Limited edition God of War PS4 Pro နဲ့ Kratos ရဲ့ comebackကို ကြိုဆိုမယ်

0
493

အမိုက်စားပဲ

Kratos ဆီကနေ သတင်းမကြားတာ အတော်ကြာနေပါပြီ။ အခုဆိုရင်တော့ God of War series နဲ့အတူ ပြန်လည်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပထမဆုံးသော 4K gaming experience နဲ့အတူ Norse ဒဏ္ဍာရီတွေဆီကို ခရီးသွားကြမယ်လေ။ Sony က ကူညီပေးမှာပါ။ limited edition God of War-themed PS4 Pro မှာတော့ ဂိမ်းနဲ့အတူ တွဲဖက်ထွက်ပေါ်လာမှာပါ။ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ဒီဇိုင်းအလန်းစားတွေကိုလည်း ရှိုးရမှာပါ။ ဈေးနှုန်းကတော့ ၇သိန်းကျော်နဲ့ အော်ဒါလက်ခံနေပါပြီ။