x 7.687mm အတိအက်ရွိပါတယ္။

Software ပိုင္းမွာကေတာ့ OnePlus ဟာ ထိပ္တန္း 1,000 Play Store app ေတြနဲ႕ ေပါင္းစပ္လုပ္ေဆာင္ထားပါတယ္။ ဒါေၾကာင့္ အဟုိက္ေလးနဲ႕ အဆင္ေျပေျပၾကည့္ႏုိင္မွာပါ။ သူ႕ရဲ႕နာရီကိုလညး္ မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္ကိုပို႕လိုက္ျပီးေတာ့ status icon ေတြ မ်ားမ်ားထည့္ႏုိင္ေအာင္ လုပ္ေပးထားပါတယ္။ iPhone X မွာတုန္းက ပံုေတြၾကည့္၊ ဗြီဒီယိုေတြၾကည့္တဲ့အခါမွာ နည္းနည္းစိတ္ရွဳပ္ရပါတယ္။ ဒါေၾကာင့္ OnePlusမွာေျဖရွင္းေပးႏုိင္လိမ့္မယ္လို႕ ေမွ်ာ္လင့္ရပါတယ္။

OnePlus ေတာ့ အဟုိက္ေလးကို သူ႕ရဲ႕ဒီဇုိင္းအတြက္ သံုးထားတယ္လို႕ မေၾကညာထားပါဘူး။ သံုးစြဲသူအတြက္ မ်က္ႏွာျပင္က်ယ္ေအာင္လုပ္ေဆာင္ေပးထားတာျဖစ္ပါတယ္။ အဟုိက္ေလးဟာ ေငြေရာင္ေလးနဲ႕ ထင္ရွားေနျပီးေတာ့ notification နဲ႕ status icon ေတြကို ေနရာဖယ္ေပးထားပါတယ္။ ေအာက္ေျခမွာေတာ့ OnePlus’ gesture interaction ေလးေၾကာင့္ Android software key ေတြကို ဖယ္ထုတ္ေပးလိုက္ပါတယ္။ အဲဒီ gesture ေတြကို လက္ရွိ OnePlus ေတြအတြက္ေတာ့ beta software မွာ ေပးထားပါတယ္။ iPhone X လိုုပါပဲ။ ေအာက္ကေနပင့္တင္လိုက္မယ္ဆိုရင္ home ကိုေရာက္သြားမွာပါ။ ေလးစားမိေပမယ့္လည္း iPhone ကို မွီျငမ္းထားတာမဟုတ္လား။

Unicode Version

OnePlus flagship ဖုန်းမှာလည်း အဟိုက်လေးနဲ့။ ဟုတ်ပါတယ်။ တရားဝင်ပုံရိပ်တွေ ထွက်ရှိလာပါပြီ။ OnePlus ဟာ Android ချစ်သူတွေအတွက် စွဲမက်နေကြဆဲပါပဲ။ ဒီနှစ်ကတော့ အဟိုက် display တွေခေတ်ပဲမလား။ ဒါကြောင့် အဟိုက်ရေစီးကြောင်းကို သူလည်းလိုက်ပါတယ်။ သူဟာ iPhone X ကို ကော်ပီကူးချတာထက် ဘာတွေများခြားနားအောင်လုပ်ပြမလဲ။

အဟိုက်ကြီးတယ်မကြီးဘူးဆိုတာ ကုမ္ပဏီရဲ့ရွေးချယ်မှုတစ်ခုလို့ ပြောပါတယ်။ OnePlus ကလည်း အခြားသောဖုန်းထုတ်လုပ်သူတွေလိုပဲ ဖုန်းရဲ့ဒီဇိုင်းပိုင်းကို ကောင်းမွန်အောင်လုပ်ဆောင်နေသူတစ်ယောက်ပါ။ “ဘာတွေလုပ်နေတာလဲဆိုတော့ notification bar တစ်ခုလုံးကို အပေါ်ကိုတိုးသွားစေပြီးတော့ screen ပေါ်မှာ content တွေကို ပိုမြင်ရစေပါတယ်။”

ဒါပေမယ့်လည်း Essential Phone နဲ့ Sharp Aquos တို့နောက်မှာထွက်ခဲ့တဲ့ ၂၀၁၇ Apple ကတော့ အဟိုက်လေးကို လူကြိုက်များပြီးတော့ iPhone X ရဲ့ဟာလို့ ထင်အောင်လုပ်နိုင်ခဲ့ပါတယ်။ X ဟာ လူတွေအရူးအမူးဖြစ်စေမယ့်ဒီဇိုင်းနဲ့ ပထမဆုံးအကြိမ် ရိုက်ခတ်နိုင်ခဲ့တယ်။ ဒါဟာ iPhone ကို လုံးဝကွဲထွက်သွားစေခဲ့ပြီးတော့ Apple flagship လို့ သိသာသွားစေခဲ့တယ်။ Android ဖန်အတော်များများကလည်း နည်းနည်းတော့ အားငယ်သွားခဲ့တယ်။ Apple က အဟိုက်ကို အပိုင်သိမ်းလိုက်သလိုဖြစ်သွားတာကိုး။ ဒါပေမယ့် MWC မှာတော့ iPhone X လိုမျိုး အဟိုက်တွေကို တွေ့မြင်ခဲ့ရပေမယ့် function မဲ့ဖုန်းတွေဖြစ်လာခဲ့တယ်။ ဒါဟာ ရှက်စရာအကောင်းဆုံးအချိန်ဖြစ်ခဲ့တယ်။

OnePlus ရဲ့အဟိုက်ကတော့ ခြားနားတယ်လို့ စီအီးအို Pei က ယူဆထားပါတယ်။ သေချာလေးဂရုစိုက်ပြီးတော့ ဖန်တီးခဲ့တာပါ။ Essential အဟိုက်လေးထက် ကြီးပါတယ်။ OnePlusက တော့ အသံအရည်အသွေးကို ထိခိုက်သွားမှာစိုးတဲ့အတွက်ကြောင့် ဒီထက်မသေးခဲ့တာပါ။ အဲဒီမှာ အရှေ့ကင်မရာ ၊ earpiece ၊ proximity နဲ့ ambient light sensors ၊ LED notification light တွေကို ထည့်သွင်းထားတာပါ။ သူတို့ရဲ့အဟိုကလေးကတော့ Essential Phone ထက်ကြီးပြီးတော့ iPhone ထက်သေးပါတယ်။ 19.616mm x 7.687mm အတိအကျရှိပါတယ်။

Software ပိုင်းမှာကတော့ OnePlus ဟာ ထိပ်တန်း 1,000 Play Store app တွေနဲ့ ပေါင်းစပ်လုပ်ဆောင်ထားပါတယ်။ ဒါကြောင့် အဟိုက်လေးနဲ့ အဆင်ပြေပြေကြည့်နိုင်မှာပါ။ သူ့ရဲ့နာရီကိုလည်း မျက်နှာပြင်ရဲ့ ဘယ်ဘက်ကိုပို့လိုက်ပြီးတော့ status icon တွေ များများထည့်နိုင်အောင် လုပ်ပေးထားပါတယ်။ iPhone X မှာတုန်းက ပုံတွေကြည့်၊ ဗွီဒီယိုတွေကြည့်တဲ့အခါမှာ နည်းနည်းစိတ်ရှုပ်ရပါတယ်။ ဒါကြောင့် OnePlusမှာဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

OnePlus တော့ အဟိုက်လေးကို သူ့ရဲ့ဒီဇိုင်းအတွက် သုံးထားတယ်လို့ မကြေညာထားပါဘူး။ သုံးစွဲသူအတွက် မျက်နှာပြင်ကျယ်အောင်လုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ အဟိုက်လေးဟာ ငွေရောင်လေးနဲ့ ထင်ရှားနေပြီးတော့ notification နဲ့ status icon တွေကို နေရာဖယ်ပေးထားပါတယ်။ အောက်ခြေမှာတော့ OnePlus’ gesture interaction လေးကြောင့် Android software key တွေကို ဖယ်ထုတ်ပေးလိုက်ပါတယ်။ အဲဒီ gesture တွေကို လက်ရှိ OnePlus တွေအတွက်တော့ beta software မှာ ပေးထားပါတယ်။ iPhone X လိုုပါပဲ။ အောက်ကနေပင့်တင်လိုက်မယ်ဆိုရင် home ကိုရောက်သွားမှာပါ။ လေးစားမိပေမယ့်လည်း iPhone ကို မှီငြမ်းထားတာမဟုတ်လား။

Aung Phyo Oo (Myanmar Mobile App)